logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဒုတိယအကြိမ်ဓာတ်ခွဲခန်းအချင်းချင်းတိုင်းတာရလဒ်အဖြေများ နှိုင်းယှဉ်ခြင်းအစီအစဉ် (InterLaboratory Comparison) အလုပ်ရုံဆွေးနွေးပွဲ”ကျင်းပ

2 years ago
၂၀၂၃ခုနှစ်၊ဩဂုတ်လ(၂၃)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သု​တေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ်မြောက် စားသုံးဆီများ အရည်အသွေးစစ်ဆေး ခြင်း ဆိုင်ရာ ဓာတ်ခွဲခန်းအချင်းချင်း တိုင်းတာရလဒ် အဖြေများ နှိုင်းယှဉ်ခြင်း (Interlaboratory Comparison) အလုပ်ရုံဆွေးနွေးပွဲအား နေ့လည်(၁း၀၀)နာရီမှ (၄း၀၀)နာရီထိ Hybird mode ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်နှင့်တိုင်းဓာတ်ခွဲခန်း (၁၈)ခုမှ ILC အစီအစဉ်တွင် ပါဝင်ခဲ့ကြသော ဓာတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်ဝန်ထမ်း...

“ဝိုင်အမျိုးမျိုးပြုလုပ်ခြင်းနည်းပညာသင်တန်း”ကျင်းပ

2 years ago
ဗန်းမော်တက္ကသိုလ်၊ဓါတုဗေဒဌာနမှနည်းပညာလိုအပ်ချက်အဖြစ်တောင်းခံလာသောဝိုင်အမျိုးမျိုးပြုလုပ်ခြင်း နည်းပညာသင်တန်းအား(၂၁-၈-၂၀၂၃)ရက်နေ့ ၊ နံနက် ၉း၁၅နာရီမှ မွန်းလွဲ ၁၂း၃၀နာရီအထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ ဓာတုနည်းပညာသုတေသနဗဟိုဌာန၊ အစားအစာသုတေသနဌာနမှ ဌာနမှူး‌ဒေါက်တာသဇင်ဟန် (ညွှန်ကြားရေးမှူး) Online ဖြင့် သင်တန်းပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြ...

“ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား” ကျင်းပ

2 years ago
၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနဝန်ထမ်း မိသားစုများ၏(၂၄)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကိုသုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စုဝေးခန်းမ၌ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းမိသားစုများမှ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်း တို့ကိုဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ...

"မဲနယ်ရောင်သဘာဝဆိုးဆေးနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား" ကျင်းပခြင်း

2 years ago
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ဓာတုနည်းပညာသုတေသနဗဟိုဌာနမှအသေးစား၊အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်းရှင်များမှ တောင်းဆိုထားသည့် မဲနယ်ရောင်သဘာဝဆိုးဆေးနည်းပညာ သင်တန်းကို (၂၄-၇-၂၀၂၃) ရက်နေ့မှ (၂၅-၇-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း နှင့် သင်တန်းဆင်းပွဲအခမ်းအနားကို (၂၅-၇၂၀၂၃)ရက်နေ့၊ မွန်းလွဲ(၃:၃၀)နာရီ အချိန်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှ...

“အမှတ်စဉ်(၂၃) RE သင်တန်း ၏ Certificate ပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနား”ကျင်းပ

2 years ago
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာနတွင် အမှတ်စဉ်(၂၃) ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့ သင်တန်းများ ဖြစ်သော (က) နေရောင်ခြည်စွမ်းအင်နည်းပညာ လက်တွေ့အသုံးချသင်တန်းနှင့် (ခ) စပါးခွံလောင်စာသုံး ဓါတ်ငွေ့ထုတ်စက်နှင့် ဇီဝဓါတ်ငွေ့ကန်တည်ဆောက်ခြင်း အသုံးချသင်တန်း တို့ကို (Hybrid Mode) ဖြင့် (၁၅-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး Certificate ပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို (၅-၇-၂၀၂၃)ရက်နေ့ မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် အခမ်းအနား စတင်ကျင်းပခဲ့ရာ ဒုတိယညွှန်ကြ...

“မဲခေါင်နိုင်ငံအချင်းချင်းနည်းပညာဖလှယ်ခြင်းသင်တန်းအခမ်းအနားပြီးမြောက် ခြင်း နှင့်နည်းပညာလွှဲပြောင်းပေးအပ်ခြင်း”အခမ်းအနားကျင်းပ

2 years ago
Mekong – Lancang Cooperation Special Fund (2020) ဖြင့် “မဲခေါင်နိုင်ငံ အချင်းချင်း အစားအစာထုတ်လုပ်မှုဆိုင်ရာ နည်းပညာများဖလှယ်ခြင်း သင်တန်းဆင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီတွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဆင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာ ဝန်ကြီး ဉီးဇော်ဝင်းမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ သယံဇာတရေးရာ ဝန်ကြီးမှ မဲခေါင်နိုင်ငံ အချင်းချင်းနည်းပညာ ဖလှယ်ခြင်း သင်တန်းသည် ဆန်...

“Exchange program to promote the value and production capacity on theagricultural food products with the use of innovation technology among Lancang Mekong countries” စီမံကိန်း၏ မဲခေါင်နိုင်ငံအချင်းချင်း နည်းပညာဖလှယ်ခြင်း "အစီအစဉ်

2 years ago
Mekong – Lancang Cooperation Special Fund (2020) ဖြင့် “မဲခေါင်နိုင်ငံ အချင်းချင်း အစားအစာထုတ်လုပ်မှုဆိုင်ရာနည်းပညာများဖလှယ်ခြင်း” အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ နံနက် (၉) နာရီတွင် ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန(DRI)၊ အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ Hybrid Mode ဖြင့် ကျင်းပပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ အဖွင့်အမှာစကား ပ...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အမှတ်စဉ်(၂၃) ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများကို (Hybrid Mode)ဖြင့် ဖွင့်လှစ်ရန် သင်တန်းသားများခေါ်ယူခြင်း

3 years ago
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် (၁၅-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများကို(Hybrid Mode)ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။ ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများ (က) နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့အသုံးချသင်တန်း (ခ) စပါးခွံလောင်စာသုံးဓါတ်ငွေ့ထုတ်စက်နှင့် ဇီဝဓါတ်ငွေ့ကန်တည်ဆောက်ခြင်း အသုံးချသင်တန်း ၂။ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မ...

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ပါဝင်ဆောင်ရွက်ခဲ့မှုများ

3 years ago
ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ မေလ (၁၈) ရက်နေ့ မှ (၂၀)ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗန်းရှင်းစင်တာ-၂(MICC-II)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန မှ Session Chair အဖြစ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း မှဆောင်ရွက်ခဲ့ပြီး MSMEs အထောက်အကူပြု သုတေသနနှင့်တီထွင်ဆန်းသစ်မှု မြင့်မားရေးခေါင်းစဉ်အောက်တွင် စာတမ်း(၁)စောင်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် မှ တင်သွင်းဖတ်က...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊သုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာန “အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား”ကျင်းပ

3 years ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာန၊ဝန်ထမ်းမိသားစုများ၏မြန်မာသက္ကရာဇ်၁၃၈၅ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို၂၀၂၃ခုနှစ်၊ဧပြီလ(၁၇)ရက်နေ့ညနေ(၄)နာရီတွင်သုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာနတွင်ကျင်းပခဲ့ရာအန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှုးချုပ်၊ဒုတိယညွှန်ကြားရေးမှုးချုပ်၊အရာထမ်း၊အမှုထမ်းများနှင့်ဝန်ထမ်းမိသားစု များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်ကြွရောက်တော်မူလာကြသည့်ဆရာတော်သံဃာတော်များကသုတေသနနှင့်တီထွင်ဆန်သ...