logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

The Department of Research and Innovation's Renewable Energy and Electronic Technology Research Center is home to the Electronic Technology Research Department. It was established on April 1st, 2015. The department is structurally made up of six divisions, three of which were created since it was founded. These divisions consist of the Signal Processing Technology Research Division, the Communication Technology Research Division, and the Electronic Embedded System Technology Research Division. The department has successfully established the Satellite Ground Station Platform Laboratory, Microelectronic Platform Laboratory, and Radar Platform Laboratory in cooperation with the Beijing Institute of Radio Measurement (BIRM), with the support of the Ministry of Science and Technology of the People's Republic of China.

အီလက်ထရောနစ်မြှုပ်နှံစနစ်နည်းပညာသုတေသနဌာနခွဲ

 

အီလက်ထရောနစ်မြှုပ်နှံစနစ်နည်းပညာသုတေသနဌာနခွဲသည် အသုံးချနယ်ပယ်အလိုက် လိုအပ်သည့် sensors များ၊ accurators များ၊ အခြားအထောက်အကူပြု ပစ္စည်းများကို microcontroller များ၊ DSP processor များ၊ FPGA များနှင့် ချိတ်ဆက်ကာ တွက်ချက်ဖြေရှင်းဆောင်ရွက်ပေးနိုင်သော စနစ်များအား ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောင်ခြင်း ဆိုင်ရာ သုတေသနများကို ဆောင်ရွက်ပါသည်။ Internet of Things (IoT) နည်းပညာနှင့် embedded AI နည်းပညာ ဆိုင်ရာ သုတေသနများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ဌာနခွဲအနေဖြင့်  BIRM နှင့် ပူးတွဲထူထောင်ခဲ့သည့် Microelectronic Platform Laboratory ကို စီမံထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲတွင် သုတေသနလုပ်ငန်းသုံးပစ္စည်းများအဖြစ် FPGA boards များ၊ microcontroller development boards များ၊ computer များ၊ oscilloscope များ၊ variable power supply များ၊ high precision digital meter များ၊ function generator များ စသည်တို့ကို အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။


အချက်ပြပြောင်းလဲဖြစ်စဉ် နည်းပညာသုတေသနဌာနခွဲ

            အချက်ပြပြောင်းလဲဖြစ်စဉ်နည်းပညာသုတေသနဌာနခွဲသည် sensors အမျိုးမျိုးမှ တိုင်းတာရရှိသော signal များမှ noise များ ဖယ်ရှားခြင်း သိုမဟုတ် လျော့ချခြင်း၊ တိုင်းတာရရှိသော signal ၏ အရည်အသွေးကို ပိုမိုကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊ signal မှ တိုင်းတာမှုအချက်အလက်များ တွက်ချက်ရယူခြင်း စသည်တို့ကို ဆောင်ရွက်ပါသည်။ ထို့အပြင် တိုင်းတာထားသော အချက်အလက်များကို အခြေခံ၍ ပိုမိုအဓိပ္ပာယ်ပြည့်စုံသော သတင်းအချက်အလက်အဖြစ် သုံးသပ်ထုတ်ယူနိုင်သည့် data science ဆိုင်ရာနည်းပညာများကိုလည်း သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။

            ဌာနခွဲအနေဖြင့် BIRM နှင့် ပူးတွဲထူထောင်ခဲ့သည့် Radar Platform Laboratory ကို စီမံထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ BIRM နှင့် ပူးတွဲသုတေသနဆောင်ရွက်မှုများအနေဖြင့် radar အတွက် signal processing နှင့် data processing ဆိုင်ရာ သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲတွင် သုတေသနလုပ်ငန်းသုံးပစ္စည်းများ အဖြစ် spectrum analyzer၊ computer များနှင့် simulator software များ၊ oscilloscope များ၊ X-band surveillance radar တစ်လုံး၊ C-band target tracking mono-pulse radar (lab scale)တစ်စုံ စသည်တို့ကို အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။


ဆက်သွယ်ရေးနည်းပညာသုတေသနဌာနခွဲ

            ဆက်သွယ်ရေးနည်းပညာသုတေသနဌာနခွဲသည် channel estimation ပြုလုပ်ခြင်း၊ link budget တွက်ချက် ခြင်း၊ microwave signal များ၏ frequency, power, attenuation စသည်တို့ကို တိုင်းတာခြင်း နှင့် software defined radio ဆိုင်ရာ နည်းပညာများကို သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။

ဌာနခွဲအနေဖြင့် BIRM နှင့် ပူးတွဲထူထောင်ခဲ့သည့် Satellite Ground Station Platform Laboratory ကို စီမံထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲတွင် သုတေသနလုပ်ငန်းသုံးပစ္စည်းများ အဖြစ် handheld spectrum analyzer၊ C-band satellite ground station နှစ်စုံ၊ satellite test loop translator နှစ်စုံနှင့် National Instrument (NI) ၏ PXI စက်နှင့် LabView software စသည်တို့ကို အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။


ဆက်လက်တည်ထောင်မည့် သုတေသနဌာနခွဲများ

ဌာနအနေဖြင့်ဆက်လက်တည်ထောင်သွားမည့်သုတေသနဌာနခွဲများမှာ စက်ရုံထိမ်းချုပ်ရေးနှင့်အလိုအလျှောက် မောင်းနှင်ခြင်း နည်းပညာသုတေသနဌာနခွဲ၊ မိုက်ခရိုအီလက်ထရောနစ်ပုံစံပြုခြင်းနှင့် ထုတ်လုပ်ခြင်း နည်းပညာ သုတေသနဌာနခွဲ နှင့် အလင်းအီလက်ထရောနစ်နည်းပညာသုတေသနဌာနခွဲတို့ဖြစ်ပါသည်။