logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော စက်ရုံအလုပ်ရုံများမှ ကုန်ပစ္စည်းများ၊ စက် ပစ္စည်းများထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်လိုက်သော ပစ္စည်းများအား စမ်းသပ်စစ်ဆေးခြင်း၊ ကုန်ကြမ်း ပစ္စည်းများအား စမ်းသပ်စစ်ဆေးခြင်း၊ နိုင်ငံသားများ၏ကျန်းမာရေးအတွက် အရေးပါသည့် သဘာဝ ပတ်ဝန်းကျင်မှပစ္စည်းများကို စမ်းသပ်တိုင်းတာခြင်း၊ နိုင်ငံတော်အကျိုးပြု သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းအသီးသီးအတွက် ဓာတ်ခွဲစမ်းသပ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားစီးပွားရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စက်မှုကဏ္ဍတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် အမျိုးသားဓာတ်ခွဲခန်းကို ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ လိုအပ်သော စက်ပစ္စည်းကိရိယာများ တပ်ဆင်ခြင်း၊ ဓာတ်ခွဲကျွမ်းကျင်မှုသင်တန်းများဖြင့် လေ့ကျင့်သင်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး (ယခင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)မှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတည်ရှိရာ အမှတ်(၆)၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အဆင့်မြင့်ဓာတ်ခွဲစမ်းသပ်ပစ္စည်းများဖြင့် စမ်းသပ်ခြင်း၊ ဓာတ်ခွဲခြင်း၊ သွင်ပြင်လက္ခဏာများကို ဖော်ထုတ်ခြင်းနှင့် တိုင်ပင်ဆွေးနွေးပေးခြင်း၊ ဓာတုပစ္စည်းများ၊ ထုတ်ကုန်များတွင် ဓာတုပစ္စည်းပါဝင်မှု၊ ညစ်ညမ်းမှုနှင့် အရည်အသွေးတိုင်းတာပေးခြင်း စသည့်လုပ်ငန်းများကို ယခုအခါတွင် ဌာနခွဲငါးခုဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။           

အမျိုးသားဓာတ်ခွဲခန်းအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေပုံ (၆- ၁၀- ၂၀၁၅)

 

မျှော်မှန်းချက်
ISO/ IEC 17025 အသိအမှတ်ပြုဓာတ်ခွဲခန်းတစ်ခုအဖြစ် ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်း များကို တိကျမှန်ကန်စွာ ဆောင်ရွက်ပေးရန်

 

ရည်မှန်းချက်များ
•    နိုင်ငံခြားသွင်းကုန်၊ ပို့ကုန်ပစ္စည်းများကို သတ်မှတ်ထားသော အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေးပေးခြင်းဖြင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်
•    အရည်အသွေးမြင့်မားသော တွင်းထွက်သယံဇာတ အရင်းအမြစ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် ဓာတ်ခွဲစမ်းသပ်ပေးခြင်းဖြင့် အထောက်အကူပြုရန်
•    ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ ရေအရင်း အမြစ်များနှင့် စက်မှုထုတ်ကုန်ပစ္စည်းများ အရည်အချင်းပြည့်မှီစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်ခွဲ တိုင်းတာခြင်းများ ဆောင်ရွက်ရန်
•    ခေတ်မီဆန်းသစ်သော ဓာတ်ခွဲခန်းကိရိယာများနှင့် ဓာတ်ခွဲနည်းပညာများကို အသုံးပြုပြီး သင်တန်းပေးခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်
•    ဒြပ်ပစ္စည်းသိပ္ပံ၊ ဇီဝသိပ္ပံကဏ္ဍများတွင် အဆင့်မြင့် ဓာတ်ခွဲတိုင်းတာပေးခြင်းဖြင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန်
•    လူနေမှုဘ၀ဘေးကင်းလုံခြုံရေးအတွက် စက်ရုံများ၊ အဆောက်အဦးနှင့်လုပ်ငန်းသုံးပစ္စည်းများ အား စစ်ဆေးပေးရန်
•    ပြည်တွင်းရှိ ဓာတ်ခွဲခန်းများနှင့် ချိတ်ဆက်၍ ဓာတ်ခွဲခန်းကွန်ယက် ဖွဲ့စည်းဆောင်ရွက်ရန်

လုပ်ငန်းစဉ်များ
•    နိုင်ငံခြားသွင်းကုန်၊ ပို့ကုန်ပစ္စည်းများကို သတ်မှတ်ထားသော အရည်အသွေးပြည့်မီမှု ရှိ/မရှိနှင့် အမျိုးအစား မှန်ကန်မှု ရှိ/မရှိကို ရည်ညွှန်းဓာတ်ခွဲခန်းတစ်ခုအနေဖြင့် တိုင်းတာစစ်ဆေးပေးခြင်း၊
•    ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းများ၊ ရေအရင်းအမြစ်များ၊ အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ၊ သယံဇာတနှင့်ဓာတ်သတ္တုပစ္စည်းများ၏ အရည်အသွေးများကို  ဓာတ်ခွဲတိုင်းတာ စစ်ဆေးပေးခြင်း၊
•    စက်ရုံများ၊ အဆောက်အဦနှင့် လုပ်ငန်းသုံးပစ္စည်းများအား မူရင်းမပျက်တိုင်းတာ စစ်ဆေးပေးခြင်း၊
•    မြန်မာအစားအစာဓာတ်ခွဲခန်းများကွန်ယက်အဖွဲ့ Myanmar Food Laboratory Network (MFLN)တွင် ပါဝင်ပြီး အစားအသောက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှုများ အရည်အသွေးပြည့်ဝမှုရှိ စေရန်  ပူးပေါင်းဆောင်ရွက်ခြင်း၊
•    ISO/IEC 17025  အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် လိုအပ်ချက်များ  ဖြည့်ဆည်း ဆောင်ရွက်ခြင်း၊

အမျိုးသားဓာတ်ခွဲခန်းရှိ  အဆင့်မြင့် စက်ပစ္စည်းကိရိယာများ

 

 

ဒြပ်ပစ္စည်းဂုဏ်သတ္တိ

တိုင်းတာစမ်းသပ်ရေးဌာန

  1. X-Ray Diffractometer (XRD)
  2. X-Ray Fluorescence (XRF)
  3. Arc Spark OES
  4. Bomb Calorimeter For Fuel
  5. Flash Point Analyzer
  6. Creep Testing Machine
  7. Surface Area and Pore size Analyzer

 

 

ဓာတုဓာတ်ခွဲဌာန

  1. Gas Chromatography- Mass Spectrometry (GC-MS)
  2.  Liquid  Chromatography- Mass Spectrometry (LC-MS)
  3. Ultra Violet Visible Spectrophotometer(UV/VIS/NIR )
  4. Fourier  Transform Infrared Spectrophotometer(FTIR)
  5. Differential Scanning Calorimeter (DSC)
  6. Simultaneous Thermal Analyzer(STA)

 

 

ဒြပ်စင်ဓာတ်ခွဲဌာန

  1. Atomic Absorption Spectrometer(AAS)
  2. Inductively Coupled Plasma Optical Emission Spectrometer(ICP-OES)
  3. Inductively Coupled Plasma Mass Spectrometer (ICP-MS)
  4. Carbon Sulphur  Analyzer(C/S) Analyzer
  5. Oxygen/Nitrogen/Hydrogen Analyzer(O/N/H Analyzer)

 

အဏုစိတ်ဓာတ်ခွဲဌာန

  1. Auriga CrossBeam Workstation (FE-SEM)
  2. Transmission Electron Microscope (TEM)
  3. Automated AFM inspection system including Optical

မူရင်းမပျက်တိုင်းတာ

စမ်းသပ်သည့်ဌာန

  1. CT X-ray System (Fein Focus)
  2. Phase Array Ultrasonic
  3. X -ray Machine(Milifocus)
  4. X -ray Machine(Portable)
  5. Co-60(Radioactive Source)
  6. Imaging Plate Scanner