logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ
၁။    ပြန်ပြည့်မြဲစွမ်းအင်သုတေသနဌာနသည် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် Renewable Energy ကာလတို သင်တန်းများအား အောက်ဖော်ပြပါ ကဏ္ဍများအလိုက် သင်တန်း (၅)ခုဖြင့် နှစ်စဉ် ပုံမှန်ဖွင့် လှစ်သင်ကြား ပို့ချလျက်ရှိပါသည်-
(က) နေရောင်ခြည်စွမ်းအင် (Solar Energy) ဆိုင်ရာလက်တွေ့အသုံးချ Design တည်ဆောက်ခြင်းသင်တန်း
(ခ)     လေစွမ်းအင် (Wind Energy) ဆိုင်ရာလက်တွေ့အသုံးချ တည်ဆောက်ခြင်း သင်တန်း
(ဂ)    ရေအားလျှပ်စစ်(Hydropower)ဆိုင်ရာလက်တွေ့ အသုံးချတည်ဆောက်ခြင်း သင်တန်း    
(ဃ)    စပါးခွံလောင်စာသုံးဓါတ်ငွေ့ထုတ်စက် (Gasifier)ဆိုင်ရာ လက်တွေ့အသုံးချ တည်ဆောက် ခြင်းသင်တန်း
(င)    ဇီ၀ဓါတ်ငွေ့(Biogas)ဆိုင်ရာလက်တွေ့အသုံးချတည်ဆောက်ခြင်းသင်တန်း

၂။     ပြန်ပြည့်မြဲစွမ်းအင်သင်တန်းများကို ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ-
(က)     ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ နည်းပညာဗဟုသုတများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရန်
(ခ)     ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် စာတွေ့လက်တွေ့ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန်
(ဂ)     နိုင်ငံတော်၏ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများတွင် နည်းပညာအထောက်အပံ့များပေးနိုင်ရန်

၃။    ဇယား (၁) ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ခဲ့မှုများ

စဉ်

သင်တန်း အမှတ်စဉ်

သင်တန်းအမျိုးအစား

ဘဏ္ဍာ ရေးနှစ်

မှတ်ချက်

Biogas

Gasifies

Hydro

Solar

Wind

၁။

အမှတ်စဉ်(၉)

-

၁၃

-

၂၀၁၆-၁၇

 

၂။

အမှတ်စဉ်(၁၀)

-

၂၀၁၆-၁၇

 

၃။

အမှတ်စဉ်(၁၁)

၁၄

-

၂၀၁၆-၁၇

 

၄။

အမှတ်စဉ်(၁၂)

-

၁၂

၂၀၁၆-၁၇

 

၅။

အမှတ်စဉ်(၁၃)

-

-

၁၈

၂၀၁၇-၁၈

 

၆။

အမှတ်စဉ်(၁၄)

-

၂၁

၂၀၁၇-၁၈

 

၇။

အမှတ်စဉ်(၁၅)

-

၃၉

၂၀၁၇-၁၈

 

၈။

အမှတ်စဉ်(၁၆)

၁၂

၁၀

၂၀၁၇-၁၈

 

၉။

အမှတ်စဉ်(၁၇)

၃၄

၁၀

၂၀၁၈

 

၁၀။

အမှတ်စဉ်(၁၈)

-

-

၁၂

၂၀၁၈

 

၁၁။

အမှတ်စဉ်(၁၉)

-

-

၁၇

၂၀၁၉

 

၁၂။

အမှတ်စဉ်(၂၀)

-

-

၁၂

-

၂၀၁၉

 

၁၃။

အမှတ်စဉ်(၂၁)

၄၂

၂၀၂၀

 

 

 


 

ပုံ (၁) နှစ်အလိုက် သင်တန်းသားတက်ရောက်မှုအခြေပြပုံ

ပုံ(၂) သင်တန်းသားတစ်ဦးအား သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်နေပုံ


 
ပုံ(၃) ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာလက်တွေ့အသုံးချကာလတိုသင်တန်း မှတ်တမ်းဓါတ်ပုံများ


 
ပုံ(၄)ပြန်ပြည့်မြဲစွမ်အင်လက်တွေ့အသုံးချသင်တန်းတက်ရောက်သင်ကြားနေပုံ


ပုံ(၅)သင်တန်းသားများလက်တွေ့ပြုလုပ်နေပုံ


 
ပုံ(၆)သင်တန်းသားများလက်တွေ့ပြုလုပ်နေပုံ
 


ပုံ (၇)ဇီဝဓါတ်ငွေ့ကန်တည်ဆောက်နေပုံ

Industrial Training/ Internship ကျောင်းသား/ကျောင်းသူများစာရင်း
၄။    သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှလည်းနှစ်စဉ်Internship ကျောင်သား/သူများ လက်ခံ၍ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ နည်းပညာနှင့်လက်တွေ့အသုံးချမှုများကို သင်ကြားပို့ချ လျက်ရှိပါသည်။ ပြီးခဲ့သော (၂)နှစ်တာ ကာလအတွင် နည်းပညာတက္ကသိုလ်များမှ Internship ကျောင်သား/သူများပေါင်းဦးရေ (၁၈၂)ဦးအား ပို့ချပေးနိုင်ခဲ့ပါသည်။

 
ပုံ(၈) ၂၀၁၈ခုနှစ် လက်တွေ့ကွင်းဆင်းလေ့လာသော နည်းပညာကောလိပ်/တက္ကသိုလ်များမှ ကျောင်းသား/ ကျောင်းသူများအခြေပြဇယား

 
ပုံ(၉) လက်တွေ့ကွင်းဆင်းလေ့လာသော နည်းပညာကောလိပ်/တက္ကသိုလ်များမှ
ကျောင်းသား/ ကျောင်းသူများ၏ မှတ်တမ်းဓာတ်ပုံ