logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဆောင်ရွက်ဆဲ

Greener City Development အတွက် Digital Technology ပံ့ပိုးပေးရေးစီမံကိန်း (Wireless Sensor Network နှင့် IoT နည်းပညာအသုံးပြု၍ Smart Environmental Monitoring System တည်ဆောက်ခြင်းသုတေသန)
Environmental parameters များကို sensor nodes များနှင့် Robust Microcontroller တို့ကိုအသုံးပြုပြီး စောင့်ကြည့်လေ့လာ အကဲဖြတ် နိုင်ခြင်း၊ Application Programming Interfaces (API)  ဖြင့် sensor data များပြသပေးနိုင်ခြင်း နှင့် သိမ်းဆည်းထားနိုင်ခြင်း၊ user သို့ real time data များကို update ပြုလုပ်ပေးနိုင် ခြင်း၊ remote monitoring condition အနေအထားကို ပေးစွမ်းနိုင်ခြင်း၊ threshold value ထက်ကျော်လွန် သော တန်ဖိုးရရှိပါက alert ပြုလုပ်ပေးနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။
Greener City Development အတွက် Digital Technology ပံ့ပိုးပေးရေးစီမံကိန်း (Smart IoT applications များတွင် အသုံးပြုနိုင်မည့် Edge Gateway အား ဒီဇိုင်းရေးဆွဲတည်ဆောက်ခြင်း)
Edge devices များမှ ပို့လွှတ်လိုက်သော အချက် အလက်များ အားလုံးကိုcloudသို့ပို့၍တွက်ချက်စေခြင်း အစား တွက်ချက်နိုင်စွမ်း အသင့်အတင့်ရှိသည့် Edge Gateway တွင် တွက်ချက်မှုအချို့ သို့မဟုတ် အားလုံးကို ဆောင်ရွက်နိုင်စေရန်ပြုလုပ်သော သုတေသန ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အချက်အလက်များ၏ လုံခြုံစိတ်ချရမှု တိုးမြင့်လာခြင်း၊ network ပေါ်ရှိ အချက်အလက် စီးဆင်းမှုပမာဏကို လျော့ချနိုင်ခြင်း၊ လက်တွေ့အသုံးပြုသူ (end user) မှ အသုံးဝင်သော သတင်းအချက်အလက်ကို အချိန်တိုအတွင်း သိရှိနိုင် ခြင်း စသော အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။
Greener Digital Cities Development အတွက်နည်းပညာပံ့ပိုးပေးရေးစီမံကိန်း (Forecasting Air Quality in Smart Cities using Deep Learning)
Deep Learning အား အသုံးပြု၍လေထုအရည်အသွေး ညွှန်းကိန်း တွက်ချက်ပြီးလေထုညစ်ညမ်းမှုအခြေအနေအားခန့်မှန်းထုတ်ပြန်မည့် သုတေသနဖြစ်ပါသည်။ လေထုအရည်အသွေးကို ကြိုတင်ခန့်မှန်း တွက်ချက်ခြင်းဖြင့် စက်ရုံအလုပ်ရုံများ၊ ကားများနှင့် လောင်စာများမှ ထွက်ရှိသော အခိုးအငွေ့များ၊ အမှုန်များ၊CO2 များကြောင့် လေထုညစ်ညမ်းမှုဖြစ်ခြင်းမှကြိုတင်ကာကွယ်နိုင်ပါသည်။ လေထု ညစ်ညမ်းမှုကိုကြိုတင်ကာကွယ်ခြင်းဖြင့်သဘာဝ ဘေးအန္တရာယ်များ နှင့်ရောဂါများဖြစ်ခြင်းမှရှောင်ရှားနိုင်ပါသည်။ လူမှုဘဝ အဆင့် အတန်း မြှင့်မားပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြို့ပြစနစ်ကို ရရှိနိုင်ပါသည်။

ဆောင်ရွက်ပြီး

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်
Range-Dopplerရေဒါမှ တိုင်းတာရရှိသောအချက်အလက်များကိုအသုံးပြုကာ target အမျိုးအစားခွဲခြားပေးနိုင်သော စနစ်ကို သုတေသနပြုလုပ်ခြင်း
ယခုသုတေသနတွင် range-Doppler ရေဒါဖြင့် တိုင်းတာပြီး မှတ်တမ်းတင် ထားရှိသော အချက်အလက်များကို အသုံးပြုကာ machine learning နည်းပညာဖြင့် target အမျိုးအစား ခွဲခြားပေးနိုင်သောစနစ်ကို သုတေသနပြု လေ့လာခြင်းဖြစ်ပါသည်။ ဤသုတေသန၏ အဓိကရလဒ်ဖြစ်သော classification model ကို ရေဒါစနစ်အတွင်း ထည့်သွင်းတည်ဆောက်စေခြင်းဖြင့် ရှိရင်းစွဲ ရေဒါများကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်ပါသည်။
Web-based Book Recommendation System for Digital Library

စာကြည့်တိုက်အားdigitalနည်းပညာသို့ပြောင်းလဲပြီး နောက်ပိုင်းတွင် စာအုပ်များလွယ်လွယ်ကူကူရှာဖွေနိုင်ရန်နှင့် အကြံပြုနိုင်သည့်စနစ် (Recommendation System) အား လေ့လာ၍သုတေသနပြုလုပ်ပြီး Digital library အဖြစ် ပြောင်းလဲမည့်သုတေသနဖြစ်ပါသည်။ စာကြည့်တိုက်သို့ ကိုယ်တိုင်လာရောက်ဖတ်ရှုရန်မလိုဘဲ online မှ မိမိနှင့် သက်ဆိုင်သည့် ဘာသာရပ် ဆိုင်ရာ စာအုပ်အား မြန်မြန်ရှာဖွေနိုင်ခြင်းနှင့်လိုအပ်သည့်စာအုပ်များကိုအချိန်၊ နေရာမရွေး ဖတ်ရှုနိုင်သည်။ Digital Library တွင် စာဖတ်သူများအနေဖြင့် ထိရောက်လွယ်ကူသောနည်းလမ်းဖြင့်ဘာသာရပ်များအားဆည်းပူးလေ့လာခွင့်ရရှိနိုင်ပါသည်။စာကြည့်တိုက်ဝန်ထမ်းများ၏ကိုယ်တိုင်ဝန်ဆောင်မှု ပေး သည့်လုပ်ငန်းအား online မှတဆင့် ပြုလုပ်ခြင်းဖြင့် အချိန်ကုန်သက်သာ၍ပိုမိုထိရောက်ကောင်းမွန်သောဝန်ဆောင်မှု ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်
IoT Based Smart Building Energy Analytic System ကို လက်တွေ့စမ်းသပ်တည်ဆောက်ခြင်း သုတေသန
ယခုသုတေသနသည် Internet of Things (IoT) နည်းပညာနှင့် Long Range (LoRa) ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာတို့ကို အခြေခံကာ ပရဝဏ်တစ်ခုအတွင်းရှိ အဆောက်အဦများ၏ လျှပ်စစ်သုံးစွဲမှုနှင့် အပူချိန်၊ စိုထိုင်းဆ အစရှိသည့် အခြေအနေ များကို အခန်းအလိုက် ရယူ သိမ်းဆည်းကာ ဆန်းစစ်လေ့လာမှု ပြုလုပ်ပေးနိုင်သောစနစ်ကို ဒီဇိုင်းရေးဆွဲတည်ဆောက်ခြင်း ဖြစ်ပါသည်။ ယခုသုတေသနကိုလျှပ်စစ် အသုံးချွေတာမှုအတွက် မူဝါဒများချမှတ်ရာတွင်လည်းကောင်း၊ လျှပ်စစ်ပစ္စည်းများအား ပြုပြင်ထိန်းသိမ်းလဲလှယ်ရန် သုံးသပ်မှုပြုရာတွင် လည်းကောင်း အထောက်အပံ့ပေးနိုင်ရန်နှင့် IoTနည်းပညာသုံး အခြား application များ တည်ဆောက်ရာတွင် စမ်းသပ်မှုများ ပြုလုပ်နိုင်သော testbed တစ်ခုအဖြစ် အသုံးချနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
Rain Data ကို Phase Array Weather Radar ၏ Signal Processing ပိုင်းတွင်ထည့်သွင်း၍ မိုးရွာသွန်းမှုမိုးလေဝသအချက်အလက်ဖော်ပြနိုင် ရန် သုတေသန ပြုလုပ်ခြင်း
မိုးလေဝသရေဒါများတွင် တိမ်တိုက်အတွင်းရှိ ငွေ့ရည်စုဖွဲ့ သော မိုးတိမ်ထု၊ မိုးရေမှုန် အစရှိသော လေထုအတွင်း ရွေ့လျားမှု အခြေအနေနှင့် ရွေ့လျားမှုနှုန်းကို သိရှိနိုင်ရန်အတွက် Radar Signal Processing ကို အသုံးပြု၍ တွက်ချက်ရပါသည်။ Weather radar ၏ အရေးကြီးသည့် အစိတ်အပိုင်းတခု ဖြစ်သည့် Signal Processing နည်းပညာကို အသုံးပြုလုပ်ဆောင်မှုပုံစံအား သီအိုရီပိုင်းဆိုင်ရာ (Analysis and Simulation) ပုံစံပြု၍ လေ့လာသုတေသနပြုလုပ်ခြင်းဖြစ်ပါသည်။
“Delivery Service Mobile Robot System for Office Purpose” ရုံးလုပ်ငန်းသုံးဖြန့်ဝေ ဝန်ဆောင်မှုစက်ရုပ် စနစ် သုတေသန ပြုလုပ်ခြင်း
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်
X-band Phase Array Weather Radar ၏ Signal Processingအပိုင်းမှ Doppler Signal Processing ကို သုတေသန ပြုလုပ်ခြင်း
Smart pole lighting System တစ်ခုကိုပုံစံပြု သုတေသန ပြုလုပ်ခြင်း
၂၀၁၈ ဘဏ္ဍာနှစ် - ကာလတို
စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုစေမည့်Agricultural Environment Remote Monitoring System (AERMS) စနစ် တည်ဆောက်ခြင်းသုတေသန
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွင် အထောက် အကူ ပြုစေမည့် Intelligent Bus System (IBS) စနစ်ကို သုတေသနပြု တည်ဆောက်ခြင်း
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်
Automobile Industry ၏ Assembly line တွင်အသုံးပြု သော    Speed control process များအတွက် On Chip Controller Design ပြုလုပ်တည်ဆောက်ခြင်း
ကျေးလက်ဒေသနေပြည်သူများ လျှပ်စစ်မီး ရရှိနိုင်ရေး အတွက် အသေးစားရေအား လျှပ်စစ် လုပ်ငန်းများတွင်  အသုံးပြုသော 5KW Electronic Load Controller တည်ဆောက်ခြင်း
အများပြည်သူ လုံခြုံရေး (public safety) အတွက် surveillance ဗွီဒီယိုကို အသုံးပြု၍ လူများ၏လှုပ်ရှားမှုကို အလိုအလျောက် စောင့်ကြည့် စိစစ်သောစနစ် (automatic detection system) တည်ဆောက်ခြင်း