အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲ စွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာနအောက်ရှိ သုတေသနဌာနတစ်ခုဖြစ်ပါသည်။ ဌာနကို ၂၀၁၅ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ ဌာနတွင် ဖွဲ့စည်းပုံအရ ဌာနခွဲ (၆)ခု ပါရှိပြီး စတင်တည်ထောင် ချိန်မှ ယနေ့အထိ ဌာနခွဲ (၃)ခုကို တည်ထောင်ပြီးဖြစ်ပါသည်။ တည်ထောင်ထားပြီးသော ဌာနခွဲများမှာ အီလက်ထရောနစ် မြှုပ်နှံစနစ်နည်းပညာသုတေသနဌာနခွဲ၊ အချက်ပြပြောင်းလဲဖြစ်စဉ်နည်းပညာသုတေသနဌာနခွဲနှင့် ဆက်သွယ်ရေး နည်းပညာသုတေသနဌာနခွဲတို့ ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် Beijing Institute of Radio Measurement (BIRM) နှင့်အတူ Satellite Ground Station Platform Laboratory, Microelectronic Platform Laboratory နှင့် Radar Platform Laboratory များကို အောင်မြင်စွာတည်ထောင်ခဲ့ပြီးဖြစ်ပါသည်။
အီလက်ထရောနစ်မြှုပ်နှံစနစ်နည်းပညာသုတေသနဌာနခွဲသည် အသုံးချနယ်ပယ်အလိုက် လိုအပ်သည့် sensors များ၊ accurators များ၊ အခြားအထောက်အကူပြု ပစ္စည်းများကို microcontroller များ၊ DSP processor များ၊ FPGA များနှင့် ချိတ်ဆက်ကာ တွက်ချက်ဖြေရှင်းဆောင်ရွက်ပေးနိုင်သော စနစ်များအား ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောင်ခြင်း ဆိုင်ရာ သုတေသနများကို ဆောင်ရွက်ပါသည်။ Internet of Things (IoT) နည်းပညာနှင့် embedded AI နည်းပညာ ဆိုင်ရာ သုတေသနများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
ဌာနခွဲအနေဖြင့် BIRM နှင့် ပူးတွဲထူထောင်ခဲ့သည့် Microelectronic Platform Laboratory ကို စီမံထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲတွင် သုတေသနလုပ်ငန်းသုံးပစ္စည်းများအဖြစ် FPGA boards များ၊ microcontroller development boards များ၊ computer များ၊ oscilloscope များ၊ variable power supply များ၊ high precision digital meter များ၊ function generator များ စသည်တို့ကို အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။
အချက်ပြပြောင်းလဲဖြစ်စဉ်နည်းပညာသုတေသနဌာနခွဲသည် sensors အမျိုးမျိုးမှ တိုင်းတာရရှိသော signal များမှ noise များ ဖယ်ရှားခြင်း သိုမဟုတ် လျော့ချခြင်း၊ တိုင်းတာရရှိသော signal ၏ အရည်အသွေးကို ပိုမိုကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊ signal မှ တိုင်းတာမှုအချက်အလက်များ တွက်ချက်ရယူခြင်း စသည်တို့ကို ဆောင်ရွက်ပါသည်။ ထို့အပြင် တိုင်းတာထားသော အချက်အလက်များကို အခြေခံ၍ ပိုမိုအဓိပ္ပာယ်ပြည့်စုံသော သတင်းအချက်အလက်အဖြစ် သုံးသပ်ထုတ်ယူနိုင်သည့် data science ဆိုင်ရာနည်းပညာများကိုလည်း သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။
ဌာနခွဲအနေဖြင့် BIRM နှင့် ပူးတွဲထူထောင်ခဲ့သည့် Radar Platform Laboratory ကို စီမံထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ BIRM နှင့် ပူးတွဲသုတေသနဆောင်ရွက်မှုများအနေဖြင့် radar အတွက် signal processing နှင့် data processing ဆိုင်ရာ သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲတွင် သုတေသနလုပ်ငန်းသုံးပစ္စည်းများ အဖြစ် spectrum analyzer၊ computer များနှင့် simulator software များ၊ oscilloscope များ၊ X-band surveillance radar တစ်လုံး၊ C-band target tracking mono-pulse radar (lab scale)တစ်စုံ စသည်တို့ကို အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။
ဆက်သွယ်ရေးနည်းပညာသုတေသနဌာနခွဲသည် channel estimation ပြုလုပ်ခြင်း၊ link budget တွက်ချက် ခြင်း၊ microwave signal များ၏ frequency, power, attenuation စသည်တို့ကို တိုင်းတာခြင်း နှင့် software defined radio ဆိုင်ရာ နည်းပညာများကို သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။
ဌာနခွဲအနေဖြင့် BIRM နှင့် ပူးတွဲထူထောင်ခဲ့သည့် Satellite Ground Station Platform Laboratory ကို စီမံထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲတွင် သုတေသနလုပ်ငန်းသုံးပစ္စည်းများ အဖြစ် handheld spectrum analyzer၊ C-band satellite ground station နှစ်စုံ၊ satellite test loop translator နှစ်စုံနှင့် National Instrument (NI) ၏ PXI စက်နှင့် LabView software စသည်တို့ကို အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။
ဌာနအနေဖြင့်ဆက်လက်တည်ထောင်သွားမည့်သုတေသနဌာနခွဲများမှာ စက်ရုံထိမ်းချုပ်ရေးနှင့်အလိုအလျှောက် မောင်းနှင်ခြင်း နည်းပညာသုတေသနဌာနခွဲ၊ မိုက်ခရိုအီလက်ထရောနစ်ပုံစံပြုခြင်းနှင့် ထုတ်လုပ်ခြင်း နည်းပညာ သုတေသနဌာနခွဲ နှင့် အလင်းအီလက်ထရောနစ်နည်းပညာသုတေသနဌာနခွဲတို့ဖြစ်ပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်