ရန်ကုန် စက်တင်ဘာ ၁၄
မြန်မာအစားအသောက်ဓာတ်ခွဲခန်းကွန်ယက်၏ ပထမအကြိမ်နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေး (၂၀၂၄) ကို ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲ ကျော်စွာလမ်းရှိ UMFCCI Office Tower ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ UMFCCI ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ UMFCCI မှ EC member များ၊ နှီးနွယ်ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်က အစားအသောက်စစ်ဆေးသော ဓာတ်ခွဲခန်းများမှ တာဝန်ရှိသူများ၊ သက်ဆိုင် ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်များတက်ရောက် ကြသည်။
အစည်းအဝေးတွင်ဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အွန်လိုင်းမှတဆင့် အဖွင့်အမှာစကားပြောကြားရာတွင် အစားအသောက် ထုတ်ကုန်များ၏ အရည်အသွေးပိုင်းဆိုင်ရာထောက်ခံချက်သည် တိကျမှန်ကန်ရန် အလွန် အရေးကြီးကြောင်း၊ မြန်မာအစားအသောက်ဓါတ်ခွဲခန်းကို ၂၀၁၆ခုနှစ်စတင်ထည်ထောင်ခဲ့ပြီး ယနေ့အချိန်တွင် ခိုင်မာတောင့်တင်းသည့်အဖွဲ့အစည်း ဖြစ်လာသည့်အတွက် ဝမ်းသာဂုဏ်ယူ မိပါကြောင်း၊ အသင်းပေါ်ပေါက်လာသည့်အတွက် MSME များအနေဖြင့် ဓာတ်ခွဲဝန်ဆောင်မှုများ မျှဝေသုံးစွဲနိုင်မည်ဖြစ်သဖြင့် များစွာအကျိုးများမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မှ မြန်မာအစား အသောက်ဓာတ်ခွဲခန်းများ ကွန်ယက်၏သမိုင်းကြောင်း၊ ရည်ရွယ်ချက်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက MSME လုပ်ငန်း များ၏ ထုတ်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဓာတ်ခွဲစမ်းသပ်မှု လုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကိုပြောကြားခဲ့ပါသည်။ ထို့နောက် UMFCCI ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် အစားအသောက်များသည် ဘေးအန္တရာယ်ကင်းရှင်းပြီး အဟာရပြည့်ဝဖို့ အရေးကြီးကြောင်း၊ အစားအသောက်ဘေးအန္တရာယ်များကို တိကျစွာဖော်ထုတ် စစ်ဆေးပေးနိုင်သော ဓာတ်ခွဲခန်း များပေါ်ထွက်လာရန် အရေးကြီးကြောင်း၊ MFLN အနေနဲ့ ဓာတ်ခွဲခန်းမျာ၏ အရည်အသွေးမြှင့် တင်ပေးရန် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း ပြောကြားခဲ့ပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းက ဂုဏ်ပြုစကား ပြောကြားရာတွင် MFLN အသင်းမှ တာဝန်ယူဆောင်ရွက်ပေးခဲ့သောTraining, PT, ILC ၏အောင်မြင်မှု ရလဒ်များကို အကျဉ်းချုပ် ဆွေးနွေးခဲ့ပြီး MFLN အသင်း၏ပူးပေါင်းဆောင်ရွက်မှု့ကြောင့် ဓါတ်ခွဲခန်းအချင်းချင်း နည်းပညာ ဆိုင်ရာလိုအပ်ချက်များကို ဖလှယ်နိုင်ခြင်း၊ အပြန်အလှန်ကူညီခြင်းနှင့် ပြည်သူလူထုကို ပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်းတို့ကြောင့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းဂုဏ်ပြုပြောကြားပါသည်။ ထို့နောက် MFLN ဥက္ကဋ္ဌ ဒေါက်တာခင်ချစ်မှ အဖွဲ့အကြောင်းနှင့် အဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်စကား ပြောကြား ခဲ့ပါသည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ ပြခန်းများလှည့်လည်ကြည့်ရှုခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ကြွရောက်လာကြသူများအား နေလည်စာဖြင့်တည်ခင်းဧည့်ခံကာ ပထမပိုင်း အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။
ဒုတိယပိုင်းအစီအစဉ်အနေဖြင့် နေလည်ပိုင်းတွင် MFLN အတွင်းရေးမှူးမှ အသင်း နှစ်ပတ်လည် အစီရင်ခံစာဖတ်ကြားခြင်း၊ အဖွဲ့ဝင်ဓာတ်ခွဲခန်းများနှင့် အဖွဲ့ဝင်များအား အသိ အမှတ်ပြုလွှာများပေးအပ်ခြင်း၊ ကူညီထောက်ပံ့ပေးသော ကုမ္ပဏီနှင့်လုပ်ငန်းရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်းတို့လုပ်ဆောင်ခဲ့ပြီး MFLN အသင်း ဒုဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီး(စက်မှုဝန်ကြီးဌာန)မှ အဖွင့်မိန့်ခွန်းမြွက်ကြားခြင်း
ဒုတိယဝန်ကြီး(သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန)မှ အဖွင့်အမှာစကား ပြောကြားခြင်း
ဥက္ကဋ္ဌ (UMFCCI)မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း
ညွှန်ကြားရေးမှူးချုပ်(သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)မှ မြန်မာအစားအသောက်ဓာတ်ခွဲခန်းကွန်ယက်အား
ဂုဏ်ပြုစကား ပြောကြားခြင်း
ဥက္ကဋ္ဌ(Myanmar Food Laboratory Network)မှ မြန်မာအစားအသောက်ဓာတ်ခွဲခန်းကွန်ယက်အကြောင်း
ပြောကြားခြင်းနှင့် အဖွဲ့ဝင် များအားကြိုဆိုခြင်း
ဒုဥက္ကဌ(Myanmar Food Laboratory Network) မှ ကျေးဇူးတင် စကားပြောကြားခြင်း
ညွှန်ကြားရေးမှူး(အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန) မှ National Quality Infrastructure
ပြောကြားခြင်း
အတွင်းရေးမှူး (Myanmar Food Laboratory Network) မှ မြန်မာအစားအသောက်ဓာတ်ခွဲခန်းကွန်ယက်
နှစ်ပတ်လည် အစီရင်ခံစာပြောကြားခြင်း
ဟောပြောပို့ချသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း
ဟောပြောပို့ချသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း
အဖွဲ့ဝင်ဓာတ်ခွဲခန်းများအား အသိအမှတ်ပြုလွှာများ ပေးအပ်ခြင်း
ပြခန်းများလှည့်လည်ကြည့်ရှုခြင်း
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်