logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

 ကမ္ဘောဒီးယားနိုင်ငံတွင်  ကျင်းပခဲ့သည့်  3rd ASEAN-India Grassroots Innovation Forum သို့တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံများ   ပြန်လည်မျှဝေခြင်း    အခမ်းအနားအား   ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့၊ နံနက်(၁၀း၀၀ မှ ၁၁း၃၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင်Hybrid Modeဖြင့်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံမှ ကျောင်းအုပ်ကြီးများ၊နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန မှ ဆရာ၊ဆရာမများနှင့် ‌ကျောင်းသား၊ကျောင်းသူများ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ   ဆရာ၊    ဆရာမများနှင့် ‌   ကျောင်းသား၊   ကျောင်းသူများ၊  မြန်မာကိုယ်စားလှယ် အဖွဲ့မှအဖွဲ့ဝင်များနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့်  3rd ASEAN-India Grassroots Innovation Forum  နှင့်စပ်လျဉ်း၍    အဖွင့်အမှာစကားနှင့်   ရရှိလာသော အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

စက်မှုနည်းပညာ  လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာ နေဇာအောင်မှ Grassroots Innovation Competition တွင် Judge တစ်ဦး ဆောင်ရွက်ခဲ့သည့် ရရှိလာ သည့်အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး  ဒေါက်တာသီရိရွှေရည်ဝင်းမှလည်း Grassroots  Innovation  Competition တွင် Innovator တစ်ဉီးအဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ရရှိလာသည့် အတွေ့အကြုံများကိုလည်းကောင်း၊ အင်းစိန် GTI တတိယနှစ်ကျောင်းသူ မယွန်းမီမီဖြိုးမှ Student’s Project Competition မှရရှိလာသည့် အတွေ့အကြုံများကိုလည်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာဇော်မင်းနိုင်မှလည်း အခမ်းအနားသို့ တက်ရောက်လာကြသူများအား Grassroots Innovation နှင့် ပတ်သက်၍ သိရှိလိုသည်များကိုလည်း ဆွေးနွေးမေးမြန်းနိုင်ပါကြောင်းနှင့် အကြံဥာဏ်များပေးနိုင်ကြောင်း‌ ပြောကြားခဲ့ပါသည်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့်  3rd ASEAN-India Grassroots Innovation Forum  နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားနှင့်ရရှိလာသောအတွေ့အကြုံများကို ရှင်းလင်း ပြောကြားနေပုံ

စက်မှုနည်းပညာ  လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာ နေဇာအောင်မှ Grassroots Innovation Competition တွင် Judge တစ်ဦး ဆောင်ရွက်ခဲ့သည့် ရရှိလာ သည့်အတွေ့အကြုံများကို ရှင်းလင်းတင်ပြနေပုံ

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး  ဒေါက်တာသီရိရွှေရည်ဝင်းမှလည်း Grassroots  Innovation  Competition တွင် Innovator တစ်ဉီးအဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ရရှိလာသည့် အတွေ့အကြုံများရှင်းလင်းတင်ပြနေပုံ

အင်းစိန် GTI တတိယနှစ်ကျောင်းသူ မယွန်းမီမီဖြိုးမှ Student’s Project Competition မှရရှိလာသည့် အတွေ့အကြုံများကိုလည်း ရှင်းလင်းတင်ပြနေပုံ

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင်မှလည်း အခမ်းအနားသို့ တက်ရောက်လာကြသူများအား Grassroots Innovation နှင့် ပတ်သက်၍ရှင်းလင်းတင်ပြနေပုံ

         အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ