logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဓာတုနည်းပညာသုတေသနဗဟိုဌာနသည် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ နည်းပညာ လွှဲပြောင်းခြင်းများနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများစသည့် လုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဓာတုနည်းပညာသုတေသနဗဟိုဌာန၏ အဓိက အသုံးချသုတေသနအစုအဖွဲ့များမှာ အစားအစာနည်းပညာ၊ ပရဆေးနည်းပညာ၊ ပေါ်လီမာနည်းပညာ၊ နာနိုနည်းပညာနှင့် အသုံးချဓာတုဗေဒဆိုင်ရာနယ်ပယ်များဖြစ်ပါသည်။ ဓာတုနည်းပညာသုတေသနဗဟိုဌာနသည်  တိုင်းပြည်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်း၍ စာချုပ်စာတမ်းဖြင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်းအပြင် အခြားသောနည်းလမ်းများဖြင့် ၎င်း၏ မိတ်ဖက်များဖြစ်သော အစိုးရဌာနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဌာနဖွဲ့စည်းပုံ

မျှော်မှန်းချက်

ဓာတုနည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် ပုဂ္ဂလိကကဏ္ဍအတွက် အဓိက မိတ်ဖက်ဖြစ်ရန်

ရည်မှန်းချက်များ

  • အမျိုးသားလူမှုစီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို တိုးတက်လာစေရန်နှင့် စက်မှုလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် သုတေသနပြုရန်
  • ရေရှည်တည်တံ့ခိုင်မြဲသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အချင်း ပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်သော သိပ္ပံပညာရှင်များနှင့် သုတေသီများကို ပြုစုပျိုးထောင်ရန်
  • စီးပွားဖြစ်ထုတ်လုပ်နိုင်ရန်အတွက် သုတေသနရလဒ်များကို နည်းပညာ လွှဲပြောင်းပေးခြင်း၊  နည်းပညာဆိုင်ရာသတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် အကြံဉာဏ်ပေးခြင်းများကို ဆောင်ရွက်ရန်
  • ဒေသတွင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ တက္ကသိုလ်များ၊ သုတေသနစင်တာများနှင့် စက်မှုလုပ်ငန်းများအကြား ပူးပေါင်းမှုနှင့် ညှိနှိုင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရန်နှင့် တိုးမြှင့်ရန်

 

သုတေသနဌာနများ

ဝန်ဆောင်မှုလုပ်ငန်းများ

  •  နည်းပညာဖြန့်ဝေခြင်းနှင့်နည်းပညာလွှဲပြောင်းခြင်း
  •  ဓာတ်ခွဲဝန်ဆောင်မှုပေးခြင်း
  •  နည်းပညာအကြံပေးခြင်း