logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (၇၅) နှစ် မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို သုတေသနနှင့်တီထွင် ဆန်းသစ်မှု ဦးစီးဌာန၏ သုတေသနနှင့် ဖွံဖြိုးရေးလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေဖို့ လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်နေမှုများ၊နည်းပညာလွှဲပြောင်းခြင်းများ၊သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာဆိုင်ရာ လူ့စွမ််းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာမူဝါဒများကို ပံ့ပိုးပေးနိုင်ရန်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့်ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့ စေရန်အတွက် စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ တိကျစွာတိုင်းတာခြင်းနည်းပညာ၊ အရည်အသွေး ထောက်ခံချက်ထုတ်ပေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည့်လုပ်ငန်းများကို  သုတေသီများ၊ ပညာရှင်များမှ  စဉ်ဆက်မပြတ်လက်ဆင့်ကမ်းကြိုးပမ်း‌ဆောင်ရွက်လာခဲ့ပါကြောင်း၊  ယခုအခါတွင် ဦးစီးဌာနအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက် အကူပြုသော သုတေသနလုပ်ငန်းများနှင့် နည်းပညာဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်မှာ  စိန်ရတုအထိမ်းအမှတ် (၇၅) နှစ်ပြည့်ခဲ့ပြီဖြစ်ပါကြောင်း  တာဝန် ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းအရာထမ်း၊အမှုထမ်းများအား ဂုဏ်ပြုမှတ်တမ်း တင်ခြင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား အားပေးချီးမြှင့်ခြင်းအနေဖြင့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော် စက်မှုလက်မှု သုတေသနအဖွဲ့ (State Industrial Research Institute – SIRI) အမည်ဖြင့် အစပြုခဲ့ပြီး၊ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံလက်တွေ့သုတေသနလုပ်ငန်းအဖွဲ့(Union of Burma Applied Research Institute- UBARI)၊ ၁၉၇၃ ခုနှစ်တွင် ဗဟိုသုတေသန လုပ်ငန်းအဖွဲ့ (Central Research Organization -CRO)၊ ၁၉၉၄ ခုနှစ်တွင် မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာန (Myanma Scientific and Technological Research Department – MSTRD)၊ ၂၀၁၅ ခုနှစ်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန (Department of Research and Innovation - DRI) စသည်ဖြင့် ခေတ်နှင့်အညီ အမည် အမျိုးမျိုးပြောင်း၍ နိုင်ငံတော်မှချမှတ်ထားသော သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ များကို အကောင်အထည် ဖော်လျက် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာ လွှဲပြောင်း ခြင်း၊ မြန်မာစံချိန်စံညွှန်းချမှတ်ခြင်းများ ပြုလုပ်လာခဲ့ရာ ၂၀၂၂ ခုနှစ်တွင် (၇၅)နှစ်တိုင် ခရီးကို ရောက်ရှိလာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါစိန်ရတု အထိမ်းအမှတ် အခမ်းအနားတွင် ဒေသတွင်း နှင့်နိုင်ငံတကာစွန့်ဦးတီထွင်မှုပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော ပြည်တွင်း MSMEလုပ်ငန်းရှင် များနှင့်  ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုများချီးမြှင့် ခဲ့ကြပါသည်။ စိန်ရတုအထိမ်း အမှတ်အခမ်းအနားကို ကြိုဆိုသောအားဖြင့်  ပြည်တွင်း MSME လုပ်ငန်းရှင်များတောင်းဆို ထားသောနည်းပညာများလွှဲပြောင်းခြင်းနှင့် နည်းပညာ ဖြန့်ဝေခြင်း တို့ကိုလည်း ၂၉-၁၂-၂၀၂၂ ရက်နေ့တွင်ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါစိန်ရတု အထိမ်းအမှတ်အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ လက်ရှိတာဝန် ထမ်းဆောင်နေသောဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားစဉ်

(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကျေးဇူးတင်စကားပြောကြားစဉ်

စိန်ရတုအခမ်းအနားသို့ တက်ရောက်လာသော ဒေါက်တာအေးမြင့်၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)မှ တက်ရောက်မှုမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးစဉ်

စိန်ရတုအခမ်းအနားသို့ တက်ရောက်လာသော အငြိမ်းစားဝန်ထမ်းများမှ တက်ရောက်မှုမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးစဉ်

 

စိန်ရတုအခမ်းအနားသို့ တက်ရောက်လာသော အငြိမ်းစားဝန်ထမ်းများမှ တက်ရောက်မှုမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးစဉ်

(၇၅)နှစ်မြောက်စိန်ရတုအခမ်းအနားသို့ တက်ရောက်လာသော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ

 

(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ တက်ရောက်လာသော နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ

“ASEAN INDIA Grassroots Innovation Competition 2022” တွင် International Level အဆင့်ဆုရရှိသော Green Toddy Co.,Ltd မှ ဦးထူးဝေ အား ပြည်ထောင်စုဝန်ကြီးမှ ဆုချီးမြှင့်စဉ်

 

“The First Yunnan International Innovation & Entrepreneurship Competition (YIIEC)2022” တွင် National Level အဆင့် ဆုရရှိခဲ့သော DTVET TVET Team အားပြည်ထောင်စုဝန်ကြီးမှ ဆုချီးမြှင့်စဉ်

“China- ASEAN Innovation and Entrepreneurship Competition (CAIEC) 2022” တွင် National Level အဆင့်ဆုရရှိသူ Greeen Toddy Co.,Ltd အားဆုချီးမြှင့်စဉ်

\

စိန်ရတုအခမ်းအနားတွင် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁၆)၌ သာမန်အထက်အဆင့်(၁)ဖြင့်အောင်မြင်ခဲ့သည့် ဒေါက်တာသဇင်ဟန်အား ညွှန်ကြားရေးမှူးချုပ်မှ ဆုချီးမြှင့်စဉ်

စိန်ရတုအခမ်းအနားတွင် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့် ဒီလပိုမာသင်တန်းအမှတ်စဉ် (၅) ၌ သာမန်အမြင့် အောင်မြင်ပြီး ဂုဏ်ထူး(၃)ခုဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဒေါ်ထိုက်ထိုက်ဦး အား ညွှန်ကြားရေးမှူးချုပ်မှ ဆုချီးမြှင့်စဉ်

အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစား ညွှန်ကြားရေးမှူးများ အား ဂါရဝပြုအမှတ်တရလက်ဆောင်ပေးအပ်ပြီး အမှတ်တရဓာတ်ပုံ

(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနမှူးများ

စုပေါင်းအမှတ်တရ ဓာတ်ပုံ

(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားတွင် ဝန်ထမ်းသမီးပျိုလေးများမှ ကပြဖျော်ဖြေစဉ်