သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ပြန်ပြည့်မြဲစွမ်းအင် နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၏"နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့
အသုံးချသင်တန်း" သင်တန်းဆင်းလက်မှတ်ပေးပွဲအခမ်းအနားကို ၁-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီ တွင် PA System ခန်းမတွင် ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းသား/သင်တန်းသူများမှ ကျေးဇူးတင် စကားပြောကြားခဲ့ပြီး တက်ရောက်လာသော ဆရာကြီး၊ ဆရာမကြီးများ၊ သင်တန်းသား/သင်တန်းသူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး သင်တန်းဆင်းလက်မှတ်ပေးပွဲ အခမ်းအနားကို ၁၁း၃၀ နာရီတွင် အောင်မြင် ပြီးမြောက်ခဲ့ပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်