logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဓာတ်ခွဲခန်းများအား ISO/IEC 17025 အသိအမှတ်ပြုလွှာပေးအပ်ခြင်း

1 month ago
အသိအမှတ်ပြုဌာနခွဲ(မြန်မာအသိအမှတ်ပြုအဖွဲ့)သည် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေး အဖွဲ့များ ဖြစ်သော စမ်းသပ်စစ်ဆေးသည့်ဓာတ်ခွဲခန်းများ ၊ စံဖြင့်တိုက်ကြည့်စစ်ဆေးသည့် ဓာတ်ခွဲခန်းများ၊ အရည်အသွေးစုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့များအား အရည်အသွေးပြည့်ဝ၍ ကျွမ်းကျင်မှုရှိကြောင်းကို အသိအမှတ်ပြုပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းရှိ စမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းများအား ISO/IEC 17025 နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာမှအသိအမ...

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အမျိုးသားဓာတ်ခွဲခန်းသို့ Hinthar Education မှ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာခြင်း အစီအစဉ်

1 month ago
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ အမျိုးသားဓာတ်ခွဲခန်းသို့ Hinthar Education မှ ဆရာမ ဒေါက်တာဖြူဖြူမြင့် ဦးဆောင်သော ကျောင်းသား/ကျောင်းသူ (၂၀)ဦးတို့သည် (၂၀-၂-၂၀၂၄) ရက်နေ့ နံနက် (၁၀)နာရီမှ နံနက်(၁၁း၃၀)နာရီတွင် လာရောက်လေ့လာခဲ့ကြပါသည်။ အစီအစဉ်အရ Hinthar Education မှ ကျောင်းသား/ကျောင်းသူများအား ကြိုဆိုနှုတ်ဆက် ခြင်း အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားဓာတ်ခွဲခန်း ဌာနကြီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုး အမျိူးသား...

Launching Ceremony of “Project on Strengthening National Quality Infrastructure and Implementation of National Certification Body for Certifying Products, Processes and Services and Stakeholders Engagement Forum on Standards and Quality for Trade Facilitation and Industry Development”

1 month ago
Launching Ceremony of Project on Strengthening National Quality Infrastructure and Implementation of National Certification Body for Certifying Products, Processes and Services and Stakeholders Engagement Forum on Standards and Quality for Trade Facilitation and Industry Development was held on 15 February 2024 at Mercure Hotel, Yangon. Ministry of Science and Technology, Union Minister H.E. Dr. Myo Thein Kyaw was attended and delivered the opening speech, Embassy of the People’s Republic of China, Counselor Ms. Qiao Li told that the project will be very important for Belt and Road Initiative project, which is being implemented by the People’s Republic of China, for trade facilitation and support the development of the industrial sector between LMC member countries. Again, Ministry of Foreign Affairs, Strategic Studies and Training Department, Deputy Director General told that Myanmar, one of the LMC countries, LMC projects will be cooperated by relevant government agencies under Mekong-Lancang special cooperation fund through the Ministry of Foreign Affairs as a focal point and Department of Research and Innovation(DRI), Director General discussed about the objectives and intended workplan of the project respectively. Accordingly, Chief minister and relevant ministers of Yangon Region Government, National Standards Council Members, Director Generals, Deputy Director Generals, Government and private associations and the officials from DRI were participated into th...

“အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့်ဝန်ဆောင်မှု လုပ်ငန်းများ အတွက် အမျိုးသားအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့အကောင်အထည် ဖော်ရေးစီမံကိန်း” ဖွင့်ပွဲအခမ်းအနားကျင်းပ”

1 month ago
အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေးစီမံကိန်း” ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့် “ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာကဏ္ဍအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်းဖိုရမ်” အခမ်းအနားကျင်းပခြင်း ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့တွင် “အမျိုးသားအဆ...

“EV's Battery Waste Management Policy, Research Seminar and Knowledge Sharing Ceremony”

1 month ago
“EV's Battery Waste Management Policy, Research and Knowledge Sharing Seminar” was held on 25th January 2024, at the Assembly Hall of the Department of Research and Innovation and Dr.Phyu Phyu Win, Director General of Department of Research and Innovation delivered the opening Speech. Director General, Deputy Directors General, Division Heads/Departmental Officials, Researchers from Department of Research and Innovation and invited guests attended the seminar. Director General of Department of Research and Innovation, Dr.Phyu Phyu Win delivered the opening Speech. Dr. Zaw Min Naing, Deputy Director General of the Renewable Energy and Electronic Technology Research Center discussed about the suggestion of the EV's Battery Waste Management policy, Dr.Tun Tun Moe, Deputy Director General of the Analytical Laboratory discussed about the suggestion of the EV's Battery Waste Management policy. Dr.Hla Myo Aung, Director of the Renewable Energy and Electronic Technology Research Center explained regarding the EV's Battery Waste Management Policy(Draft). Dr. Aye Aye Hlaing, Director of the National Analytical Laboratory discussed the separation of high-value elements from the EV's Battery Waste Management Policy(Draft). U Saw Khu Say ,the De...

(Lancang-Mekong Cooperation Special Fund Projects -2022) မြန်မာနိုင်ငံ Solar PV အသုံးချမှုအခြေအနေအား စစ်တမ်းကောက်ယူခဲ့မှုနှင့် Sand Table Design များအတွက် နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲ

1 month ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ Lancang-Mekong Cooperation Special Fund Projects -2022 ဖြင့် “Establishment of Myanmar National-level Solar PV Application Promotion and Training Center to Accelerate the Capacity Building of Deployment of Solar Energy in Myanmar” စီမံကိန်းအရ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် “မြန်မာနိုင်ငံ Solar PV အသုံးချမှုအခြေအနေအား စစ်တမ်း ကောက်ယူခဲ့မှုနှင့် Sand Table Design များအတွက် နည်းပညာပိုင်း ဆိုင်ရာဆွေးနွေးပွဲ” အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဆက်စပ်ဌာနများ၊ နည်းပညာ တက္ကသိုလ်များ၊ ဆိုလာ PV ကုမ္ပဏီများ၊ DRI မှ ဌာနမှူး၊ ဌာနတာဝန်ခံများနှင့် စီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်သည့် ပုဂ္ဂိုလ်များ စုစုပေါင်း (၃၈)ဦး ...

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ၂၀၂၅-၂၀၃၀ အတွက် STI Strategies များနှင့် Strategic Plan များ(မူကြမ်း) နှင့် နည်းပညာ(ထုတ်လုပ်မှုနည်းစဉ်၊ ထုတ်ကုန်ပစ္စည်း၊ အကြံဉာဏ် များ)လွှဲပြောင်းခြင်း လုပ်ငန်းစဉ်(မူကြမ်း) နှင့်ပတ်သက်၍ ဆွေးနွေးပွဲအခမ်းအနားကျင်းပ

1 month ago
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ (၂၀၂၅-၂၀၃၀) အတွက် STI Strategies များနှင့် Strategic Plan များ(မူကြမ်း)နှင့် နည်းပညာ(ထုတ်လုပ်မှုနည်းစဉ်၊ ထုတ်ကုန်ပစ္စည်း၊ အကြံဉာဏ် များ) လွှဲပြောင်းခြင်းလုပ်ငန်းစဉ်(မူကြမ်း)‌နှင့်ပတ်သက်၍ ဆွေးနွေးပွဲအခမ်းအနား အစီအစဉ်ကို (၂၉-၁-၂၀၂၄)ရက်နေ့ နေ့လည်(၁း၀၀)မှ ညနေ(၅း၃၀)နာရီအထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ သုတေသန...

“EV’s Battery Waste Management ဆိုင်ရာမူဝါဒ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် Knowledge Sharing အခမ်းအနား”ကျင်းပ

1 month ago
EV’s Battery Waste Management ဆိုင်ရာမူဝါဒ၊ သုတေသနစာတမ်းဖတ်ပွဲနှင့်Knowledge Sharing အခမ်းအနားအစီအစဉ်ကို (၂၅-၁-၂၀၂၄)ရက်နေ့ နံနက်(၁၁း၀၀) မှ (၁၂း၀၀)နာရီအထိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူး/ဌာနတာဝန်ခံများ၊ သုတေသနပညာရ...

The 2nd China-ASEAN Innovation and Entrepreneurship Competition (CAIEC) ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲတွင် လုပ်ငန်းအဖွဲ့(Enterprise Groups) များ နှင့် အသင်းအဖွဲ့(Team Groups) များ ပါဝင်ယှဉ်ပြိုင် လျှောက်ထားနိုင်ပါကြောင်း

2 months ago
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ASEAN Secretariat တို့ပူးပေါင်း၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ မျှဝေသော အနာဂတ်ဖြင့် တရုတ်-အာဆီယံ အသိုက်အဝန်းကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ပြီး “The 2nd China-ASEAN Innovation and Entrepreneurship Competition (CAIEC)” ပြိုင်ပွဲအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ မှ မတ်လအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပြိုင်ပွဲ၏ Theme ပြိုင်ပွဲ၏ Theme မှာ “Digital Empowerment for a Shared Future” ဖြစ်ပါသည်။ Fields of Participating Projects (ယှဉ်ပြိုင်နိုင်သည့် ပရောဂျက်နယ...

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်များအတွင်း ထူးခြားတိုးတက်ပြောင်းလဲစေသော ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကျင်းပခြင်း

2 months ago
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် များအတွင်း ထူးခြားတိုးတက်ပြောင်းလဲစေသော ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို (၁.၁.၂၀၂၄) ရက်နေ့ နံနက်(၉း၃၀) မှ (၁၂း၀၀) နာရီအထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ရှေးဦးစွာ နှစ်သစ်ကြိုဆိုနှုတ်ဆက် စကား ပြောကြားပြီး နောက် ယခင်နှစ်များတွင် ဌာနများ၏ ဆောင်ရွက်မှုများကိုသာ တင်ပြခဲ့ပါကြောင်း၊ ယခုအကြိမ်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးန...