logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ပြန်ပြည့်မြဲစွမ်းအင် နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၏"နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့

အသုံးချသင်တန်း" သင်တန်းဆင်းလက်မှတ်ပေးပွဲအခမ်းအနားကို ၁-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီ တွင်  PA System ခန်းမတွင် ကျင်းပခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းသား/သင်တန်းသူများမှ ကျေးဇူးတင် စကားပြောကြားခဲ့ပြီး တက်ရောက်လာသော ဆရာကြီး၊ ဆရာမကြီးများ၊ သင်တန်းသား/သင်တန်းသူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး သင်တန်းဆင်းလက်မှတ်ပေးပွဲ အခမ်းအနားကို ၁၁း၃၀ နာရီတွင် အောင်မြင်  ပြီးမြောက်ခဲ့ပါသည်။