သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန
ISO/ IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်း
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနတွင် ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေး သင်တန်းကို ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။
၂။ သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့်ပြည့်စုံကြောင်း အထောက်အထား မူရင်းနှင့်မိတ္တူ များကို တင်ပြနိုင်ရမည်-
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ဝန်ကြီးဌာန(သို့မဟုတ်) ပုဂ္ဂလိကအဖွဲ့အစည်း၏ ဓာတ်ခွဲခန်း တွင် အနည်းဆုံး(၂)နှစ် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။
(ဂ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာအကြီးအကဲ၏ တက်ရောက် ခွင့်ပြုကြောင်းထောက်ခံချက်(မူရင်း) တင်ပြနိုင်ရမည်။
၃။ သင်တန်းချိန်မှာ နေ့လည်(၁:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအထိ ဖြစ်ပြီး (၁၃-၉-၂၀၂၃)မှ (၁၄-၉-၂၀၂၃) အထိ (၂)ရက်ကြာ သင်ကြားပို့ချ မည်ဖြစ်ပါသည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမှတ်(၆)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉၈၈၄၂၃၅၉၂၈၊ အီးမေးလ်-mabaccreditation@gmail.com သို့ လျှောက်လွှာပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်ပြီး (၁၁-၉-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း ပေးပို့ လျှောက်ထားရမည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်