သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ဓာတုနည်းပညာသုတေသနဗဟိုဌာနမှအသေးစား၊အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်းရှင်များမှ တောင်းဆိုထားသည့် မဲနယ်ရောင်သဘာဝဆိုးဆေးနည်းပညာ သင်တန်းကို (၂၄-၇-၂၀၂၃) ရက်နေ့မှ (၂၅-၇-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း နှင့် သင်တန်းဆင်းပွဲအခမ်းအနားကို (၂၅-၇၂၀၂၃)ရက်နေ့၊ မွန်းလွဲ(၃:၃၀)နာရီ အချိန်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရာထမ်းများ၊အမှုထမ်းများ၊မကွေးတိုင်းဒေသကြီးမှလုပ်ငန်းရှင်များ၊MSMEလုပ်ငန်းရှင်များနှင့်သင်တန်းသားများတက်ရောက်ခဲ့ပါသည်။
သင်တန်းဆင်း အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်များအား တက်ရောက်လာသော သင်တန်းသားများအား ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦး မှလည်းကျေးဇူးတင် စကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သဘာဝဆိုးဆေးနှင့် သဘာဝအရောင်များ မိတ်ဆက်ခြင်း၊ မဲနယ်ပင်မှ မဲနယ်ရောင် သဘာဝဆိုးဆေးထုတ်ယူခြင်း၊ ဂလူးကို့စ်ကို ဓာတ်လျော့ပစ္စည်းအဖြစ်အသုံးပြု၍ မဲနယ်ရောင်ဆေးဆိုး ခြင်းနည်းပညာ၊ မဲနယ်ရောင်သဘာဝဆိုးဆေးတွင် ငှက်ပျောသီးပြုတ်ရည်အား ဓာတ်လျော့ပစ္စည်းအဖြစ် အသုံးပြု၍ ဆေးဆိုးခြင်းနည်းပညာနှင့် ချည်ခင်များကို မဲနယ်ရောင် သဘာဝဆိုးဆေးဆိုးခြင်းနှင့် မဲနယ် အမှုန့်အား ဆာလဖြူရစ်အက်ဆစ်သွင်း၍ ဆေးဆိုးခြင်းနည်းပညာများကို သုတေသနနှင့်တီထွင်ဆန်းသစ် မှုဦးစီးဌာန၊ ဓာတုနည်းပညာသုတေသနဗဟိုဌာနမှ သုတေသနပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပြသပေးခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင်ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှသင်တန်းဆင်း အမှာစကားပြောကြားခြင်း
ညွှန်ကြားရေးမှူးချုပ်ဆရာမကြီးမှ သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်နေပုံ
ဒုတိယညွှန်ကြားရေးမှူးချုပ်ဆရာကြီးမှ သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်နေပုံ
ဒုတိယညွှန်ကြားရေးမှူးချုပ်ဆရာကြီးမှ သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်နေပုံ
ညွှန်ကြားရေးမှူးချုပ်ဆရာမကြီး၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဆရာကြီးများ၊တက်ရောက်လာသည့် ဆရာ၊ ဆရာမများသင်တန်းသား/သူ များနှင့် မှတ်တမ်းဓါတ်ပုံ
နာဂသင်တန်းသူတစ်ဦးမှကျေးဇူးတင် စကား ပြောကြားခဲ့ပုံ
သင်တန်းဆရာမများမှသင်တန်းသားများအားစာတွေ့၊လက်တွေ့သင်ကြားပြသနေပုံ
သင်တန်းသားများမှလက်တွေ့ပြုလုပ်နေပုံ
သင်တန်းသား/သူများမှသိရှိလိုသည်များအားမေးမြန်းနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်