logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဓာတုနည်းပညာသုတေသနဗဟိုဌာနမှ အောက်ဖော်ပြပါ ဓာတ်ခွဲဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဝန်ဆောင်မှုများရယူရန်အတွက် CTRC Service Form ကို download ရယူဖြည့်စွက်၍ လျှောက်ထား ဆောင်ရွက်နိုင်ပါသည်။

 

ပစ္စည်းအမျိုးအစား

သတ်မှတ်ချက်

တိုင်းတာသည့်စက်

ဆေးဖက်ဝင်အပင်များ၏အစိတ်အပိုင်းများ

အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိတိုင်းတာခြင်း

Biochorme, UV-1800

ဆေးဖက်ဝင်အပင်များ၏အစိတ်အပိုင်းများ

ဖီနောနှင့်ဖလေဗိုနွိုက်ပါဝင်မှုတို့ကိုတိုင်းတာခြင်း

Biochorme, UV-1800

ဆေးဖက်ဝင်အပင်များ၏အစိတ်အပိုင်းများ

ပါဝင်သောဒြပ်ပေါင်းများအားရှေးဦးစမ်းသပ်များ ဆောင်ရွက်ပေးခြင်း

Test tube method

အခဲများ

စိုထိုင်းဆအားတိုင်းတာပေးခြင်း

Moisture Analyzer

အခဲ/အရည်

နိုက်ထရိတ်ပါဝင်မှုအားတိုင်းတာခြင်း

Nitrate Test  Kit

အခဲ/အရည်

ဖော့စဖရိတ်ပါဝင်မှုအားတိုင်းတာခြင်း

Phosphate Test  Kit

အရည်/ဆေးပျစ်ရည်/အဆီ

စေးပျစ်နှုန်းအားတိုင်းတာခြင်း

Viscometer or U-tube/ASTM 2857

အရည်

စုစုပေါင်းအစိုင်အခဲပျော်ဝင်မှုအားတိုင်းတာခြင်း

Refratometer

အရည်

သိပ်သည်းဆအားတိုင်းတာခြင်း

Density bottle

အခဲ/ပလတ်စတစ်နှင့်ဆက်စပ်ပစ္စည်းများ

အရည်ပျော်မှတ်အားတိုင်းတာခြင်း

Melting point apparatus

အထပ်သား/ကွန်ပိုစစ်ပစ္စည်းများ/စက္ကူနှင့် ဖလင်

အထူတိုင်းတာခြင်း

CHY-CB PARAM thickness tester/ASTM- D374

ရာဘာ/စက္ကူ/ ကွန်ပိုစစ်ပစ္စည်းများ/ ပေါ်လီစတိုင်ရင်း

မာကြောမှုတိုင်းတာခြင်း

Qualitest Type-BS 61 II/ASTM-D 2240

အထပ်သား/ပလတ်စတစ်ပိုက်နှင့်ပလတ်စတစ်ပုလင်းများ

မာကြောမှုတိုင်းတာခြင်း

WALLACE Hardness Meter/DIN-53506

ကွန်ပိုစစ်ပစ္စည်းများ/အထပ်သား/ပလတ်စတစ်ပိုက်နှင့်ကော်စေ့များ

သိပ်သည်းဆအားတိုင်းတာခြင်း

Electronic Densimeter EW-300Sg/ASTM  D-792

ကွန်ပိုစစ်ပစ္စည်းများ/အထပ်သားနှင့်ပလတ်စတစ်ပိုက်များ

ရိုက်ချိုးမှုဒဏ်ခံနိုင်အားတိုင်းတာခြင်း

Qualitest Q Impact-50/

ASTM D-256

ပလတ်စတစ်နှင့်ဆက်စပ်ပစ္စည်းများ/ဇီဝလောင်စာများနှင့်ဖော်မလင်

ပြာပါဝင်မှုအားတိုင်းတာခြင်း

Carbonite Muffle Furnace

ဆေးပျစ်ရည်

အခဲပါဝင်မှုအားတိုင်းတာခြင်း

ASTM D-6980

ကွန်ပိုစစ်ပစ္စည်းများ/အထပ်

သား/ပလတ်စတစ်ပိုက်နှင့်ကော်စေ့များ

‌ရေစုပ်ယူနိုင်မှုအားတိုင်းတာခြင်း

ASTM D-570

ကွန်ပိုစစ်ပစ္စည်းများ/အထပ်သား

စိုထိုင်းဆအားတိုင်းတာခြင်း

ASTM D-6980

ပလတ်စတစ်နှင့်ဆက်စပ်

ပစ္စည်းများ

ပျော့ပြောင်းမှုအားတိုင်းတာခြင်း

ISO-3146

ကွန်ပိုစစ်ပစ္စည်းများ/အထပ်

သားနှင့်ပလတ်စတစ်ပိုက်များ

ကွေးညွတ်ဒဏ်ခံနိုင်မှုအားတိုင်းတာခြင်း

Thwing Albert 34-5 Electro Hydraulic Tensile Tester/ ASTM  D-412

ဇီဝလောင်စာများ

ဆဲလူးလိုစ်၊ဟေမီဆဲလူးလိုစ်နှင့်

လစ်ဂနင်ပါဝင်မှုအားတိုင်းတာခြင်း

In – House method

 

 

ဓာတ်ခွဲတိုင်းတာဝန်ဆောင်မှုများ

 

  • ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ အမျိုးအစားကို တိုင်းတာစစ်ဆေး ပေးခြင်း၊
  • ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းများ၊ ရေအမျိုးမျိုး၊ အလှကုန်နှင့်လူသုံးကုန် ပစ္စည်းများ၊ သယံဇာတနှင့် ဓာတ်သတ္တုပစ္စည်းများ၏ အရည်အသွေးများကို  ဓာတ်ခွဲတိုင်းတာ စစ်ဆေးပေးခြင်း၊
  • ဒြပ်ပစ္စည်းများ၊ ဒြပ်ပေါင်းများ၏တည်ဆောက်ပုံ၊ ပါဝင်မှုပမာဏနှင့် အရွယ်အစား တို့ကို အဏုစိတ် စစ်ဆေးတိုင်းတာပေးခြင်း
  • စက်ရုံများ၊ အဆောက်အဦနှင့် လုပ်ငန်းသုံးပစ္စည်းများအား မူရင်းမပျက်တိုင်းတာ စစ် ဆေး ပေးခြင်း၊
  • ဓာတ်ခွဲတိုင်းတာမှုများကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် ခြင်း နှင့်  ISO/IEC: 17025  ကိုက်ညီမှုရှိစေရန် လိုအပ်ချက်များ  ဖြည့်ဆည်း ဆောင်ရွက်ခြင်း၊

 

ဝန်ဆောင်မှုပေးနိုင်သည့်  အမျိုးအစားများ

စဉ်

တိုင်းတာသည့်အမျိုးအစား

တိုင်းတာသည့် နည်းလမ်း

တိုင်းတာနိုင်သည့်နမူနာအမျိုးအစား

 

ဒြပ်ပေါင်းအမျိုးအစားခွဲခြားခြင်း

XRD

သတ္တုရိုင်းအမျိုးမျိုး/ ဓာတုဗေဒနှင့်ဆက်စပ်ပစ္စည်းများ

 

ဒြပ်စင်အမျိုးအစားသတ်မှတ်ခြင်းနှင့် ပါဝင်မှုပမာဏတိုင်းတာခြင်း

XRF

သတ္တုရိုင်းအမျိုးမျိုး/ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပစ္စည်းများ/ ဓာတုဗေဒနှင့်ဆက်စပ်ပစ္စည်းများ

 

သတ္တုနှင့် သတ္တုစပ်များ (Fe,Al,Cu,Ni, Ti, Co, Zn, Mg, Sn, Pb) တွင်ပါဝင်သော ဒြပ်စင်များ၏ ပါဝင်မှုပမာဏတိုင်းတာ ခြင်း        

Arc Spark OES

သတ္တုနှင့် သတ္တုစပ်များ

 

Flash Point ကိုတိုင်းတာခြင်း

Flash Point Tester

လောင်စာဆီအမျိုးမျိုး

 

အရည်များ၏သိပ်သည်းဆကို တိုင်းတာခြင်း

Westphal Balance

အရည်အမျိုးမျိုး

 

Calories ပါဝင်မှုကိုတိုင်းတာခြင်း

Bomb Calorimeter

လောင်စာအမျိုးမျိုး၊ အစားအစာအမျိုးမျိုး၊

 

အရာဝတ္တုများ၏ မာကျောမှုကိုတိုင်းတာခြင်း

Micro Hardness tester

သတ္တုများ

 

Aluminum (Al)

Arthur I Vogel Method

သတ္တုရိုင်းအမျိုးမျိုး၊ ဓာတုပစ္စည်း အမျိုးမျိုး၊ ဓာတ်မြေဩဇာ

 

၁၀

Calcium (Ca)

 

၁၁

Copper (Cu)

 

၁၂

Iron (Fe)

 

၁၃

Lead (Pb)

 

၁၄

Magnesium (Mg)

 

၁၅

Phosphorus(P)

 

၁၆

Silica (SiO2)

 

၁၇

Zinc (Zn)

 

၁၈

Chloride(Cl)

 

၁၉

Sulphate(SO4)

 

၂၀

Loss on Ignition(LoI)

 

၂၁

Moisture

 

၂၂

Ash

 

၂၃

Bulk Density

 

၂၄

pH

 

၂၅

Specific Gravity

 

၂၆

Alkalinity as NaOH

Arthur I Vogel Method

လူသုံးကုန်ပစ္စည်းအမျိုးမျိုး

 

၂၇

Free Acid as Oleic

A.S.T.M

 

၂၈

Free Alkali as NaOH

A.S.T.M

 

၂၉

Moisture & Volatile Matter

Arthur I Vogel Method

 

၃၀

Fluoride

Arthur I Vogel Method

သွားတိုက်ဆေး

 

၃၁

ဒြပ်စင်များတိုင်းတာခြင်း (with digestion)

(Ag, Au, Pb, Ca, Cd,  Co, Cr, Cu, Fe, K, Li, Mg, Mn, Na, Ni, Zn,  Bi)

AAS (AOAC)

Digestion ပြုလုပ်ရန် လိုအပ်သော နမူနာများ (လူသုံးကုန်ပစ္စည်းများ၊ သတ္တုရိုင်း၊ Soft Drink စသည်)

 

၃၂

ဒြပ်စင်များတိုင်းတာခြင်း

AAS (APHA)

 

ရေ အမျိုးမျိုး

 

Biochemical Oxygen Demand(BOD)

Analyser

 

Chemical Oxygen Demand(COD)

Analyser

 

Dissolved Oxygen(DO)

Meter

 

Electrical Conductivity

Meter

 

Fat, Oil and Grease

Gravimetric

 

pH

Meter

 

Colour

 

 

Total Alkalinity as CaCO3

Volumetric

 

P-Alkalinity

Volumetric

 

M-Alkalinity

Volumetric

 

Total Dissolved Solids

Meter

 

Total Hardness as CaCO3

Volumetric

 

Non Carbonate Hardness

Volumetric

 

Carbonate Hardness

Volumetric

 

Calcium as Ca

Volumetric

 

Magnesium as Mg

Volumetric

 

Total Solids

Gravimetric

 

Total Suspended Solids

Spectrophotometer

 

Turbidity

Meter

 

Bicarbonate (HCO3)

Volumetric

 

Carbonate(CO3)

Volumetric

 

Chloride (Cl-)

Spectrophotometer

 

Hydroxide (OH)

Volumetric

 

Nitrate Nitrogen (NO3)

Spectrophotometer

 

Sulphate (SO4)

Spectrophotometer

 

၃၃

Ash

Gravimetric

Coal and Coke

 

၃၄

Calorific Value

Calculation

 

၃၅

Fixed Carbon

Calculation

 

၃၆

Iodine Number

Volumetric

 

၃၇

Moisture

Gravimetric

 

၃၈

Volatile Matter

Gravimetric

 

၃၉

ဒြပ်စင်များ၏ပမာဏကိုတိုင်းတာခြင်း

(ICP-OES) AOAC, APHA

ရေအမျိုးမျိုး၊ အလှကုန်၊ အစားအစာ

 

၄၀

ဒြပ်စင်များ၏ပမာဏကိုတိုင်းတာခြင်း

ICP-MS ( AOAC, APHA)

ရေအမျိုးမျိုး၊ အလှကုန်၊ အစားအစာ

 

၄၁

(Organic ဒြပ်ပေါင်းအမျိုးမျိုးအား အမျိုးအစား ခွဲခြားခြင်း)

FTIR

ဓာတုဗေဒပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများ

 

၄၂

(အရည်အသွေး သတ်မှတ်ပေးသော organic ဒြပ်ပေါင်း အမျိုးအစားများနှင့် အဆိပ်အ တောက် ဖြစ်စေသော organic ဒြပ်ပေါင်း အမျိုး အစားများနှင့် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း

GC-MS

(AOAC, APHA, EN15662)

Surface Water, food

 

 
 

၄၃

Simultaneous Thermal Analyzer

STA

ပေါ်လီမာ/ ကွန်ပိုစစ်နှင့် ထုတ်ပိုး ဒြပ်ပစ္စည်းများ

 

၄၄

Moisture

Oven, Moisture Analyser/ A.O.A.C

အစားအစာများ

 

၄၅

Acidity

Titrimetric Method / A.O.A.C

 

၄၆

Ash

Ignition Method / A.O.A.C

 

၄၇

Ash( Acid Insoluble)

Gravimetric Method / A.O.A.C

 

၄၈

Ash( Sulphate)

Gravimetric Method / A.O.A.C

 

၄၉

Ash(Water/ Alkali Insoluble)

Gravimetric Method / A.O.A.C

 

၅၀

Bulk Density

Gravimetric Method / A.O.A.C

 

၅၁

Carbohydrate

Titrimetric Method / A.O.A.C

 

၅၂

Calories

Titrimetric Method / A.O.A.C

 

၅၃

Fat

A.O.A.C

 

၅၄

Fiber

Gravimetric Method / A.O.A.C

 

၅၅

Fructose/Glucose/Sucrose

Titrimetric Method / A.O.A.C

 

၅၆

Lactose

Titrimetric Method / A.O.A.C

 

၅၇

pH

pH Meter

 

၅၈

Protein

Protein Analyser

 

၅၉

Sand & Silica

Gravimetric Method / A.O.A.C

 

၆၀

Solids

Gravimetric Method / A.O.A.C

 

၆၁

Starch

Titrimetric Method / A.O.A.C

 

၆၂

Sugar (Total/educing)

Titrimetric Method / A.O.A.C

 

၆၃

Sulphur Dioxide

Titrimetric Method / A.O.A.C

 

၆၄

Tannin

Gravimetric Method / A.O.A.C

 

၆၅

Vitamin C/ Ascorbic Acid

Titrimetric Method / Pharmacopeia of India

 

၆၆

Non Volatile Matter

Gravimetric Method / A.O.A.C

Alcohol

 

၆၇

Volatile Matter

Gravimetric Method / A.O.A.C

 

၆၈

Aldehyde

Qualitative/ Indian Standard

 

၆၉

Ester

Titrimetric Method/Indian Standard

 

၇၀

Ethanol/ Methanol

Alcohol Meter

 

၇၁

Fusel Oil

Qualitative/ Indian Standard

 

၇၂

Refractive Index

Refractometer

 

၇၃

Specific Gravity

Arthur I Vogel Method

 

၇၄

Acid Value (Edible Oil)

Titrimetric Method/ A.O.C.S

Edible Oil 

 

၇၅

Cloud Point

A.O.C.S / A.O.A.C Chemical Analysis of Food

 

၇၆

Free Fatty Acid  (FFA)

 

၇၇

Iodine Value

 

၇၈

Peroxide Value

 

၇၉

Rancidity

 

၈၀

Refractive Index

 

၈၁

Saponification Value

 

၈၂

FESEM ကို အသုံးပြု၍ SEM Image ရယူခြင်း

EDX ကို အသုံးပြု၍ Element Analysis ပြုလုပ်ခြင်း

Auriga Crossbeam Workstation (FE-SEM)

ဒြပ်ပစ္စည်းအမှုန်များ၊ အလွှာပါးများ

 

၈၃

Sputter Coater (Gold) (Non-electrolyte materialsများကို စမ်းသပ်ရန်အတွက် ရွှေအလွှာ တင်ခြင်း)

Sputter Coater

ဒြပ်ပစ္စည်းအမှုန်များ

 

၈၄

အန္တရာယ်ရှိသော ပိုးမွှားများ ပါဝင်မှုရှ/မရှိ စစ် ဆေး ခြင်း

Biological Microscope

ဇီဝဆိုင်ရာနမူနာများ

 

၈၅

အဏုဇီဝပိုး ပါဝင်မှု စစ်ဆေးခြင်း  Aerobic plate count (AC)

Coliform count (CC)

Enterobacteriaceae count (EC)

E. coli count, Staphy lococei,

Yeast and Mould

Salmonella-species

A.O.A.C

အစားအစာများ

 

 

၈၆

အဏုဇီဝပိုး ပါဝင်မှု စစ်ဆေးခြင်း  

Aqua heterotrophic count(AQHC)

Aqua coliform count ,

 Aqua Enterobacteriaceae count

A.O.A.C

ရေအမျိုးမျိုး

 

၈၇

Thermal Distribution ကို Infra-red Camera ဖြင့် တိုင်းတာခြင်း

Infra-red Camera

အဆောက်အဦများ၊ ရေနံနှင့် ဂက်(စ်) ပိုက်လိုင်းများ၊ ဂဟေ ဆက်ပစ္စည်းများ စသည်

 

၈၈

ပြွန်များ၊ ပိုက်လိုင်းများ၏ အတွင်းမျက်နှာပြင် တွင်ရှိသော အပြစ်အနာအဆာများကို စစ်ဆေး ခြင်း Iris

Visual Testing

 

၈၉

ရေပြင်ညီ ပိုက်လိုင်းများ၏ အတွင်း မျက်နှာပြင် တွင်ရှိသော အပြစ်အနာအဆာများကို စစ်ဆေး ခြင်း (TV crawler)

Visual NDT

 

၉၀

Pressure vessel, boiler များ၏ wall thickness များ၊ အပြစ်အနာအဆာများကို တိုင်း တာခြင်း (Scropion)

UT

 

၉၁

သံထည်မျက်နှာပြင်များတွင်ရှိသော အပြစ် အနာအဆာများကို တိုင်းတာခြင်း (Lizard Eddy Current Base Inspection )

ET

 

၉၂

Penetrant Testing (PT)

PT

 

၉၃

Magnetic Particle Testing (MT)

MT

 

၉၄

Ultrasonic Testing (UT)

UT

 

၉၅

Eddy Current Testing (ET)

ET

 

၉၆

Laser Stereography Q-810

Optical NDT

 

၉၇

Radiographic Testing

RT

 

 

X-ray/Gamma ray ဖလင်

RT

 

X-ray/Gamma ray ဖလင်

RT

 

Digital Imaging Plate (IP) X-ray/Gamma ray (Blue IP)

RT

 

Digital Imaging Plate (IP) Millifocus X-ray/Gamma ray (Blue IP)

RT

 

Digital Imaging Plate (IP) Millifocus X-ray/Gamma ray (White IP)

RT

 

Digital Imaging Plate (IP) Millifocus X-ray/Gamma ray (White IP)

RT

 

 

ပုံမှန်ဝန်ဆောင်မှုရယူမည့် လုပ်ငန်းအပ်နှံသူများအတွက် လိုအပ်သည့်အချက်များ

၁။       စာရွက်စာတမ်းအပြည့်အစုံနှင့် နမူနာပစ္စည်းများကို တပါတည်းယူဆောင်၍ အမျိုးသား ဓာတ်ခွဲခန်း လုပ်ငန်းအပ်နှံသည့် ဌာနတွင် အစိုးရ ရုံးဖွင့်ရက် နံနက် (၁၀:၀၀) နာရီမှ နေ့လည် (၃:၀၀) နာရီအထိ လျှောက်ထားနိုင်သည်။

၂။       ဝန်ဆောင်မှုလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

  • သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား လိပ်မူထားသည့် ကုမ္ပဏီရုံးတံဆိပ်ပါသော ဝန်ဆောင်မှုရယူသူ၏ လျှောက်ထားလွှာ
  • နမူနာပစ္စည်းတစ်ခုချင်းစီအတွက် လုပ်ငန်းအပ်နှံခြင်း အဆိုပြုပုံစံ
  • နမူနာပစ္စည်းတစ်ခုချင်းစီအတွက် Certificate of Analysis (COA)
  • နမူနာပစ္စည်းတစ်ခုချင်းစီအတွက် Material Safety Data sheet (MSDS)

၃။       အဆိုပါ စာရွက်စာတမ်းများအပြင် ကျောင်းသား/သူများအတွက် သက်ဆိုင်ရာကျောင်း ပါမောက္ခချုပ်၏ထောက်ခံစာ၊ အစိုးရဌာနများအတွက် ဌာနဆိုင်ရာအကြီးအကဲ၏ လက်မှတ် အပြည့်အစုံ ပါဝင်သည့် ရုံးစာများ ပူးတွဲတင်ပြရမည်။

၄။       စာရွက်စာတမ်းပြည့်စုံပါက ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတိုင်းတာနိုင်ကြောင်း၊ မည်သည့် စက်ကိရိယာများဖြင့် စစ်ဆေးတိုင်းတာပေးနိုင်ကြောင်း မှတ်ချက်ရယူ၍ ကျသင့်ငွေအတွက် ငွေတောင်းခံလွှာထွက်ပေးမည် ဖြစ်ပါသည်။

၅။       ငွေတောင်းခံလွှာထွက်ပြီးပါက ကျသင့်ငွေကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာန ငွေစာရင်းဌာနသို့ ပေးသွင်းပြီး ငွေတောင်းခံလွှာမိတ္တူကို အမျိုးသားဓာတ်ခွဲခန်း လုပ်ငန်း အပ်နှံသည့် ဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။

၆။       ဝန်ဆောင်မှုလုပ်ငန်းပြီးစီး၍ Analysis Report များထုတ်ယူရာတွင် ရုံးချိန်အတွင်း ထုတ်ယူနိုင်ပြီး ငွေသွင်းချလံနှင့် ငွေတောင်းခံလွှာမူရင်း အား ပူးတွဲ၍ တင်ပြရန်လိုအပ်ပါသည်။

 

 

 

Green Channel ဖြင့် အကောက်ခွန်ဦးစီးဌာနမှ ပေးပို့သော အရေးကြီးနမူနာများအား စစ်ဆေးခြင်း

၁။       အမျိုးသားဓာတ်ခွဲခန်းအနေဖြင့် အကောက်ခွန်ဦးစီးဌာနမှ ပေးပို့သည့် “အရေးကြီးကုန်စည်” ဟု သတ်မှတ်ချက်ပါသည့် ရုံးအပေါ်စာဖြင့် လျှောက်ထားပေးပို့သည့် အရေးကြီးနမူနာများအား (၂၄) နာရီ ဝန်ဆောင်မှုစနစ်ဖြင့် ဆောင်ရွက်ပေးသွားပါမည် -

(က) ယင်း Green Channel အတွက် ဝန်ဆောင်မှုလျှောက်ထားရာတွင် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ အပေါ်စာနှင့်အတူ လုပ်ငန်းအပ်နှံခြင်း အဆိုပြုပုံစံ (Test Request Form) တွင် တိုင်းတာလိုသည့် အရေးကြီးနမူနာအား တိကျမှန်ကန် ရှင်းလင်းစွာ ဖော်ပြလျှောက်ထားရန် လိုအပ်ပါမည်။ စမ်းသပ်မည့် အရေးကြီးနမူနာအတွက် ပေးပို့သည့်အချက်အလက်များနှင့်အတူ အရေးကြီးနမူနာ မှန်ကန်ပြည့်စုံမှုရှိပါက  လုပ်ငန်းလက်ခံဆောင်ရွက်ချိန်မှ ၂၄ နာရီအတွင်း ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပေးပို့လာသည့် အရေးကြီးနမူနာများ၏ အချက် အလက်များနှင့် နမူနာ မှန်ကန်မှုရှိစေရေးနှင့် အရေးကြီးကုန်စည် (Priority Number) များအား အကောက်ခွန်ဦးစီးဌာနမှ စိစစ် ပေးပို့ရမည် ဖြစ်ပါသည်။

(ခ) ၂၄ နာရီ ဝန်ဆောင်မှုမှာ လုပ်ငန်းအပ်နှံသူမှ ငွေစာရင်းဌာနသို့ ဝန်ဆောင်မှုအတွက် ကျသင့်ငွေပေးသွင်းပြီး၊ ငွေသွင်းမိတ္တူနှင့် နမူနာပစ္စည်းကို အမျိုးသားဓာတ်ခွဲခန်း လုပ်ငန်း လက်ခံသည့်နေရာ၌ အပ်နှံပြီးသည့် အချိန်မှစ၍ သတ်မှတ်မည်ဖြစ်ပြီး နောက်တနေ့ ယင်းအချိန်တွင် Analysis Report ကို ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ (ရုံးဖွင့်ရက်များသာ အကျုံးဝင်ပါသည်။ စနေ၊ တနင်္ဂနွေနှင့် အများပြည်သူ ရုံးပိတ်ရက်များအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)

(ဂ)     ချွင်းချက်အနေဖြင့် အရေးပေါ်လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် တိုင်းတာသည့်စက်များ ချို့ယွင်းခြင်းများရှိပါက ၂၄ နာရီအတွင်း ဝန်ဆောင်မှုပေးနိုင်ခြင်း ရှိမည်မဟုတ်ပါ။

 

၂၄ နာရီ ဝန်ဆောင်မှုပေးမည့် အရေးကြီးနမူနာအရေအတွက်နှင့် ဝန်ဆောင်ခ သတ်မှတ်ခြင်း

၂။       သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားဓာတ်ခွဲခန်းသည် အကောက်ခွန်ဦးစီး ဌာနမှ ပေးပို့သော ပုံမှန်နမူနာများအပြင် သွင်းကုန်ပို့ကုန် နမူနာများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖမ်းဆီးရမိသော နမူနာများ၊ သုတေသနလုပ်ငန်း စီမံကိန်းများမှ နမူနာများကို နေ့စဉ် ပုံမှန်တိုင်းတာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ တိုင်းတာဆောင်ရွက်သည့် စက်ပစ္စည်းများ၏ ရေရှည်ဆောင်ရွက်နိုင်မှု၊ ကြံ့ခိုင်မှုပေါ် မူတည်၍ ပုံမှန် အပ်နှံနေသည့်နမူနာများအပေါ် တစ်ရက်လျှင် ပျမ်းမျှတိုင်းတာဆောင်ရွက်နိုင်သည့် နမူနာအရေအတွက်မှာ (၅၀) ခန့်ရှိပြီး ဖြစ်ပါသဖြင့် Green Channel အနေဖြင့် တစ်ရက်လျှင် နမူနာအရေအတွက် (၁၀) ခုသာ လက်ခံဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

 

Green Channel ဖြင့် ဝန်ဆောင်မှုရယူမည့် လုပ်ငန်းအပ်နှံသူများအတွက် လိုအပ်သည့်အချက်များနှင့် လုပ်ငန်းစဉ်များ

၁။       ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ လိပ်မူ၍ “အရေးကြီး ကုန်စည်” သတ်မှတ်ဖော်ပြထားသည့် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တင်ပြလာသည့် ရုံးအပေါ်စာ (Cover letter from Custom marked sample as “Important Goods”) တင်ပြရန် လိုအပ်ပါသည်။

၂။       နမူနာပစ္စည်းတစ်ခုစီအတွက် ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနသို့ လိပ်မူ၍ လုပ်ငန်းအပ်နှံခြင်း အဆိုပြုပုံစံ (Test Request Form) အား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်တင်ပြရန် လိုအပ်ပါသည်။ (Test Request Form များအား Website Link https://www.dri.gov.mm/department/nal-services တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။)

၃။       အမျိုးသားဓာတ်ခွဲခန်း၏ လုပ်ငန်းအပ်နှံသည့်နေရာ (Reception)မှ ထုတ်ပေးသည့် ငွေတောင်းခံလွှာဖြင့် ဝန်ဆောင်မှုအတွက် ကျသင့်ငွေအား သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး  ဌာန ငွေစာရင်းဌာနသို့ ပေးသွင်းပြီးနောက် ငွေသွင်းချလန်နှင့် ငွေတောင်းခံလွှာ မူရင်းအား လုပ်ငန်း အပ်နှံသူမှ သိမ်းဆည်း၍ ငွေတောင်းခံလွှာမိတ္တူအား အမျိုးသားဓာတ်ခွဲခန်း၏ လုပ်ငန်းအပ်နှံသည့်      နေရာတွင် ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။

၄။       အရေးကြီးနမူနာပစ္စည်းများအား သတ်မှတ်ထားသည့် ပမာဏအား သေချာစွာ ထုတ်ပိုး၍ ပေးပို့ရန် ဂရုပြုဆောင်ရွက်ပေးရပါမည်။

၅။       လုပ်ငန်းအပ်နှံခြင်းပြီးစီးသည့်အချိန်အား မှတ်သားထားရန်နှင့် ၂၄ နာရီပြည့်သည့်အချိန်မှစ၍ အမျိုးသားဓာတ်ခွဲခန်း၏ လုပ်ငန်းအပ်နှံသည့်နေရာတွင် Analysis Report အား ပြန်လည်ထုတ်    ယူရန်ဖြစ်ပါသည်။

၆။       Analysis Report အား ပြန်လည်ထုတ်ယူရာတွင် ငွေသွင်းချလံနှင့် ငွေတောင်းခံလွှာမူရင်း အား ပူးတွဲ၍ တင်ပြရန်လိုအပ်ပါသည်။

၇။       Analysis Report အား သေချာစစ်ဆေးလက်ခံ ရယူရန် (ဥပမာ Job, Code No., Sample Name, Spelling …စသဖြင့်) လိုအပ်ပါသည်။

၈။       Green Channel ဖြင့် ဝန်ဆောင်မှုများအား အစိုးရ ရုံးဖွင့်ရက် နံနက် (၁၀:၀၀) နာရီမှ နေ့လည် (၃:၀၀) နာရီအထိ လျှောက်ထားရယူနိုင်ပါသည်။

 

 

coming soon...