ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန
Performance analysis of the different solar PV scenarios in DRI campus သုတေသနလုပ်ငန်း
တပ်ဆင်ထားသည့် Solar PV စနစ်များ အတွက် Data အချက်အလက်များ ရရှိနိုင်ခြင်း၊ Data အချက် အလက်များအရ လိုအပ်သော ဒီဇိုင်းအကြံပြု ချက် များ ပေးနိုင်ခြင်း၊ ဆိုလာသင်တန်းနှင့် Internship ကျောင်းသား/သူများ အတွက် လက်တွေ့ပြသ ခြင်း နှင့် အချက်အလက်များကို မျှဝေ၍ နည်းပညာ ဖြန့် ဝေနိုင်ခြင်း၊ Knowledge Sharing ပြုလုပ်ရာတွင် ၎င်းData အချက်အလက်များကို အသုံးပြု နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ |
Design and installation of floating solar PV system for demonstration သုတေသနလုပ်ငန်း
Floating PV System အတွက် အသုံးပြုမည့် မြေနေရာအား အခြားရည်ရွယ်ချက်များအတွက် အသုံးပြု နိုင်ခြင်း၊ ရေ၏ သဘာဝ အအေးသည် ဆိုလာပြားများ၏ အပူချိန် မြင့်တက် မှုကို လျှော့ချပေးသောကြောင့် စွမ်းအင်တိုးမြှင့်ထုတ်လုပ် နိုင်ခြင်း၊ နေရောင်ခြည်ကျရောက်မှု ကြောင့် ရေလှောင်ကန် အတွင်းရှိ ရေငွေ့ပျံခြင်းကို လျှော့ချပေးနိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ငါးများပေါက်ဖွားနှုန်း ကောင်းခြင်း၊ ရေနေအပင်များတိုးပွားလာခြင်းနှင့် ရေညှိ တက်ခြင်းများ လျော့နည်းလာခြင်းစသည့် အကျိုးကျေးဇူး များ ရရှိနိုင်မည်ဖြစ်ပါသည်။ |
Design and construction of improved wind turbine blades for rural household electrification သုတေသနလုပ်ငန်း
မည်သည့်လေဦးတည်ချက်(AnyDirection) အတွက် မဆို လေအသင့်အတင့်ရရှိရုံဖြင့် လည်ပတ် နိုင်ခြင်း၊ တပိုင်တနိုင် ဒီဇိုင်းပြုလုပ်၍ တည်ဆောက် တပ်ဆင်ရာတွင် လွယ်ကူခြင်း၊ ဆူညံမှု(noise) မရှိ၍ ကျေးလက်နှင့်မြို့ပြများအတွက် အထူး သင့်လျော် ခြင်း၊ Household Electrification ကို ကုန်ကျစရိတ် နဲနဲဖြင့် အသုံးပြုနိုင်ခြင်း၊ Towerအမြင့်များစွာမလို အပ်သဖြင့်ကုန်ကျစရိတ်သက်သာခြင်း၊ Renewable Energy ကို အသုံးပြု၍ Environmental ကို ထိခိုက်မှု မရှိသဖြင့် Clean Energy ကို အသုံးပြုနိုင်ခြင်း၊ လေစွမ်းအင်နည်းပညာရပ်များ ကို လေ့လာလိုသူဘွဲ့ ကြိုကျောင်းသား၊ကျောင်းသူများအတွက်အထောက် အပံ့ဖြစ်စေခြင်း ၊ အပတ်စဉ်ဖွင့်လှစ်လျက်ရှိသော လေစွမ်းအင် လက်တွေ့အသုံးချသင်တန်း တွင်သင် ထောက်ကူအဖြစ် အသုံးပြု နိုင်ခြင်း စသည့် အကျိုး ကျေးဇူးများကိုရရှိနိုင်ပါသည်။ စွမ်းဆောင်ရည်မြင့် မားသော၊ သယ်ယူရွှေ့ပြောင်း၍ လွယ်ကူသော ၊ ကုန် ကျစရိတ်နဲသော Improved Wind Turbine Blade များအား Design ပြုလုပ်၍ တည် ဆောက် မည် ဖြစ်ပါသည်။ Street Light Application အတွက် ဖြစ်ပါသည်။ |
ဇီဝဒြပ်ထုသုံး စွမ်းအားမြှင့် မီးသွေးလောင်စာတောင့် ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း (Production of efficient biomass briquette)
ကျေးလက်ဒေသအတွင်းရှိ အလွယ်တကူ ရရှိ နိုင်သော စပါးခွံ၊အုန်းသီးခွံနှင့် သစ်သား လွှစာမှုန့်များ ကို လောင်စာ အခြေခံ၍ စွမ်းအားမြှင့် မီသွေးလောင်စာ တောင့် ထုတ်လုပ်နိုင်ရန်၊ အပူစွမ်းအင်ကို ပိုမို ရရှိနိုင်သည့် စွမ်းအင် ထိရောက်စွာ အသုံးပြု နိုင်သော စွမ်းအား မြှင့်လောင် စာတောင့် နည်းပညာများဖွံ့ဖြိုးတိုးတက်စေရန်နှင့် လျှပ် စစ်မီးအသုံးပြုမှု လျှော့ချနိုင်သော လောင်စာ တောင့် ထုတ်စက် နည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် စသည့် အကျိုးကျေးဇူးများ ကိုရရှိနိုင်ပါသည်။ |
IoT နည်းပညာဖြင့် ဘက်ထရီစွမ်းအင်စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း
Battery Energy Management and Monitoring System ဆိုင်ရာ ဒေတာခွဲခြမ်းစိတ်ဖြာမှု၊ ဆော့ဖ်ဝဲလ်ဖွံ့ဖြိုး တိုးတက်မှုနှင့် IoT နည်းပညာဆိုင်ရာ သုတေသနနှင့် စမ်းသပ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ ဘက်ထရီစွမ်းအင်စီမံခန့်ခွဲခြင်းဖြင့် ထိရောက်မှု၊ ယုံကြည်စိတ်ချရမှုနှင့် ရေရှည်တည်တံ့မှု တို့ကို အထောက်အကူဖြစ်စေခြင်း၊ မိုဘိုင်းအက်ပလီကေးရှင်းနှင့် cloud-based အက်ပလီ ကေးရှင်းများဖြင့် EV ဘက်ထရီစွမ်းအင် စီမံခန့်ခွဲမှုစနစ်အား အထောက်အပံ့ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ရန်အတွက် ဤသုတေသနကို ပြုလုပ်ခြင်းဖြစ်ပါသည်။ |
ဓာတုနည်းပညာသုတေသနဗဟိုဌာန
ငံပြာရည်၏ အရည်အသွေးအား မြှင့်တင်ခြင်း သုတေသနလုပ်ငန်း
အရည်အသွေးပြည့်မှီသော ငံပြာရည်အားစီးပွားဖြစ်ထုတ်လုပ် နိုင်သောနည်းပညာများကို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ နည်းပညာလွှဲပြောင်း ပေးနိုင်ရန်။ MSMEsများအား နည်းပညာလွှဲပြောင်း၊ ဖြန့်ဝေပေးနိုင်ခြင်းဖြင့် သွင်းကုန်အစားထိုး ကျန်းမာရေးနှင့်ညီညွတ်သော အရည် အသွေးမြင့်ငံပြာရည်များ ပြည်တွင်းဈေးကွက်တွင် ပေါများစွာ ရရှိစေနိုင်ခြင်း။ |
ဓနိသကြားလုံး၊ တော်ဖီ ပြုလုပ်ခြင်း သုတေသနလုပ်ငန်း
ဓနိသကြားရည်ဖြင့် တော်ဖီနှင့် သကြားလုံးများ စမ်းသပ်ထုတ်လုပ်နိုင်မည်ဖြစ်သည်။ နည်းပညာလိုအပ်၍ တောင်းဆို ထားသော MSMEs လုပ်ငန်းရှင်ထံသို့ နည်းပညာလွှဲပြောင်း ပေးနိုင်မည်ဖြစ်သည်။ ဓနိဖြင့် ပြုလုပ်သော တော်ဖီ ၊ သကြားလုံးသည် ကြီး/ငယ်မရွေး စားသုံးနိုင်သည့် စားစရာ တစ်မျိုး ဖြစ်လာမည်ဖြစ်၍ စမ်းသပ်ပြုလုပ်ခြင်းနှင့်ပတ်သက်သော အတွေ့အကြုံ၊ ဗဟုသုတများနှင့် အချက်အလက်များကို ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်မည် ဖြစ်သည်။ |
မန်ကျည်း၊ သံပုရာ၊ လိမ္မော်၊ နာနတ် Nutraceutical Drink ပြုလုပ်ခြင်းနည်းစဉ် သုတေသနလုပ်ငန်း
မန်ကျည်း၊သံပုရာ၊လိမ္မော်၊ နာနတ်မှ အာဟာရ ပြည့်ဝသော ကျန်းမာရေး အထောက် အကူပြု ဓါတ်ပေါင်းများကို မပျက်စီးစေပဲ အဆင့်မြင့် Nutraceutical Drink စမ်းသပ် ထုတ်လုပ်နိုင် မည်ဖြစ်ပါသည်။ သမရိုးကျဖျော်ရည်များ နှင့် ကွဲပြားခြားနားသည့် တန်ဖိုးမြင့် ထုတ်ကုန်သစ် (၄)မျိုးရရှိစေမည် ဖြစ်ပါသည်။ |
ဝါးပင်မှ Bamboo fiber (flour) နှင့် Bamboo Extract (silica) ထုတ်ယူခြင်း သုတေသနလုပ်ငန်း
မျစ်မှုန့်(Bamboo Flour) များကို အလှကုန်၊ ဆေးဝါး၊ကွတ်ကီး၊ကိတ်မှုန့်၊ အသားထုတ်ကုန်များ၊ငံပြာရည်နှင့် အခြားစားသောက် ကုန်များတွင်ထည့်၍ အသုံးပြုကြပါသည်။ မျစ်မှုန့်(Bamboo Flour)တွင်ပါဝင်သော ဖိုက်ဘာမျှင်သည် ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ချ ပေးပါသည်။ အဝလွန်ခြင်း၊ဆီးချိုရောဂါနှင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကိုလည်း လျော့ကျစေနိုင်ပါသည်။ ဝါးရွက်လက်ဖက်ရည်သည် အစာချေဖျက်မှုကိုကောင်းမွန်စေနိုင်ပြီး ဝါးရွက်လက်ဖက်ခြောက်တွင်ပါဝင်သော flavonoids နဲ့ phenolic compound များသည် အစာခြေလမ်းကြောင်းရှိ ရောင်ရမ်းမှုကိုလျှော့ချပေးပြီး အူကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ကော်လာဂျင်ထုတ် လုပ်မှုကိုပံ့ပိုးပေးသည့် အကျိုးပြုဆီလီကာပါဝင်ခြင်းကြောင့် အရိုးကျန်းမာရေးကိုကောင်းမွန်စေပြီး၊ ဆီလီကာတွင် Vitamin E ပါဝင်သောကြောင့် ဆံပင်နှင့် လက်သည်း၊ခြေသည်းများကိုကြံ့ခိုင်စေပြီး၊ကျန်းမာသောအသားအရည်ကိုလည်း ထိန်းညှိပေးနိုင်ပါသည်။ |
အာလူးအေးခဲအစို စမ်းသပ်ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း
အာလူးကို အလွယ်တကူကြော်စားနိုင်ရန် အသင့်ပြုလုပ်ထားသော အေးခဲအာလူးအစို ပြုလုပ်ခြင်းဖြင့် အာလူးကုန်ကြမ်းများ သိုလှောင်ထားရာမှ ပုတ်သိုးခြင်း၊ အညှောင့်ထွက်ခြင်းများကြောင့် လေလွင့်ဆုံးရှုံးခြင်းများမှ ကာကွယ်နိုင်ခြင်းကဲ့သို့ အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ |
ဆီအုန်းမှ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း
ဆီအုန်းကိုအခြေခံ၍ မာဂျရင်းစမ်းသပ်ထုတ်လုပ်ခြင်းဖြင့် စားသောက်ကုန်ပစ္စည်း တစ်ခုအဖြစ် ဖန်တီး ထုတ်လုပ်နိုင်ပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးသက်သာစွာနှင့် ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ပြီး တန်ဖိုးမြှင့်စားသုံးကုန်ပစ္စည်းများအဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။ နည်းပညာလွှဲပြောင်းနိုင်မည်ဖြစ်ပါသည်။ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်
၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်
Design and Analysis of Solar PV cooking system (Clean Cooking System) ပုံစံပြု ဆန်းစစ်လေ့လာခြင်းသုတေသနလုပ်ငန်း
Design and Construction of 300watts Vertical Axis Wind Turbine for Rual Household Electrification by using some e-waste components သုတေသနလုပ်ငန်း
စပါးခွံလောင်စာဓာတ်ငွေ့သုံး စွမ်းအားမြင့်မီးဖိုတည်ဆောက်ခြင်း သုတေသနလုပ်ငန်း
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်
၂၀၁၈ ကာလတို ဘဏ္ဍာရေးနှစ်
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်
2024
2023
2022
Coming soon...
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်