logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ကွန်ပိုစစ်ချပ်ပြားများ ၏ အရည်အသွေးကိုသိရှိဖို့ Bending Strength , Impact Strength , thickness , Hardness , Oil absorption , Water absorption နှင့် Density တို့ကိုတိုင်းတာပေးနိုင်ပါတယ် ။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအချင်းချင်း ဖလှယ်ထားသော နည်းပညာ ( ၆ ) မျိုး ဖြစ်သည့် ချဉ်ပေါင်ဖူးမှ အခြား ထုတ်ကုန် များ ထုတ်လုပ်ခြင်း ၊ သရက်သီး ၊ ဂျယ်လီဖျော်ရည်ထုတ်လုပ်ခြင်း ၊ ပဲနို့ထုတ်လုပ်ပြီး ကျန်သောအနှစ်များမှ ကွတ်ကီးထုတ်လုပ်ခြင်း ၊ Freezed - Dried နည်းပညာဖြင့် စိုက်ပျိုးရေး ထွက် တန်ဖိုးမြင့်ထုတ်ကုန်များ ပြုလုပ်ခြင်း ၊ Vacuum - Fried နည်းပညာဖြင့် အသီးအနှံ အခြောက် ထုတ်လုပ်မှုများ ပြုလုပ်ခြင်းများကို စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ပါတယ်။

အစားအသောက်ဓာတ်ခွဲခန်းတေွမှာ MSMEလုပ်ငန်းတွေအတွက် စားသောက်ကုန် အရည်အသွေး ပြည့်ဝမှု ရှိ / မရှိ ဓာတ်ခွဲစမ်းသပ်နိုင်မှာဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ခုနှစ်အတွင်း ပရဆေးဌာနအနေဖြင့် ဆောင်ရွက်နေတဲ့သုတေသန လုပ်ငန်း တွေကတော့

  1. Detox Tea

  2. Herbal Toothpaste

  3. Nipa Pet shampoo တို့ကိုဆောင်ရွက်လျှက် ရှိပါတယ်။

ပရဆေးဌာနအနေဖြင့် Antioxidant activity, Phytochemical content , Phenol content နှင့် Flavonoid content တို့ကိုတိုင်းတာနိုင်ပါတယ်။.

အစားအသောက်ဓာတ်ခွဲခန်းတေွမှာ MSMEလုပ်ငန်းတွေအတွက် စားသောက်ကုန် အရည်အသွေး ပြည့်ဝမှု ရှိ / မရှိ ဓာတ်ခွဲစမ်းသပ်နိုင်မှာဖြစ်ပါတယ်။

လုံခြုံစိတ်ချရပြီး အရည်အသွေးကောင်းမွန်သော စိုက်ပျိုးထုတ်ကုန်များ နှင့် စားသောက် ကုန်များ ပေါ်ထွက်လာစေရေးအတွက် များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။

အားနည်းချက်အနေနဲ့ကတော့ MSMEလုပ်ငန်းများ ကြုံတွေ့နေရသည့်အခက်အခဲ ၄ခု ဖြစ်သည့် ဘဏ္ဍာငွေရရှိရေး ၊ နည်းပညာရရှိရေး ၊ MSMEများ၏ Capacity Building မြှင့်တင်ရေး ၊ ဈေးကွက် ရရှိရေးအတွက် ပံ့ပိုးကူညီပေးရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနအနေဖြင့် MSMEများ နည်းပညာ ရရှိရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ၉၀% သော လုပ်ငန်းများသည် MSME လုပ်ငန်းများဖြစ်သည့်အတွက်နိုင်ငံတော်အနေဖြင့် MSMEလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးအားပေးလျှက်ရှိပါသည်။

ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ဖို့ဆိုရင် ထုတ်ကုန်တွေဟာ လုံခြုံစိတ်ချရမှု ရှိရမယ် ၊ အရည်အသွေးမြင့်မားရမယ် ၊ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ကိုက်ညီရမယ်၊ ဈေးကွက် အတွင်းမှာ ရေရှည်ယှဉ်ပြိုင်ထိုးဖောက် နိုင်စွမ်းရှိရပါမယ် ။ အဲလိုအရည်အသွေးတွေ ရှိဖို့ဆိုရင် Research and Development ကဏ္ဍက အလွန်အရေးပါ လာ ပါတယ်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးလုပ်ငန်းတွေဆောင်ရွက်မှသာလျှင် နိုင်ငံတကာ အဆင့်မီထုတ်ကုန်တွေ ထုတ်လုပ်လာနိုင်ပြီး MSMEလုပ်ငန်းများ ရေရှည်တိုးတက်ဖွံ့ဖြိုးရေး အတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

နည်းပညာတောင်းခံလွှာကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ရယူပြီး ညွှန်ကြားရေးမှူးချုပ်ကို လိပ်မူပြီး လိုအပ်သောနည်းပညာများတောင်းခံနိုင်ပါတယ်။

ဖွင့်လှစ်သင်ကြားပေးမယ့် သင်တန်းများရဲ့သင်တန်းသားခေါ်စာများကိုDRI (Website) နှင့်ဦးစီးဌာန၏ လူမှုကွန်ယက်စာမျက်နှာများတွင်လည်း ဖော်ပြလေ့ရှိပြီးဆက်သွယ်ရန်ဖုန်းနံပါတ်

များ ထည့်သွင်းထားရှိသည့်အတွက် အသေးစိတ်အချက်အလက်များကို ဖုန်းဖြင့်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ၊ တန်ဖိုးမြင့်ထုတ်ကုန် များ ထုတ်လုပ်မှုတွင် လိုအပ်သောနည်းပညာ တောင်းခံမှုကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွား‌ရေး လုပ်ငန်းရှင်များအတွက် စွမ်းဆောင်ရည်မြင့်သင်တန်းများဖွင့်လှစ်၍ နည်းပညာဖြန့်ဝေပေးခြင်း ၊ လွှဲပြောင်းပေးခြင်း ၊ နည်းပညာအကြံပေးခြင်း နှင့် ဓာတ်ခွဲဝန်ဆောင်မှုပေးခြင်းတို့ကိုဆောင်ရွက် ပေးလျက်ရှိပါတယ်။

ဓာတုနည်းပညာသုတေသနဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များကို နည်းပညာ ( ၆၁ ) မျိုး လွှဲပြောင်းပေးခဲ့ပြီးနည်းပညာဖြန့်ဝေခြင်း ( ၁၅ ) ကြိမ်ပြုလုပ်ပေးခဲ့ပါတယ် ။ နည်းပညာအကြံပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ် ။

အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ တက်သစ်စလုပ်ငန်းငယ်များ နှင့် စွန့်ဦးတီထွင်သူများအား စက်မှုလုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်း နှင့် ကုန်ထုတ်စွမ်းအားကို အားကောင်းလာစေရန်အတွက် နည်းပညာလွှဲပြောင်းမှု နှင့် နည်းပညာ အကူအညီများ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း ၊ အစိုးရနှင့်စက်မှုကဏ္ဍ ချိတ်ဆက်မှုအားကောင်း လာစေနိုင်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကိုလည်း ပိုမိုအားကောင်းလာ စေရန် ရည်ရွယ်၍ နည်းပညာလွှဲပြောင်းမှုလျင်မြန်စေရေး စင်တာတစ်ခုပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက် ရှိပါတယ်။

အမျိုးသားဓာတ်ခွဲခန်းမှဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများမှာ-

(၁) သွင်းကုန်ဓာတုကုန်ကြမ်းများနှင့် ၎င်းတို့၏ဆက်စပ်ပစ္စည်းများအား အမျိုးအစား

မှန်ကန်မှု ရှိ/ မရှိ သတ်မှတ်ပေးခြင်း

(၂)သတ္တုနှင့်သတ္တုစပ်အမျိုးမျိုးတွင် ဒြပ်စင်အမျိုးအစားနှင့် ၎င်းတို့၏ ပါဝင်မှုပမာဏ

များ တိုင်းတာပေးခြင်း နှင့် လောင်စာ(အခဲ၊အမှုန့်) တို့၏ လောင်ကျွမ်းမှု ပမာဏကို တိုင်းတာပေးခြင်း

(၃) ရေအမျိုးမျိုးတွင်ပါဝင်သောElementများ၏ပမာဏကို တိုင်းတာခြင်းနှင့်

အရည်အသွေးစစ်ဆေးပေးခြင်း

(၄) စားသောက်ကုန်၊ စားသုံးဆီများနှင့်လူသုံးကုန်၊ အလှကုန်ပစ္စည်းများ၏ပါဝင်မှုများ

တိုင်းတာပေးခြင်း၊ အရည်အသွေးစစ်ဆေးပေးခြင်း

(၅) အစားအစာ၊ရေအမျိုးမျိုးတွင်ပါဝင်သော အော်ဂဲနစ်ဒြပ်ပေါင်းများ၏ အမျိုးအစား၊

ပမာဏတို့ကို တိုင်းတာခြင်း နှင့် အရည်အသွေးစစ်ဆေးပေးခြင်း

(၆) သတ္တု၊ သတ္တုရိုင်းများ၊ ဒြပ်ပစ္စည်းများ၊ ဒြပ်ပေါင်းများ၊ တည်ဆောက်ပုံ၊

ပါဝင်မှုပမာဏနှင့်အရွယ်အစားတို့ကို တိုင်းတာခြင်း အဏုစိတ်တိုင်းတာခြင်း နှင့်

မူရင်းမပျက်တိုင်းတာခြင်း

(၇) ဓာတုဒြပ်ပေါင်းများ၏ အခဲပျော်မှတ်ကြောင့် အပူချိန် ပြောင်းလဲမှုကိုတိုင်းတာခြင်း

(၈) Material များ၏ မာကျောခြင်းအဆင့် Hardness တိုင်းတာခြင်းစသည်တို့ဖြစ်

ပါသည်။

အပ်နှံခြင်းလုပ်ငန်းစဉ် လိုအပ်ချက်များ

၁။ လျှောက်လွှာတင်ရန် ၁။ လျှောက်လွှာ

၂။ လုပ်ငန်းအပ်နှံခြင်းအဆိုပြုပုံစံ ၂။ MSDS

၃။ ဝန်ဆောင်ခ ငွေသွင်းရန် ၃။ COA

၄။ နမူနာ ပစ္စည်း

၁။ဆီ၊ စားသုံးဆီ (Cloud Point, Iodine Value, Rancidity, Free Fatty

Acid (FFA), Perioxide Value, Refractive Index, Saponification Value)

၂။ စားသောက်ကုန်များ (Carbohydrate, Calories, Fat, Fiber,

Glucose, Protein, Starch, Sugar, Protein Analyzer)

၃။ Vitamin-C, Ascorbic Acid, Ethanol, Fusel Oil, Refractive Index,

Specific Gravity

၄။ အလှကုန်များ (Lead , Zinc , Arsenic , Alkalinity (as NaOH),Free

Acid (as Oleic Acid) Free Alkali (as NaOH), Moisture, Fluoride)

ICP-MS / Chemical Method စက်များဖြင့် စသည်တို့ကို ဓာတ်ခွဲဝန်ဆောင်မှု

ပေးလျက်ရှိပါသည်။

၅။ ရေအမျိုးမျိုး နှင့် အစားအစာ တို့တွင်ပါဝင်သော အန္တရာယ်ရှိ

အော်ဂဲနစ်ဒြပ်ပေါင်းများ(Pesticides, preservative Compo-

unds , Volatile Organic Compounds),) အကျိုးပြုဒြပ်ပေါင်းများ

(Omega-3,6,9),BHT,Caffeineတို့၏ ပါဝင်မှုတိုင်းတာပေးခြင်း

၆။ သဘာဝအပင်များ မှ ထုတ်ယူသော အဆီ(Essential Oil,

“Extracted Oil”) များတွင် ပါဝင်သော ဒြပ်ပေါင်းများအား

Rotary / HPLC /GCMS များဖြင့် ဓာတ်ခွဲဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

၁။ရေတွင်ပါဝင်သော element များကိုတိုင်းတာခြင်း

(Bi, Cd, Ca, Cr, Co, Cu, Au, Fe, Li, Pb, Mg, Mn, Xli, K, Ag, Zn)

Total Alkalinity as CaCO3, P. Alkalinity, M. Alkalinity, Non.carbonate Hardness, Carbonate

Hardness, Bicarbonate, Carbonate Hydroxide, Chloride, Nitrate Sulphate.

၂။ရေ အရည်အသွေးတိုင်းတာခြင်း

Biochemical Oxygen Demand (BOD), Chemical Oxygen Demand (COD), Color, Dissolved Oxygen (DO), Electrical Conductivity (EC), Fat, Oil and Grease, Total Dissolved Solids, Total Hardness as CaCO3, Total Solids, Total Suspended Solids, Turbidity, pH တို့ကို (AAS) စက်ဖြင့် ဓာတ်ခွဲတိုင်းတာဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

၁။ သတ္တု နှင့် သတ္တုစပ်များ (Fe, Al, Cu, Ni, Ti, Co, Zn, Mg, Sn, Pb)တို့၏

သန့်စင်မှု ပမာဏကို Arc Spark OES စက်ဖြင့်တိုင်းတာခြင်း

၂။ ကျောက်မီးသွေး၊လောင်စာတောင့် အမျိုးမျိုးတို့၏ Calori ပမာဏ ကို

Bomb Calorimeter ဖြင့် တိုင်းတာစစ်ဆေးပေးခြင်း

၃။FESEM ကိုအသုံးပြု၍အဏုစိတ်ပုံဖော်ခြင်းနှင့်ပါဝင်သောဒြပ်စင်အမျိုးအစား

ရှာဖွေခြင်း

၄။ EDX ကို အသုံးပြု၍ Element Composition ဖော်ပြခြင်း

၅။ အခဲ နှင့် အမှုန့် နမူနာများတွင် Calorie ပါဝင်မှုကို တိုင်းတာခြင်း

သွင်းကုန်ဓာတုပစ္စည်းများ၊ထုတ်ကုန်ဓာတုကုန်ကြမ်းများ နှင့် ၎င်းတို့၏ဆက်စပ် ပစ္စည်းများ၏ အမျိုးအစားများမှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးခြင်းတို့ကိုXRD/XRF/FTIR စက်များဖြင့် ဓာတ်ခွဲတိုင်းတာဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

သတ္တရိုင်း အမျိုးမျိုးတို့၏ အမျိုးအစားနှင့် ပါဝင်သော ဒြပ်စင်များ၏ ပမာဏကို XRD & XRF & ICP-OES & ICP-MS စက်များဖြင့် တိုင်းတာပေးနိုင်ပါသည်။

၁။ ဓာတုပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အခြေခံသင်တန်း

၂။ ဓာတ်ခွဲခန်း / လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အခြေခံသင်တန်း

၃။ ခေတ်မီစက်က်ရိယာများဖြင့် ဓာတ်ခွဲနည်းပညာဆိုင်ရာ သင်တန်း

၁။ MSME လုပ်ငန်းရှင်များ၊ စက်ရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား

လုပ်ငန်းခွင်အတွင်း ဓာတုပစ္စည်းများစီမံခန့်ခွဲမှု နှင့် ဘေးအန္တရာယ်ကင်းရှင်း

ရေးဆိုင်ရာ အခြေခံ သင်တန်းများပို့ချခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ အစိုးရ ဓာတ်ခွဲခန်းများ ၊ ပုဂ္ဂလိက ဓာတ်ခွဲခန်းများ နှင့်ဖွဲ့စည်းထားသော

မြန်မာ့အစားအသောက်ဓာတ်ခွဲခန်းကွန်ယက်တွင် အဖွဲ့ဝင်ဓာတ်ခွဲခန်း

အဖြစ်ပါဝင်ပြီး ဓာတ်ခွဲခန်းစွမ်းရည်များပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ပြန်ပြည့်မြဲစွမ်းအင်ဌာနမှ နေရောင်ခြည်စွမ်းအင်နည်းပညာ လက်တွေ့အသုံးချသင် တန်း၊ စပါးခွံလောင်စာသုံး ဓါတ်ငွေ့ထုတ်စက်နှင့် ဇီဝဓါတ်ငွေ့ကန်တည်ဆောက်ခြင်း အသုံးချ သင်တန်းတို့ကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် Beijing Institute of Radio Measurement (BIRM) နှင့်အတူ အကောင်အထည်ဖော်ဆောင် ရွက်ထားသည့် Satellite Ground Station, Microelectronic နှင့် Radar Platform Laboratories များကို လာရောက်လေ့လာနိုင်ပါသည်။

ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန ၏ ဌာနအကြောင်း၊ သုတေသနများ၊ သင်တန်းများကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ website ဖြစ်သော www.dri.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

သင်တန်းကို အနည်းဆုံးအခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ မည်သူမဆို တက် ရောက်နိုင်ပါသည်။

သင်တန်းတက်ရောက်လိုပါက နိုင်ငံသားစိစစ်ရေးကဒ်ပြား(မိတ္တူ)၊ ပညာရေးဆိုင်ရာ အထောက်အထား၊ ရဲစခန်း/ရပ်ကွက်ထောက်ခံစာ၊ သင်တန်းကြေးငွေသွင်းချလံနှင့် (ဝန်ထမ်းဖြစ် ပါက သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲ၏ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်) တို့ လိုအပ်ပါတယ်။

သတ်မှတ်သင်တန်းချိန် ပြည့်မှီအောင် တက်ရောက်ပါက သင်တန်းဆင်းအောင်လက် မှတ်ထုတ်ပေးပါတယ်။