logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ပြည်ပပူးပေါင်းဆောက်ရွက်မှုများ eng


-    ဝါးအသုံးချမှု၊ ဈေးကွက် အလားအလာနှင့် ဝါးစက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲစီမံကိန်း (မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၁၈))
-    အစားအသောက်ထုတ်ကုန်များ၏ တန်ဖိုးနှင့်ထုတ်လုပ်ခြင်းများအား မြှင့်တင်ရေး အတွက် လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံချင်းချင်း ဖလှယ်ခြင်းအစီအစဉ် စီမံကိန်း(မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၀))
-    မဲခေါင်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်သီးဝလံများမှ ထုတ်ကုန်ပြုလုပ်ခြင်း အသေးစိတ်နည်းစဉ်များအား လေ့လာစမ်းသပ်ခြင်း လုပ်ငန်း စီမံကိန်း(မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၁))
-    မဲခေါင်ဒေသရှိ ဝါးဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာစဉ်ဆက်မပြတ် ဖွံဖြိုး တိုးတက်မှုသင်တန်း စီမံကိန်း((မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၀))
-    မဲခေါင်-လန်ချန်းဒေသရှိစွန့်ဉီးတီထွင်စီးပွါးရေးဂေဟစနစ် ဖွံ့ဖြိုးမှုအတွက်  နည်းပညာလွှဲပြောင်းမှု လျှင်မြန်စေရေးဌာန တည်ထောင်ခြင်း လုပ်ငန်း စီမံကိန်း(မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၁))
-    သုတေသနနှင့် တီထွင်ဆန်းသစ်မှုဌာန (DRI)၊ ကန်ဆိုင်းတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM) တို့ ပူးပေါင်းကျင်းပသည့် ဇီဝစီးပွားရေးဆိုင်ရာ နိုင်ငံတကာပထမအကြိမ်ညီလာခံကို၁၂.၁၂.၂၀၁၈ရက်နေ့တွင်သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီး
ဌာန၊ရန်ကုန်မြို့တွင်ကျင်းပခဲ့၍ဒုတိယအကြိမ်ညီလာခံကို၁၂.၁၂.၂၀၁၉မှ၁၄.၁၂.၂၀၁၉ရက်နေ့အထိရန်
ကုန်တက္ကသိုလ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။