ဌာန၏နောက်ခံသမိုင်းကြောင်း
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနဟူ၍ နောင်တွင်ခေါ်တွင်မည်ဖြစ်သော မြန်မာနိုင်ငံတော်စက်မှုလက်မှုသုတေသနအဖွဲ့ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ(၂၂) ရက်နေ့တွင် တည်ထောင်ခဲ့ပါသည်။ နည်းပညာပြန်ကြားရေးဌာနကို ၁၉၄၈ ခုနှစ်၊ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ စတင်တည်ထောင်စဉ်က ရန်ကုန်မြို့၊ ကုန်သည်လမ်း အမှတ် ၅၂၁၊ (၃၈လမ်းနှင့်ကုန်သည်လမ်းထောင့်)စာပေဗိမာန်နှင့် ကိုက်အနည်းငယ်အကွာတွင်တည်ရှိခဲ့သည်။
အမှတ်(၁) ကံဘဲ့လမ်း (ယခု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန) တည်ရှိရာနေရာသို့ နည်းပညာပြန်ကြားရေးဌာနအား အမှတ် ၅၂၁၊ ကုန်သည်လမ်းမှ ပြောင်းရွှေ့လာစေရာ ၁၉၅၅ခုနှစ်၊ ဇွန်လ ၂၈ရက်နေ့တွင် စက်မှုလက်မှုဝန်ကြီးက ယင်းဌာနကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်လှစ်စဉ်ကာလက စာအုပ် (၃၀၀၀)သာရှိပါသည်။
ထို့နောက် အမှတ်(၁) ကံဘဲ့လမ်းမှ အမှတ်(၆) ကမ္ဘာအေးဘုရားလမ်းသို့ ၁၉၆၄ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပါသည်။ နည်းပညာပြန်ကြားရေးဌာနသည် စုစုပေါင်းစတုရန်းပေ ( ၁၀၂၉၆ ) ကျယ်ဝန်းကာ အမှတ် ၆၊ ကမ္ဘာအေးဘုရားလမ်းရှိ မျက်နှာစာအဆောင်၏ မြေညီထပ် အဆောင် (အေ) နှင့် (ဘီ) တွင် တည်ရှိပါသည်။
နည်းပညာပြန်ကြားရေးဌာန၏ ပထမဆုံး စာကြည့်တိုက်မှူးမှာ ဦးဇင်မောင် ဖြစ်ပါသည်။ ဦးဇင်မောင်သည် နည်းပညာပြန်ကြားရေးဌာနကို တည်ထောင်ခဲ့သူဖြစ်ပါသည်။
ဦးဇင်မောင်အား အမေရိကန်နိုင်ငံ၊ ချီကာဂိုတက္ကသိုလ်သို့ပို့လွှတ်၍ စာကြည့်တိုက်ပညာကိုသင်ယူစေရာ စာကြည့်တိုက်ပညာမဟာသိပ္ပံဘွဲ့ ရရှိခဲ့ပါသည်။ ယခုအခါ နည်းပညာပြန်ကြားရေးဌာနတွင် သိပ္ပံစာအုပ်၊ စာစောင်နှင့်အစီရင်ခံစာ စုစုပေါင်း ( ၂၈၀၆၅ )အုပ်၊ မဂ္ဂဇင်းအမျိုးပေါင်း (၁၃၆၈)မျိုး စောင်ရေ (၈၅၅၂၄)စောင် စုဆောင်းထားရှိပါသည်။
နည်းပညာပြန်ကြားရေးဌာနတွင် ဌာနခွဲ (၅) ခုရှိပါသည်။
(၁) စာကြည့်တိုက်စီမံခန့်ခွဲရေးနှင့်စာပြုဌာနစိတ်
(၂) ရည်ညွှန်း၊ စာငှါးနှင့်ပြန်ကြားရေးဌာနစိတ်
(၃) စာနယ်ဇင်းဌာနစိတ်
(၄) အီလက်ထရောနစ်စာကြည့်တိုက်
(၅) နျူကလိယအကြောင်းအချက်ဝန်ဆောင်မှုဌာနစိတ်
မျှော်မှန်းချက်
စာပေလေ့လာသူများအား ပိုမိုခေတ်မှီသောစာအုပ်၊ဂျာနယ်၊CD-ROM စသော စာပေပစ္စည်းများကို စုဆောင်းထားရှိကာ သတင်းအချက်အလက်နည်းပညာ (Information Technology)နှင့် စာကြည့်တိုက်ပညာ (Library Science)တို့ ပူးပေါင်းအသုံးချကာ ပိုမိုထိရောက်လျင်မြန်စွာ ပြန်ကြားပေးနိုင်ရန်ဖြစ်ပါသည်။
ရည်မှန်းချက်
နည်းပညာပြန်ကြားရေးဌာန (စာကြည့်တိုက်) သည် သိပ္ပံနှင့်နည်းပညာဗဟုသုတများ လေ့လာမှတ်သားနိုင်ရန်နှင့် သတင်းအချက်အလက်များရယူနိုင်ရေးအတွက် ဝန်ဆောင်မှုပေးရန်ဖြစ်ပါသည်။
ဌာန၏ ဆောင်ရွက်ပေးနိုင်မည့် ဝန်ဆောင်မှုများ/ လုပ်ငန်းများ
နည်းပညာပြန်ကြားရေးဌာနသည် အထောက်အကူပြုဌာနတခုဖြစ်ပါသည်။ နည်းပညာပြန်ကြားရေးဌာနသည် သတင်းအချက်အလက်နည်းပညာလိုအပ်သည်များကို တက္ကသိုလ်၊ ကောလိပ်များ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ၊ မဟာတန်း၊ ပါရဂူတန်းမှ ကျောင်းသား/ကျောင်းသူများ၊ လုပ်ငန်းစုများအားလုံး၊ သိပ္ပံပညာရှင်များ၊ သုတေသီများ၊ အစိုးရဌာနများနှင့် အခြားသောအစိုးရမဟုတ်သော အဖွဲ့အစည်းများကို ပံ့ပိုးဝန်ဆောင်မှုပေးရန်ဖြစ်ပါသည်။
နည်းပညာပြန်ကြားရေးဌာန၏လုပ်ငန်းတာဝန်များ
(၁) သုတေသနဌာနများသို့ လစဉ်စာအုပ်အသစ်များစာရင်းကို ပြုစုဖြန့်ဝေခြင်း။
(၂) စာနယ်ဇင်းများမှ သတင်းအချက် အလက်များကိုထုတ်ယူခြင်းနှင့် သုတေသီများ မဟာတန်း/ပါရဂူတန်းများမှ
ကျောင်းသာများအား အညွှန်း (Indexes) နှင့်အကျဉ်းချုပ် ( Abstracts ) သုံးနည်းကိုသင်ပြပေးခြင်း။
(၃) ရည်ညွှန်းစာအုပ်များနှင့် Text Books စာအုပ်များမှသိလိုသော သတင်းအချက်အလက်များထုတ်ယူခြင်း။
(၄) နျူးကလီယား သတင်းအချက်အလက်လိုအပ်သူများကို CD-ROMs မှ ထုတ်ယူပြန်ကြားပေးခြင်း။
(၅) သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနရှိ ဌာနအသီးသီးမှ သုတေသနအစီရင်ခံစာများကို မှတ်ပုံတင်ထားရှိပြီး
အညွှန်းပြုလုပ်ရန်ပြင်ဆင်ခြင်း။
(၆) e-Libray ရှိ database server အတွင်းသို့ စာအုပ်များ ဂျာနယ်များကို စာရင်းသွင်းပါသည်
(၇) အိန္ဒိယနိုင်ငံမှလှူဒါန်းထားသော scanner ဖြင့် စာအုပ်များကို scan ဖတ်ခြင်း၊ DVD ဖြင့် စုဆောင်းသိမ်းဆည်းခြင်း
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
(၈) စာကြည့်တိုက်လုပ်ငန်းများဖြစ်သောစာအုပ်ဝယ်ယူစုဆောင်းခြင်း၊ မျိုးတူစုပြုခြင်း၊ ကတ်တလောက်ရေးခြင်း၊
သတင်းအချက်အလက်ဖြန့်ဝေခြင်းနှင့် စာကြည့်တိုက်သန့်ရှင်းရေးတို့ကို လုပ်ဆောင်ကြပါသည်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ
အပြည်ပြည်ဆိုင်ရာနျူးကလီးယားသတင်းအချက်အလက်ပြန်ကြားရေးစနစ်အဖွဲ့ (International Nuclear Information System (INIS)၏ ( ၉၂ )နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ၁၉၉၅၊ သြဂုတ်လ ၂၂ ရက်နေ့တွင် သတ်မှတ်ခဲ့သဖြင့် နည်းပညာပြန်ကြားရေးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ INIS နှင့်ပတ်သက်သည့် ဗဟိုဌာနလည်း ဖြစ်လာပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးအရာရှိမှာ ဉီးလှဝင်း ဖြစ်ပါသည်။ နှစ်စဉ် မြန်မာနိုင်ငံမှ နျူးကလီယားဆိုင်ရာသုတေသနစာပေများပေးပို့ခြင်၊ INIS ရုံးချုပ်သည် အဖွဲ့ဝင်နိုင်ငံများမှ အချက်အလက်များကို CD-ROM တွင် ထည့်သွင်း၍ စာတိုက်မှပေးပို့သဖြင့် Nuclear Information လိုအပ်သည့် ကျောင်းသား/သူများ CD-ROM မှ ကမ္ဘာ့စာပေများကို ရှာဖွေဖတ်ရှုနိုင်ပါသည်။
ပြုစုခဲ့သော စာစုစာရင်းမျာ:
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာပြန်ကြားရေးဌာနရှိ စာကြည့်တိုက်တွင် အောက်ဖော်ပြပါစာအုပ်များအားရုံးချိန်အတွင်း လာရောက်ဖတ်ရှု့နိုင်ပါသည်။
Sr. No. |
Title |
Author |
ISBN |
Edition |
Year |
1. |
Implementing ISO/IEC 17025:2017 |
Bob Mehta |
9780873899802 |
2nd Edition |
2019 |
2. |
Waste-to-Energy Technologies and Global Applications |
Efstrations N, Kalogirou |
9781138035201 |
- |
2018 |
3. |
Photovoltaic Solar Energy from Fundamentals to Applications |
Angelae Reinders |
9781118927465 |
- |
2017 |
4. |
The Science and Technology of Industrial Water Treatment |
Zahid Amjad |
9781138198975 |
1st Edition |
2016 |
5. |
Thermal Food Processing: New Technologies and Quality Issues, |
Da-Wen Sun |
9781439876787 |
2nd Edition |
2012 |
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်