ဓာတုပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ သင်တန်းပို့ချသူများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနရှိ အကောင်ခွန်အရာရှိများအား လုပ်ငန်းခွင်အထောက်အကူပြုသင်တန်း (ဓာတုပစ္စည်းများစီမံခန့်ခွဲမှုအခြေခံသင်တန်း)ကို ၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့မှ(၂၅)ရက်နေ့အထိ အွန်လိုင်း(Zoom Link)စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ရာ အကောက်ခွန်အရာထမ်း စုစုပေါင်း လူဦးရေ(၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်