logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

Boarding of Advisors (BAC) to ASEAN Committee on Science , Technology of Innovation (COSTI) အထူးအစည်းအဝေးကို ဧပြီလ ၂၀ ရက် နံနက် (၈:၃၀ မှ ၁၁:၃၀ နာရီ)တွင် virtual ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာဖြူဖြူဝင်း(ညွှန်ကြားရေးမှူးချုပ်)သည် Boarding of Advisors to COSTI ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာဇော်မင်းနိုင်(ဒုတိယညွှန်ကြားရေးမှူးချုပ်) သည် Member of Sub-committee on Sustainable Energy Research (SCSER) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာထွန်းထွန်းမိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်) သည် Member of Sub-committee on Material Science and Technology (SCMST) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာသဇင်ဟန်(ညွှန်ကြားရေးမှူး) သည် Chair of Sub-committee on Science  & Technology Infrastructure and Resources Development (SCIRD) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာကျော်စိုးလွင် (ညွှန်ကြားရေးမှူး) သည် Experts Group on Metrology (EGM) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာကေသွယ်ခိုင်(ဒုတိယညွှန်ကြားရေးမှူး)  Member of Sub-committee on Science  & Technology Infrastructure and Resources Development (SCIRD) ကိုယ်စားပြုအဖြစ် လည်းကောင်း  တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ BAC members များ၊ COSTI sub-committees (၉) ခုမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် ဉက္ကဌအဖြစ် ဘရူးနိုင်းနိုင်ငံမှ BAC ကိုယ်စားလှယ်ဖြစ်သူမှ ဆောင်ရွက်ပြီး၊ sub-committees ဉက္ကဌများမှ ၎င်းတို့ကော်မတီအသီးသီး၏ လက်ရှိဆောင်ရွက် နေမှုများ ထပ်မံဆောင်ရွက်ရန်ရှိသည်တို့အား BAC ထံတင်ပြကြပြီး၊ အာဆီယံ BAC အဖွဲ့ဝင်များမှ အကြံဉာဏ်များပေးခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။ အာဆီယံနိုင်ငံတွင်း သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သော ASEAN Plan of Action on Science, Technology and Innovation (APASTI 2016-2025) အားတိုးတက်မှုရှိစေရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်နှင့် လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအခြေအနေများ အား သုံးသပ်ခြင်းနှင့် ရှေ့ဆက်ရမည့် APASTI 2026-2035 တို့အတွက် စီမံကိန်းများ၊ ပရိုဂရမ်များ၊ လုပ်ငန်းများ လျှာထားရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာသဇင်ဟန်(ညွှန်ကြားရေးမှူး) သည် Chair of Sub-committee on Science  & Technology Infrastructure and Resources Development (SCIRD) အဖြစ်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။