(၂၈-၃-၂၀၂၂) ရက်နေ့မှ (၃၁-၃-၂၀၂၂) ရက်နေ့အထိ၊ အစိုးရနည်းပညာကောလိပ် (နေပြည်တော်)တွင် ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နေရောင်ခြည်စွမ်းအင်သုံး လက်တွေ့အသုံးချ အလုပ်ရုံ ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှအဖွင့်အမှာစကား Virtual (Zoom) ဖြင့်ပြောကြားခဲ့ပါသည်။ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ ဖွင့်ပွဲအခမ်းအနားကို Virtual (Zoom) ဖြင့် တက်ရောက်ခဲ့ပြီး ပြန်ပြည့်မြဲစွမ်းအင်သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်နှင့် လက်ထောက်သုတေသနအရာရှိ ဦးနေကျော်စိုးတို့မှ နေရောင်ခြည်စွမ်းအင်သုံးလက်တွေ့အသုံးချ နည်းပညာများကို သွားရောက်ဖြန့်ဝေပို့ချပေးခဲ့ပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်