logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ပြည်တွင်းပြည်ပပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားဆောင်ရွက်မှုများ

အမျိုးသားဓာတ်ခွဲခန်းသည် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ နည်းပညာများနှင့် စွမ်းဆောင်ရည် များ၊ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ   ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါ သည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ

၁။ မြန်မာအစာအာဟာရ ဓာတ်ခွဲခန်းကွန်ယက်(Myanmar Food Laboratory Network- MFLN) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ဓာတ်ခွဲ ကျွမ်းကျင်မှုများကို မျှဝေရေးနှင့် ဓာတ်ခွဲခန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး Platform တစ်ရပ် အဖြစ် ရပ်တည်နိုင်ရန် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

 

စဉ်

ဓာတ်ခွဲခန်းများ

ဝန်ကြီးဌာနများ

၁။

အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

၂။

အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

၃။

လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

၄။

ဆေးသုတေသနဦးစီးဌာန

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

၅။

ငါးလုပ်ငန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာန ၊ငါးလုပ်ငန်းဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန

၆။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန

၇။

တိရစ္ဆာန်များ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း၊ စိုက်ပျိုးရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန

၈။

သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

၉။

စိုက်ပျိုးသီးနှံထွက်ကုန်များအရည်အသွေးစစ်

ဆေးရေးဌာနစုဓာတ်ခွဲခန်း၊ စိုက်ပျိုးရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန

၁၀။

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေး စီမံခန့်ခွဲမှုဌာနစု

စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန

၁၁။

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်တိုင်းတာမှု

လုပ်ငန်း

စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန

၁၂။

တက္ကသိုလ်များသိပ္ပံသုတေသနဌာန၊

ရန်ကုန်တက္ကသိုလ်

ပညာရေးဝန်ကြီးဌာန

၁၃။

အမျိုးသားစံချိန်စံညွှှန်းနှင့်အရည်အသွေးဌာန၊

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

၁၄။

အမျိုးသားဓာတ်ခွဲခန်း၊

သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန  

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

၁၅။

စားသောက်ကုန်လုပ်ငန်းဖွံဖြိုးရေးအထောက်

အကူပြုဓာတ်ခွဲခန်း၊

မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ ရောင်းချ သူများအသင်း

၁၆။

ဂေဟစနစ်ဆိုင်ရာဓာတ်ခွဲခန်း

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း

၁၇။

အရည်အသွေးအကဲဖြတ် ဓာတ်ခွဲခန်း

မြန်မာ့သြဘာကုမ္ပဏီ

     

၂။ ASEAN- India သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ (AISTDF ) အောက်ရှိ ASEAN-India သုတေသနပူးပေါင်းဆောင်ရွက်မှုအစီအစဥ် (AIRD) အရ “အလင်းမှီနာနိုအမှုန် များ ထုတ်လုပ်ပြီး စွမ်းအင်နှင့်ရေသန့်စင်မှုစီမံကိန်းများတွင် အသုံးပြုရန်အတွက် စမ်းသပ်ခြင်းဆိုင်ရာ စီမံကိန်း” ကို ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ၊ ITM University, Gwallor နှင့် သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနတို့သည်(၅-၃-၂၀၂၀)တွင် သုတေသနပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန် လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ သုတေသနပူပေါင်း ဆောင်ရွက်မှုစီမံကိန်းအရ အမျိုးသားဓာတ်ခွဲခန်းနှင့် ITM University တို့သည် နာနိုနည်းပညာဆိုင်ရာ သုတေသနများကို ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

၃။ German National Metrology Institute (PTB) နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသော “Strengthening Quality Infrastructure in Myanmar” Technical cooperation project အရ အမျိုးသားဓာတ်ခွဲခန်း၏ ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ရလဒ်နှင့် အရည်အသွေးများကို ကောင်းမွန်မှန်ကန်စေရန်နှင့် နိုင်ငံတကာအဆင့်မီစေရန် (PTB)၏ အကူအညီဖြင့် အောက်ပါ PT Program များတွင်ပါ၀င်နိုင်ခဲ့ပါသည်။

 

No.

Instrument

Analysis

Parameter

Reported Results

Support

1

AAS

Heavy Metals in Water

As,Cd,Cr,Fe,Mn,Mg,Pb,Zn

Satisfied

PTB

2

AAS

Heavy Metals in Drinking Water

Fe,Cd.Mo

Satisfied

PTB

3

AAS

Heavy Metals in Drinking Water

Heavy Metals

Satisfied

PTB

4

AAS

Heavy metals in waste water

Cadmium, Nickel, Zinc

Satisfied

PTB

5

AAS

Heavy metals and moisture content in rice flour

Moisture content

Satisfied

PTB

LCMS

Soy Sauce

Benzoic Acid, Methyl Paraben, Butyl Paraben

Satisfied

PTB

6

ICP-OES

ICP-MS

Heavy Metals in

waste Water

Arsenic, Cadmium, Lead, Mercury

Satisfied

PTB

7

AAS

Heavy Metals in Food Supplement

Ca, Mg, Mn, Zn

Satisfied

PTB

8

AAS

ICP-OES

Trace Elements in Portable Water and Drinking Water

Trace Elements

Satisfied

UNIDO

GC-MS

Surface Water, Ground Water and Drinking Water

Pesticides, Chrysene,

BTEX

Satisfied

UNIDO