လက်တွေ့ဓာတုဗေဒသုတေသနဌာနသည် စက်မှုလုပ်ငန်းအထောက်အကူပြု သိပ္ပံနည်းကျ အသုံးချဓါတု ဗေဒသုတေသနလုပ်ငန်းများကို နိုင်ငံတကာ အဆင့်မှီ လုပ်ဆောင်နိုင်ရန် ရည်မှန်းချက်ထားရှိ၍ ပုဂ္ဂလိက လုပ်ငန်းရှင်သို့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် လူသုံးကုန်ပစ္စည်းနှင့် စက်မှုလုပ်ငန်းသုံး ဓာတုဗေဒ ပစ္စည်းများ ထုတ်လုပ်နိုင်သော သုတေသနလုပ်ငန်များကို နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာ ဖြန့်ဖြူးပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မျှော်မှန်းချက်
လက်တွေ့ဓါတုဗေဒသုတေသနဌာန၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးကဏ္ဍ မျှော်မှန်းချက်မှာ စက်မှုလုပ်ငန်း အထောက်အကူပြု အသုံးချဓာတုဗေဒ သုတေသနလုပ်ငန်းများကို နိုင်ငံတကာအဆင့်မှီ လုပ်ဆောင်နိုင်ရန်ဖြစ်ပါသည်။
ရည်မှန်းချက်များ
ပြည်တွင်းထွက်ကုန်ကြမ်းများ၊သယံဇာတများနှင့်စွန့်ပစ်ပစ္စည်းများ မှ စက်မှု၊ စိုက်ပျိုး၊ ဆေးဝါး၊ အလှ ကုန်လုပ်ငန်း အထောက်အကူပြုနှင့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်။
အသုံးချဓါတုဗေဒ သုတေသနလုပ်ငန်းများဖြင့် စက်မှုလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်။
အရည်အသွေးပြည့်မှီသော လူသုံးကုန်ပစ္စည်းများအား စီးပွားဖြစ်ထုတ်လုပ်နိုင်သော နည်းပညာများကို အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသို့ နည်းပညာလွှဲပြောင်းပေးရန် ဖြစ်ပါသည်။
အဓိကသုတေသနနယ်ပယ်များ
စိုက်ပျိုးရေးနှင့်ရေထွက်ပစ္စည်းများကိုအခြေခံသောသုတေသနလုပ်ငန်းများ
သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့်ဆက်စပ်သောသုတေသနလုပ်ငန်းများ
ရေသယံဇာတနှင့်သက်ဆိုင်သောသုတေသနလုပ်ငန်းများ
လူသုံးကုန်နှင့်စက်မှုလုပ်ငန်းသုံးဓာတုဗေဒပစ္စည်းများထုတ်လုပ်သည့်သုတေသနလုပ်ငန်းများ
သုတေသနဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများ
၂၀၁၆ခုနှစ်၊ဇူလိုင်လ (၃၀)ရက်နေ့တွင်ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှု ဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနအောက်ရှိ၊ အသေးစား နှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်း၍ SMEလုပ်ငန်းရှင်များ လိုအပ်လျက် ရှိသည့် နည်းပညာများကို ပံ့ပိုးကူညီပေးနိုင်ရန်အတွက် "နည်းပညာဆိုင်ရာ Awareness များ Sharing ပြုလုပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ "(၃၀.၇.၂၀၁၆)"တွင် ချည်ထည်ဆိုးဆေးခိုင်မြဲခြင်း နည်းပညာ ဖြန့်ဝေခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးမှ SME လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။
(၂၃- ၇- ၂၀၁၈)ရက်နေ့မှ (၂၆ - ၇- ၂၀၁၈) ရက်နေ့ထိ မုံရွာမြို့တွင် စစ်ကိုင်းတိုင်း ဝါးနှင့်သဘာဝပတ် ဝန်းကျင် စိမ်းလန်းစိုပြေရေးအသင်းနှင့် သုတေသနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတို့ ပူးပေါင်း၍ ဝါးနှင့် အခြားဒေသ ထွက်ကုန်များကို ထုတ်လုပ်သည့် နည်းပညာများ စာတွေ့လက်တွေ့ ဖြန့်ဝေခြင်း အခမ်းအနားတွင်လည်း “ဝါးမီးသွေးထုတ်လုပ်ခြင်းနှင့် ဝါးမီးသွေးဆပ်ပြာနှင့် ဝါးရှာလကာရည်ဆပ်ပြာပြု လုပ်သည့်နည်းပညာ”အကြောင်းကို ပြောကြား ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ကျင်းပသော သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း အခမ်းအနားတွင် ပယင်းခေါင်း လျော်ရည်ထုတ်လုပ်ခြင်းနှင့်ပယင်း scrub ထုတ်လုပ်ခြင်း နည်းပညာအား ရွှေအုပ်ဆောင်း Company Limitedအားလွှဲပြောင်းပေးခဲ့၍ သီဟိုဠ်သရက်စေ့အခွံမှ ဇီ၀လောင်စာ ထုတ်လုပ်ခြင်းနှင့်လောင်စာတောင့်ထုတ်လုပ်ခြင်းနည်းပညာအားဖြန့်ဝေပေးခဲ့ပါသည်။
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာ စီးတီး)မှ ဆဌမနှစ် BE ကျောင်းသား၊ကျောင်းသူ (၂၃)ဦးသည် သုတေသနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာနသို့ (၂.၅.၂၀၁၈)ရက်နေ့မှ (၂၉.၆.၂၀၁၈)ရက်နေ့အထိ Internship အလုပ်သင်ကာလ အနေဖြင့် (၈)ပတ်ကြာ လာရောက်၍လေ့လာရာတွင် ဌာနတွင် ဆောင်ရွက်နေသော သုတေသနများ အကြောင်းနှင့် ၎င်းတို့အသုံးပြုမည့် စက်များအသုံးပြုပုံကို အသေးစိတ်ရှင်းလင်းပြသခဲ့ပါသည်။
ဆက်သွယ်ရန်
ဒေါက်တာသန်းသန်းအေး
ညွှန်ကြားရေးမှူး
လက်တွေ့ဓာတုဗေဒသုတေသနဌာန
ဓာတုနည်းပညာသုတေသနဗဟိုဌာန
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန
အမှတ်(၆)၊ကမ္ဘာအေးဘုရားလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။
email: thanthanayeacrd@gmail.com
ဖုန်းနံပါတ် + ၉၅-၉-၄၅၀၀၄၉၈၆၂ ၊ +၉၅-၁-၆၆၃၂၅၀
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်