တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် Beijing Institute of Radio Measurement (BIRM) နှင့်အတူ တရုတ်-မြန်မာ ပူးတွဲသုတေသနဓာတ်ခွဲခန်းများတည်ထောင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၁၅ခုနှစ် မေလ (၁၈) ရက်တွင်လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ခဲ့ရာ Satellite Ground Station Platform Laboratory, Microelectronic Platform Laboratory နှင့် Radar Platform Laboratory များကို အောင်မြင်စွာတည်ထောင်ခဲ့ပြီးဖြစ်ပါသည်။ ပူးတွဲသုတေသနဓာတ်ခွဲခန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ (၂၃)ရက်တွင် ကျင်းပနိုင်ခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့်X-band phased array weather radar ပူးတွဲသုတေသနစီမံကိန်းကို Beijing Institute of Radio Measurement (BIRM) နှင့်အတူဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို ၂၀၁၈ခုနှစ် ဇူလိုင်လ (၃၀)ရက်တွင် ထပ်မံလက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းတွင် မြန်မာဖက်မှ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် ကွန်ပြူတာတက္ကသိုလ်(ရန်ကုန်) တို့ပါ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်