logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏
သမိုင်းကြောင်း၊
ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ

၁။ မူလဖွဲ့စည်းပုံ၏နောက်ခံသမိုင်း

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် အမှတ်(၆)၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့ (သစ္စာ) လမ်းဒေါင့်တွင် တည်ရှိပါသည်။ ဤဦးစီးဌာန၏ မူလတည်ရှိမှုအကျယ်အဝန်းမှာ (၃၅.၆၅၅) ဧကဖြစ်ပါသည်။ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် ၁၉၄၇ ခုနှစ်မှ စတင်၍ “နိုင်ငံတော်စက်မှုလက်မှုသုတေသန ဌာန” အမည်ဖြင့် ဖွဲ့စည်းဖြစ်ပေါ်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်မှ ယနေ့အထိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာန၏ ပြောင်းလဲဖြစ်ပေါ်ခဲ့ပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ၁၉၄၇ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စာရင်းအင်းဝန်ကြီးဌာန (Ministry of National Planning and Statistic)၊ ဝန်ကြီးချုပ်ရုံး (Prime Minister’s Office) အောက်တွင် နိုင်ငံတော်စက်မှုလက်မှုသုတေသနဌာန (State Industrial Research and Institute – SIRI)အဖြစ် သတ္တုဗေဒသုတေသနဌာန၊ ဆဲလ်လူးလို့ သုတေသနဌာနနှင့် ဓာတုဗေဒ ဓာတ်ခွဲဌာနတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

(ခ) ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ခေတ်မီသုတေသနလုပ်ငန်း များနှင့် အင်ဂျင်နီယာဘာသာရပ်များတိုးမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စက်မှု လက်မှုသုတေသနဌာနအားတိုးချဲ့ပြန်လည်ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုမြန်မာ နိုင်ငံလက်တွေ့သုတေသနလုပ်ငန်းအဖွဲ့(Union of Burma Applied Research Institute- UBARI) ဥပဒေ (အက်ဥပဒေ အမှတ် ၂၁၊ ၁၉၅၄) ကို (၅-၃-၁၉၅၅) ရက်နေ့တွင်ပြဌာန်းခဲ့ပြီး အမှတ်(၂)စက်မှုဝန်ကြီးဌာနလက်အောက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံလက်တွေ့သုတေသနလုပ်ငန်းအဖွဲ့ (Union of Burma Applied Research Institute – UBARI)အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့တွင် စက်မှုပညာပြန်ကြားရေးဌာန (Technical Information Centre – TIC) နှင့် အဏုမြူစွမ်းအင်ဌာန (Atomic Energy Centre – AEC) တို့အား တိုးချဲ့ပေါင်းစပ်ဖွဲ့စည်းခဲ့ပါသည်။

(ဂ) ၁၉၇၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံလက်တွေ့သုတေသန ဌာနအား အမှတ်(၂) စက်မှုဝန်ကြီးဌာနအောက်တွင်ပင် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ (Central Research Organization - CRO)အဖြစ်သို့ ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

(ဃ) ၁၉၇၅ ခုနှစ်တွင် အမှတ်(၂)စက်မှုဝန်ကြီးဌာနအောက် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ တွင်ပေါ်လီမာသုတေသနဌာနအား တိုးချဲ့ပေါင်းစပ်ဖွဲ့စည်းခဲ့ပါသည်။

(င) ၁၉၉၂ ခုနှစ်တွင် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့အား အမှတ်(၂)စက်မှုဝန်ကြီးဌာန အောက်မှ ပညာရေးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့ပါသည်။

(စ) ၁၉၉၄ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် “သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ” အား ပြဌာန်းခဲ့ပြီး ၁၉၅၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်း အဖွဲ့ဥပဒေအား ယင်းဥပဒေဖြင့် ရုတ်သိမ်းခဲ့ပါသည်။ ယင်းဥပဒေဖြင့် ဗဟိုသုတေသန လုပ်ငန်းအဖွဲ့အား ပညာရေးဝန်ကြီးဌာနအောက်တွင် မြန်မာ့သိပ္ပံနှင့်နည်းပညာ သုတေသနဦးစီးဌာန (Myanma Scientific and Technological Research Department – MSTRD) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

(ဆ) ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအား ဖွဲ့စည်းခဲ့ရာ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနသည် ထိုအချိန်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ တစ်ခုတည်းသော ဦးစီးဌာနဖြစ်ခဲ့ပါသည်။

(ဇ) ၁၉၉၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စမ်းသပ်စက်ရုံစု(မှော်ဘီ) အား အမှတ်(၁) စက်မှု ဝန်ကြီးဌာနမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသန ဦးစီးဌာနအောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

(ဈ) ၂၀၀၃ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စမ်းသပ်စက်ရုံစု(မှော်ဘီ) အား သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတွင်ပင် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနမှ စက်မှုနည်းပညာ မြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။

(ည) ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စမ်းသပ်စက်ရုံစု(မှော်ဘီ) အား သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အောက်တွင်ပင် စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပါသည်။

(ဋ) (၁.၄.၂၀၁၅)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်တွင်ပင် မြန်မာ့သိပ္ပံ နှင့်နည်းပညာသုတေသနဦးစီးဌာန(MSTRD)အား သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန (Department of Research and Innovation - DRI)အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

(ဌ) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အား ပညာရေးဝန်ကြီးဌာန အမည်ဖြင့် ပေါင်းစပ်ဖွဲ့စည်းခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI) သည် ပညာရေးဝန်ကြီးဌာနအောက်သို့ ပြောင်းလဲရောက်ရှိခဲ့ပါသည်။

(ဍ) ပြည်ထောင်စုလွတ်တော်က (၂၅-၆-၂၀၁၈) ရက်နေ့တွင် ဥပဒေအမှတ်(၂၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သော သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဥပဒေ အခန်း(၆)တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့ပါသည်။

၂။ ရည်မှန်းချက်

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

(က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊

(ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊

(ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊

(င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊

(စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊

(ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊

၃။ မူဝါဒ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ မူဝါဒများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က) စီးပွားရေးနှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော ပြန်ပြည့် မြဲစွမ်းအင်ကဏ္ဍ၊ အီလက်ထရောနစ် နည်းပညာကဏ္ဍ၊ ဓါတုနည်းပညာကဏ္ဍ၊ အစားအစာနည်းပညာကဏ္ဍ၊ ပိုလီမာနှင့်ကွန်ပို့စစ်နည်းပညာကဏ္ဍနှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍများတွင် သုတေသနနှင့် ဆန်းသစ်တီထွင် မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊

(ခ) စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက် အကူပြုသော အမျိုးသားအဆင့် အရည်အသွေးအခြေခံ အဆောက်အအုံများ ကြံ့ခိုင် အားကောင်းလာစေရေး ဆောင်ရွက်ရန်၊

(ဂ) အဆင့်မြင့်ဓာတ်ခွဲခန်းများဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုသော ဓာတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်ရန်၊

(ဃ) တက္ကသိုလ်များ၊စက်မှုလုပ်ငန်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်၊

(င) နည်းပညာကဏ္ဍ အသီးသီးတွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊

၄။ လုပ်ငန်းတာဝန်များ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လုပ်ငန်းတာဝန် များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

(က) မြန်မာစံချိန်စံညွှန်းချမှတ်ခြင်းနှင့် အသိအမှတ်ပြုခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စံချိန်စံညွှန်းဆိုင်ရာ ဥပဒေပြဌာန်းကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ခ) အမျိုးသားအဆင့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံအား ထူထောင်၍ တိကျစွာ တိုင်းတာခြင်းနည်းပညာဥပဒေကို ပြဌာန်းကျင့်သုံး အကောင်အထည်ဖော်ဆောင် ရွက်ခြင်း၊

(ဂ) ISO/IEC 17025 လက်မှတ်ရဓာတ်ခွဲခန်းများ ဖြစ်ပေါ်လာရေးဆောင်ရွက်ခြင်း၊ ဓာတ်ခွဲ ခန်းကွန်ရက်တည်ထောင်ခြင်းနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများ၏ ကျွမ်းကျင်မှု အရည်အချင်းမြှင့် တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဃ) စက်မှုကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံခြားသွင်းကုန်၊ ပို့ကုန်ပစ္စည်းများနှင့် ကုန်ကြမ်း၊ ကုန်ချောများကို ရည်ညွှန်း ဓာတ်ခွဲခန်းတစ်ခုအနေဖြင့် အရည်အသွေးစစ်ဆေး ဓာတ်ခွဲတိုင်းတာစမ်းသပ်ပေးခြင်း၊

(င) ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာဆိုင်ရာ ခေတ်မီနည်းပညာများ လေ့လာခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာများဖော်ထုတ်ပေးခြင်း၊ သုတေသနရလဒ် များအား နည်းပညာဖြန့်ဝေခြင်းနှင့် လွှဲပြောင်းခြင်းများ ဆောင်ရွက်ပေးခြင်း၊

(စ) ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးရေးဆိုင်ရာ လက်တွေ့ဓာတုဗေဒနည်းပညာ၊ နာနိုနည်းပညာ၊ အစားအစာနည်းပညာ၊ ဆေးဝါးအထောက်အကူပြုနည်းပညာ၊ ပိုလီမာနှင့်ကွန်ပို့စစ် နည်းပညာ သုတေသနဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊ သုတေသန ရလဒ်များကို နည်းပညာတောင်းဆိုထားသော စီးပွားရေးလုပ်ငန်းရှင်များထံသို့ နည်းပညာလွှဲပြောင်း ပေးခြင်း၊ ဖြန့်ဝေပေးခြင်း၊ နည်းပညာအကြံပေးခြင်းများနှင့် နည်းပညာပြန့်ပွား ခြင်းများ ဆောင်ရွက်ခြင်း၊

(ဆ) နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့ အစည်း များ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့် စက်မှုလုပ်ငန်းများအကြား သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ (ဇ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲ များ၊ နှီးနှောဖလှယ်ပွဲများကျင်းပခြင်း၊ အသိဉာဏ်မျှဝေခြင်း၊ သတင်းအချက်အလက် များ ပြုစုထိန်းသိမ်းခြင်းနှင့် ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဈ) အမျိုးသားသိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုကောင်စီရုံး၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ခြင်း၊

(ည) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့်‌ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက် ခြင်း၊

(ဋ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊