သင်တန်းဖွင့်လှစ်မှု
အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Beijing Institute of Radio Measurement (BIRM)နှင့်ပူးပေါင်း၍ ပြည်တွင်း/ပြည်ပသင်တန်းများ ကျင်းပခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သင်တန်း (၅) ကြိမ် ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဉီးစီးဌာနအောက်ရှိ ဝန်ထမ်းများ၊ သုတေသီများသာမက နည်းပညာတက္ကသိုလ်များမှ ဆရာ/ဆရာမများ နှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများမှဝန်ထမ်းများပါ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ဗဟုသုတမျှဝေခြင်းပွဲများ ကျင်းပခြင်း
အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် ဝန်ကြီးဌာများ၊ အာဆီယံနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဦးစီးကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ စသည်တို့တွင် ပါဝင် တက်ရောက် ဆွေးနွေး ခဲ့ပါသည်။
တက္ကသိုလ်ကျောင်းသား/သူများ၏ Internship နှင့် Field Trip များ လက်ခံပေးခြင်း
အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် ၂၀၁၇ ခုနှစ်မှ ယနေ့အထိ နည်းပညာတက္ကသိုလ် (၁၀)ခုမှ ကျောင်းသား/သူပေါင်း (၇၂၀)ဦးကို Internship နှင့် Field Trip များအတွက် လက်ခံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ Internship ဦးရေစုစုပေါင်းမှာ (၁၈၉)ဦး ဖြစ်ပြီး Field Trip ဦးရေစုစုပေါင်းမှာ (၅၃၁)ဦးဖြစ်ပါသည်။
စက်မှုလုပ်ငန်းများ၏ နည်းပညာ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း
အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် Keysight Technologies ကုမ္ပဏီ၊Tekmark Pte. Ltd၊ Fanuc ကုမ္ပဏီ၊ LinkWise ကုမ္ပဏီ တို့နှင့် တွဲဖက်၍ နည်းပညာမျှဝေမှု နှီးနှောဖလှယ်ပွဲများ ကျင်းပခဲ့ပြီးဖြစ်ပါသည်။
ဆရာများအတွက် ပညာရပ်ဆိုင်ရာ မွမ်းမံမှုသင်တန်းများ ကျင်းပပေးခြင်း
အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် နည်းပညာတက္ကသိုလ်(သန်လျင်)၌ ကျင်းပသော သုတနည်းပညာဘာသာရပ် (၃)ခုအတွက် refresher course ပို့ချပေးခြင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလနှင့် ဇူလိုင်လတို့တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မအူပင်)တို့ရှိ အီလက်ထရောနစ်အင်ဂျင်နီယာဌာနအသီးသီး၌ ကျင်းပသော ရေဒါနှင့် မိုက်ခရိုအီလက်ထရောနစ် နည်းပညာသင်တန်းများကို ပို့ချပေးခဲ့ပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်