မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၂) Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ၂၀၂၂ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအား မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း သုံးခုကို အကောင်အထည်ဖော်ဆောင်ရွက် ခွင့်ရခဲ့ပါကြောင်း၊ အဆိုပါ ရရှိခဲ့သောစီမံကိန်းများမှ တစ်ခုဖြစ်သော “မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံအမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှု တိုးမြှင့်ရေးနှင့်လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း” စီမံကိန်းကို ယနေ့ စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း၊ ၎င်းသည် မြန်မာနိုင်ငံ တွင် ဆိုလာလျှပ်စစ်ဓာတ်အားဆိုင်ရာ အသုံးချအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံရှိ နေရောင်ခြည် စွမ်းအင်သုံး photovoltaic အသုံးချမှုသမိုင်းတွင် အမှတ်အသား တစ်ခုအဖြစ် ကျန်ရစ်စေမည် ဖြစ်ပါကြောင်း၊ ဤအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ နိုင်ငံတကာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အား ဖြန့်ကျက်စနစ် နှင့်စပ်လျဉ်းသည့် အချက်အလက်များ ရရှိစေရန် နှင့် မြန်မာနိုင်ငံရှိ နေရောင်ခြည် စွမ်းအင်သုံး photovoltaic နည်းပညာနှင့် အသုံးချမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးရန် တို့ဖြစ်ပါတယ်။ ဤစီမံကိန်းကို အကောင်အထည်ဖော်ပြီးနောက် မြန်မာနိုင်ငံတွင် ပြည်တွင်း နည်းပညာစွမ်းရည်များကို ဆက်လက် လေ့ကျင့် သင်ကြားပေးပြီး ခေတ်နှင့်အညီ နိုင်ငံတကာ ပြန်ပြည့်မြဲစွမ်းအင်နည်းပညာများ ဖွံ့ဖြိုး တိုးတက်မှုအပေါ်အခြေခံ၍ လေ့ကျင့်မှုအသစ်များ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းစီမံကိန်းသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ သက်ဆိုင်ရာနိုင်ငံများအား နိုင်ငံတကာ စွမ်းရည်ဖလှယ်မှုနှင့် သင်ယူမှုများကို ပံ့ပိုးပေးရန်အတွက် ထိရောက်သောပလက်ဖောင်း တစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
/uploads/mediamk8d49ba4acd06976b2dba7bc690563211.jpLaunching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနား၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ အဖွင့်အမှာစကားပြောကြားနေပုံ
) Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ Minister Counselor, Dr. Zheng Zhihongမှ အဖွင့်အမှာစကား ပြောကြားနေပုံ
Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းဇေယျာထွန်းမှ အဖွင့်အမှာစကား ပြောကြားနေပုံ
Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနား၌ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာ စကားပြောကြားနေပုံ
Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနား၌ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဇော်မင်းနိုင်မှ အဖွင့်အမှာ စကားပြောကြားနေပုံ
Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနား၏ မှတ်တမ်းတင်ဓာတ်ပုံ
Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနား၏ မှတ်တမ်းတင်ဓာတ်ပုံ
Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်