ဧပြီ ၂၁၊ ၂၀၂၂
ဓါတုနည်းပညာသုတေသနဗဟိုဌာနမှ နည်းပညာလွှဲပြောင်းပွဲ အခမ်းအနားကို ဧပြီလ ၂၁ ရက် နေ့လည်(၁:၀၀ မှ ၂:၃၀ နာရီ)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပခဲ့ရာ ဒေါက်တာဖြူဖြူဝင်း(ညွှန်ကြားရေးမှူးချုပ်) ၊ ဒေါက်တာ ဇော်မင်းနိုင်(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ဒေါက်တာထွန်းထွန်းမိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒေါက်တာချိုမင်းဟန်(ညွှန်ကြားရေးမှူး)၊ ဒေါက်တာသဇင်ဟန်(ညွှန်ကြားရေးမှူး)နှင့် ဓါတုနည်း ပညာသုတေသနဗဟိုဌာန ဌာနမှူးများ နှင့် သုတေသန ပညာရှင်များ နည်းပညာလွှဲပြောင်းယူမည့် April Four Co., Ltd နှင့် Shwe Oak Saung Co., Ltd တို့မှ Managing Director များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဒေါက်တာဖြူဖြူဝင်း(ညွှန်ကြားရေးမှူးချုပ်၊သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန) အဖွင့်အမှာစကားပြောကြားရာတွင် အသင့်သောက် ရဲယိုဖျော်ရည်နှင့် အသင့်သောက် သဘာဝ နာနတ်ဖျော်ရည်တို့၏ ထုတ်လုပ်ခြင်း နည်းပညာလွှဲပြောင်းပေးနိုင် သည့်အတွက် ဂုဏ်ယူဝမ်းမြှောက်ပါကြောင်း၊ ပယင်းနည်းပညာလွှဲပြောင်းထားခြင်းအား သက်တမ်းတိုးခြင်းအတွက်လည်း ဝမ်းမြှောက်ပါကြောင်း၊ နည်းပညာလွှဲပြောင်းယူသည့် ကုမ္ပဏီများအတွက် ဈေးကွက်ဝင် နည်းပညာဖြစ်အောင် ကြိုးစားထားပါကြောင်း၊ ကုမ္ပဏီဘက်မှ လဲကြိုးစား၍ ဈေးကွက်ထဲ အမြန်ထုတ်စေလိုကြောင်း၊ အခက်အခဲပေါ်ပေါက်ပါက ထပ်မံ အကူအညီရယူနိုင်ပါကြောင်းနှင့်အောင်မြင်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် နည်းပညာလွှဲအပ်လွှာများပေးခြင်း၊ April Four Co., Ltd မှ အစားအစာသုတေသန ဌာနသို့ ဓါတ်ခွဲခန်းသုံးပစ္စည်းလှူဒါန်းခြင်း နှင့် စာချုပ်ချုပ်ဆိုခြင်းတို့အား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်