အသိအမှတ်ပြုဌာနခွဲ(မြန်မာအသိအမှတ်ပြုအဖွဲ့)သည် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေး အဖွဲ့များ ဖြစ်သော စမ်းသပ်စစ်ဆေးသည့်ဓာတ်ခွဲခန်းများ ၊ စံဖြင့်တိုက်ကြည့်စစ်ဆေးသည့် ဓာတ်ခွဲခန်းများ၊ အရည်အသွေးစုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့များအား အရည်အသွေးပြည့်ဝ၍ ကျွမ်းကျင်မှုရှိကြောင်းကို အသိအမှတ်ပြုပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းရှိ စမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းများအား ISO/IEC 17025 နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာမှအသိအမှတ်ပြုမှုရရှိထားသည့် ဒေသတွင်းရှိအသိအမှတ်ပြုအဖွဲ့များနှင့်ပူးတွဲ၍ ဓါတ်ခွဲခန်းများ အသိအမှတ်ပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုကို ပံ့ပိုးပေးလျက်ရှိရာ SGS Myanmar Ltd. ဓာတ်ခွဲခန်းအား (၉-၆-၂၀၂၃) ရက်နေ့တွင် လည်းကောင်း၊ သီးနှံထွက်ကုန်များစစ်ဆေးရေးဓာတ်ခွဲခန်းအား (၁၂-၉-၂၀၂၄) ရက်နေ့တွင် လည်းကောင်း၊ OMIC Inspection & Surveying Co., Ltd Myanmar ဓာတ်ခွဲခန်းအား (၁၄-၉-၂၀၂၄) ရက်နေ့တွင် လည်းကောင်း ISO/IEC 17025 အသိအမှတ်ပြုလွှာများပေးအပ်နိုင်ခဲ့ပါသည်။
SGS Myanmar Ltd. ဓာတ်ခွဲခန်းအား ISO/IEC 17025 အသိအမှတ်ပြုလွှာပေးအပ်စဉ်
သီးနှံထွက်ကုန်များစစ်ဆေးရေးဓာတ်ခွဲခန်းအား ISO/IEC 17025 အသိအမှတ်ပြုလွှာပေးအပ်စဉ်
OMIC Inspection & Surveying Co., Ltd Myanmar ဓာတ်ခွဲခန်းအား ISO/IEC 17025 အသိအမှတ်ပြုလွှာပေးအပ်စဉ်
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်