logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

AI Tools လက်တွေ့အသုံးချခြင်းဆိုင်ရာ အသိပညာမျှဝေခြင်းအစီအစဉ်

1 week ago
AI နည်းပညာဆိုင်ရာ အသိပညာမျှဝေမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာစေရန်၊ လုပ်ငန်းဆောင်ရွက်မှုများ၏ အချိန်နှင့် လူ့စွမ်းအားအရင်းအမြစ်အသုံးချမှုကို ပိုမိုထိရောက်စေရန် နှင့် ဝန်ထမ်းများ၏ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုစွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ “AI Tools လက်တွေ့အသုံးချခြင်းဆိုင်ရာ အသိပညာမျှဝေခြင်း အစီအစဉ်” ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ TTHub သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အသိပညာမျှဝေခြင်းအစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိ...

အမှတ်စဥ်(၂၅)နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့အသုံးချသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

1 month ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာန၊ ရန်ကုန်တွင် (၈-၆-၂၀၂၆) ရက်နေ့မှ (၁၉-၆-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည့် အမှတ်စဉ်(၂၅) နေရောင်ခြည်စွမ်းအင်နည်းပညာ လက်တွေ့ အသုံးချသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၈-၆-၂၀၂၆) ရက်နေ့ နံနက် (၉း၃၀)နာရီ အချိန်တွင် အခမ်းအနား စတင်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်း မှ အခမ်းအနား အဖွင့်မိန့်ခွန်း ပြောကြား၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစက...

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိသက်ပြည့်ပင်စင်ဝန်ထမ်းများအားဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် ဝန်ထမ်းမိသားစုများ၏ ကျောင်းသား/ကျောင်းသူများ အတွက် ပညာသင် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနား

1 month ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင်အသက်(၆၂)နှစ်ပြည့် သည် အထိ တာဝန်ထမ်းဆောင်ခဲ့သော သက်ပြည့်ပင်စင်ဝန်ထမ်း များအား ဂုဏ်ပြုနှုတ်ဆက်ပွဲ နှင့် (၂၀၂၆-၂၀၂၇)ပညာသင်နှစ်အတွင်း ဝန်ထမ်းမိသားစုများ၏ ကျောင်းသား/ ကျောင်းသူ များ အတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနကထောက်ပံ့ပေးသည့်ကျောင်းသုံးဗလာစာအုပ်များ၊စာရေးကိရိယာများနှင့် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို (၈-၆-၂၀၂၆) တနလာနေ့ နံနက်(၁၀း၃၀)နာရီတွင်သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနစုဝေးခန်းမ၌ကျင်းပ ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ အ...

The 1/2026 Meeting of the Myanmar Accreditation Committee under the Department of Research and Innovation

1 month ago
The assessment team of the Myanmar Accreditation Body On site visited the Laboratory (Yangon) under the Small Scale Industries Department and conducted an Initial Assessment to evaluate compliance with ISO/IEC 17025, the international standard required for laboratories. The laboratory subsequently corrected and submitted the non-conformities identified by the assessment team, and the Myanmar Accreditation Body has already reviewed the corrective actions. Therefore, in order to obtain the approval and remarks of the members of the Myanmar Accreditation Committee regarding the granting of the ISO/IEC 17025 accreditation certificate, the (1/2026) meeting of the Myanmar Accreditation Committee was held online on 19 May 2026, in the meeting hall of the Department of Research and Innovation. At the meeting, the Director General of the Department of Research and Innovation, Dr. Phyu Phyu Win, delivered the opening remark and members of the Myanmar Accreditation Committee attended and presented their opinions and remarks regarding the granting of the ISO/IEC 17025 accreditation certificate to the laboratory. During the holding of the (1/2026) Meeting of the Myanmar Accreditation Committee...

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ (၁/၂၀၂၆) ကြိမ်မြောက်၊ မြန်မာအသိအမှတ်ပြုကော်မတီအစည်းအဝေး

1 month ago
မြန်မာအသိအမှတ်ပြုအဖွဲ့၏ အကဲဖြတ်စစ်ဆေးရေးအဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ၊ ဓာတ်ခွဲခန်း (ရန်ကုန်)သို့ သွားရောက်၍ ဓာတ်ခွဲခန်းများလိုက်နာရမည့် နိုင်ငံတကာ စံချိန်စံညွှန်း ဖြစ်သော ISO/IEC 17025 နှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှုအပေါ် Initial Assessment စစ်ဆေးခဲ့ပါသည်။ အဆိုပါဓာတ်ခွဲခန်းသည် အကဲဖြတ်စစ်ဆေးရေးအဖွဲ့မှတွေ့ရှိရ သည့်မကိုက်ညီမှုများအားပြင်ဆင်ပေးပို့ခဲ့ပြီး မြန်မာအသိအမှတ်ပြုအဖွဲ့မှ ပြင်ဆင်ချက်များ အပေါ် Review ပြုလုပ်ပြီး ISO/IEC 17025အသိအမှတ်ပြုလွှာပေးအပ်နိုင်ရေးအတွက် မြန်မာအသိအမှတ်ပြုကော်မတီအဖွဲ့ဝင်များ၏ အတည်ပြုသဘောထားမှတ်ချက်ကို ရ...

Meeting on the awarding of accreditation Certificate to Internationally Accredited Laboratory and the approval of Data Requested from Domestic Laboratories Convened

1 month ago
With the objectives of presenting accreditation certificates to internationally accredited laboratory, verifying and publishing laboratory-related data, enhancing inter-laboratory cooperation, and enabling laboratory professionals to discuss and provide recommendations on future work plans, the "Meeting on the awarding of Accreditation Certificate to Internationally Accredited Laboratory and the Verification of Data Requested from Domestic Laboratories" was held in a hybrid format on May 21, 2026, at 1:00 PM at the Assembly Hall of the Department of Research and Innovation. During the meeting, opening addresses were delivered by Dr. Phyu Phyu Win, Director General of the Department of Research and Innovation, Dr. Daw Khin Chit, Chairperson of the Myanmar Food Laboratory Network, and Dr. Aye Aye San, Chairperson of the Myanmar Private Hospitals Association. During the meeting, Dr. Phyu Phyu Win, Director General of the Department of Research and Innovation, awarded the ISO/IEC 17025 International Accreditation Certificate to an official from the Department of Small Scale Industries, laboratory (Yangon) after which discussions were held regarding the verification of data requested and received from domestic laboratories. The event was attended by a total of 171 participants, comprising members of the Myanmar Accreditation Committee alongside representatives from both public and private domestic laboratories, with 71 delegates attending in person and 100 participati...

နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရဓာတ်ခွဲခန်းအား အသိအမှတ်ပြုလွှာပေးအပ်ခြင်းနှင့် ပြည်တွင်းရှိဓာတ်ခွဲခန်းများမှတောင်းခံရရှိသည့် အချက်အလက်များ အတည်ပြုနိုင်ရေး အစည်းအဝေး

2 months ago
နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရဓာတ်ခွဲခန်းအား အသိအမှတ်ပြုလွှာပေးအပ်နိုင်ရေးနှင့် ဓာတ်ခွဲခန်းဆိုင်ရာအချက်အလက်များအား အတည်ပြုထုတ်ပြန်နိုင်ရေး၊ဓာတ်ခွဲခန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ်ဓာတ်ခွဲခန်းပညာရှင်များမှဆွေးနွေးအကြံပြုနိုင်ရေးတို့အတွက်ရည်ရွယ်၍"နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရဓာတ်ခွဲခန်းအား အသိအမှတ်ပြုလွှာပေးအပ်ခြင်းနှင့် ပြည်တွင်းရှိဓာတ်ခွဲခန်းများမှ တောင်းခံရရှိသည့် အချက်အလက်များ အတည်ပြုနိုင်ရေးအစည်းအဝေး" အား (၂၁-၅-၂၀၂၆) ရက်နေ့၊နေ့လည်(၁:၀၀)နာရီတ...

Ministry of Science and Technology ၊ Department of Research and Innovation ( International Open Tender)

2 months ago
Tender Submission Advertisement /uploads/mediamkc7650ebc1f5f56eaf7507eed858d5642.pdf...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

2 months ago
တင်ဒါတင်သွင်းခြင်းနှင့် ပတ်သက်၍ ကြော်ငြာခြင်း /uploads/mediamke070aca8e4ff68f4331ee5cfeac61f53.pdf...

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ဌာနအသီးသီးမှ ဆောင်ရွက်လျက်ရှိသော သုတေသနဆောင်ရွက်မှုအခြေအနေများ တင်ပြဆွေးနွေးပွဲ အခမ်းအနား

3 months ago
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ဌာနအသီးသီးမှ ဆောင်ရွက်လျက်ရှိသော သုတေသနဆောင်ရွက်မှုအခြေအနေများ တင်ပြဆွေးနွေးပွဲ အခမ်းအနားကို၂၀၂၆ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ နှင့် (၂၄)ရက်နေ့တို့တွင် (၂)ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၊ နေ့လည် (၁၃း၃၀)မှ (၁၆း၀၅) နာရီအထိ DRI စုဝေးခန်းမ၌ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနလက်အောက်ရှိ ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန နှင့် အမျိုးသားဓာတ်ခွဲခန်းဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးသော သုတေသနလုပ်ငန်း(၆)ခု၏ ဆောင်ရွက်ထား...