logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

 ကမ္ဘာ့အသိအမှတ်ပြုနေ့အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ရန်ကုန် မြို့၌ တတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကိုယ်စားလှယ်များ၊ UMFCCIမှ ကိုယ်စားလှယ်များ၊ Myanmar Food Laboratory Network (MFLN) မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ Consumer Protection Associationမှ ကိုယ်စားလှယ်များ နှင့် အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အသီးသီး စုစုပေါင်း (၉၀)ကျော်ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ကမ္ဘာ့အသိအမှတ်ပြုနေ့အခမ်းအနား (World Accreditation Day 2024) ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာ၀န်ယူ ဆောင်ရွက် နေသည့် အမျိုးသားအရည်အသွေးအခြေခံအဆောက်အအုံ (National Quality Infrastructure) ၏ မဏ္ဍိုင်တစ်ခုဖြစ်သော အသိအမှတ်ပြုခြင်း(Accreditation)ကဏ္ဍအား နိုင်ငံတကာအသိအမှတ်ပြုလုပ်ငန်းစဉ်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံရှိ အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား အသိအမှတ်ပြုလွှာရရှိသည့် အရည်အသွေးကိုက်ညီမှုစစ်ဆေးသော အဖွဲ့များအဖြစ်သို့ စွမ်းဆောင်ရည်မြှင့်တင်နိုင်စေရန် အသိပညာဖြန့်‌ဝေနိုင်ရေး၊ အသိအမှတ်ပြု၀န်ဆောင်မှုများ ရယူရာတွင် လျှောက်ထားရမည့် နည်းလမ်းများနှင့် လိုအပ်ချက်များ စသည်တို့အား အသိပညာပေးနိုင်ရေးနှင့် မြန်မာနိုင်ငံရှိ Regulators များအား အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးဆိုင်ရာလုပ်ငန်းစဉ်များမြှင့်တင်နိုင်ခြင်းဖြင့် အမျိုးသားအရည်အသွေး အခြေခံ အဆောက်အအုံမြှင့်တင်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ဒေါက်တာဖြူဖြူဝင်းမှအဖွင့်အမှာစကားပြောကြားနေပုံ

                                     ကမ္ဘာ့အသိအမှတ်ပြုနေ့ (၂၀၂၄)အထိမ်းအမှတ်ပိုစတာ

 

အာရှ-ပစိဖိတ်အသိအမှတ်ပြုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ဥက္ကဌမှ ကမ္ဘာ့အသိအမှတ်ပြုနေ့(၂၀၂၄)အတွက်

                နှုတ်ခွန်းဆက်အမှာစကားပြောကြားသည့် ဗီဒီယိုအားပြသစဉ်

 

 

            ကမ္ဘာ့အသိအမှတ်ပြုနေ့အခမ်းအနားသို့တက်ရောက်လာသောဧည့်သည်တော်များ

   ကမ္ဘာ့အသိအမှတ်ပြုနေ့အခမ်းအနားသို့တက်ရောက်လာသူများစုပေါင်းမှတ်တမ်းဓါတ်ပုံ

       သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ

                  ညွှန်ကြားရေးမှူး၊ ဒေါက်တာကျော်စိုးလွင် ရှင်းလင်းပြောကြားစဉ်

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အသိအမှတ်ပြုဌာနခွဲမှ ညွှန်ကြားရေးမှူး၊ဒေါက်တာစိုးစိုးခိုင်ရှင်းလင်းပြောကြားစဉ်

                     စိုက်ပျိုးရေးဉီးစီးဌာန၊ သီးနှံထွက်ကုန်များစစ်ဆေးရေးဓာတ်ခွဲခန်းမှ

                    ဒုတိယညွှန်ကြားရေးမှူး၊ဒေါက်တာခင်မိုးကျော်ရှင်းလင်းပြောကြားစဉ်