ပေါ်လီမာသုတေသနဌာနကို ၁၉၇၅ခုနှစ်တွင် ကုလသမဂ္ဂဖွံဖြိုးမှု အစီအစဉ် အကူအညီဖြင့် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့၌ တိုးချဲ့ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ၁၉၇၆ခုနှစ် မှ စတင်ပြီး သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဤသုတေသ ဌာနတွင် ပေါ်လီမာ၊ ရာဘာနှင့် ကွန်ပိုစစ်ပစ္စည်းများဆိုင်ရာ လူသုံး ကုန်ပစ္စည်းများ၏ အရည်အသွေး မြှင့်တင်နိုင်စေရန်၊ စက်ရုံအလုပ်ရုံနှင့် ပြည်သူများ၏လိုအပ်ချက်များကို ဖြည်းဆည်းပေးနိုင်ရန်နှင့် စျေးနှုန်းချိုသာသော သွင်းကုန်အစားထိုးပစ္စည်းများ ထုတ်လုပ်မှုနည်းပညာတို့ကို မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ သုတေသနလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် တက္ကသိုလ်ကောလိပ်များမှ ဘွဲ့ကြိုနှင့်ဘွဲ့လွန် သင်တန်းသားများအား သုတေသန ဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးလျှက်ရှိပါသည်။
မျှော်မှန်းချက်
ပေါ်လီမာသုတေသနဌာနသည် သစ်တောထွက်ပစ္စည်းများနှင့် ရေနံဓာတ်ငွေ့ထွက်ပစ္စည်းများကို အသုံးပြုပြီး စက်မှုလုပ်ငန်းသုံးနှင့် လူသုံးကုန် ပေါ်လီမာနှင့် ပလတ်စတစ်ပစ္စည်းများကို အဆင့်မြင့်နည်းပညာများဖြင့် စမ်းသပ်ထုတ်လုပ်သည့် နိုင်ငံ့အကျိုးပြုသုတေန လုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။ သုတေသနနှင့်ဆန်းသစ်တီထွင်မှုများ တိုးမြှင့်ပြုလုပ် ခြင်းဖြင့် ပြည်သူများ၏လူမှုစီးပွား မြှင့်တင်နိုင်ရန် ဖြစ်ပါသည်။
ရည်ရွယ်ချက်
သုတေသနလုပ်ငန်းနယ်ပယ်များ
၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းဆောင်ရွက်ပြီးစီးခဲ့သောသုတေသနလုပ်ငန်းများ
၁။ ဇင့်အောက်ဆိုဒ်နှင့် ပေါ်လီအန်နလင်း နာနိုကွန်ပိုစစ် အခြေခံသော လျှပ်စစ်ဓာတု စိုထိုင်းမှုတိုင်းပစ္စည်း တည်ဆောက်ခြင်း
၂။ သဘာဝသစ်တောထွက်ဝါးများမှ သဘာဝ ပေါ်လီမာဝါးအမျှင်များ စမ်းသပ်ထုတ်လုပ်ခြင်း
၃။ သစ်အလေအလွင့်နှင့် ဝါးအလေအလွင့်ပစ္စည်းများမှတန်ဖိုးမြင့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်ခြင်း
၄။ စွန့်ပစ်ပလတ်စတစ်များမှ Wood Plastic Composite စမ်းသပ်ထုတ်လုပ်ခြင်း သုတေသန
၅။ စွန့်ပစ်လျှင်ဆွေးမြေ့နိုင်သည့် အစားအစာထုတ်ပိုးသည့်ပစ္စည်းများ ထုတ်လုပ်သည့်သုတေသန
၆။ သဘာဝအမျှင်များ အားဖြည့်ထားသော CLC ဖြင့် ချပ်ကာပြားများ စမ်းသပ်ထုတ်လုပ်ခြင်း
သုတေသနလုပ်ငန်း
ရ။ အုန်းသားမျှင်မှ လူသုံးကုန်ပစ္စည်းများ စမ်းသပ်ထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း
၈။ စိုက်ပျိုးရေးလုပ်ငန်း များတွင် အသုံးပြုနိုင် သည့် အုန်းဆံမြေဆွေး တုံးများ (Cocopeat Block)များ
စမ်းသပ် ပြုလုပ်ခြင်း သုတေသန
၉။ သဘာဝအမျှင်အားဖြည့်ထားသော မီးလောင်ခံနိုင်သည့် ကွန်ပို့စစ်ချပ်ပြားများ ပြုလုပ်ခြင်း
ပြပွဲများတွင်ပူးပေါင်းပါဝင်ပြသခြင်း
ဆက်သွယ်ရန်
ဒေါက်တာသင်းသင်းလှိုင်
ဒုတိယညွှန်ကြားရေးမှူး
ပေါ်လီမာသုတေသနဌာန
ဓာတုနည်းပညာသုတေသနဗဟိုဌာန
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန
အမှတ်(၆)၊ကမ္ဘာအေးဘုရားလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။
email:thinpa@gmail.com
ဖုန်းနံပါတ် + ၉၅-၉-၂၅၆၂၅၀၀၇၄ ၊ +၉၅-၁-၆၆၆၉၂၀
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်