သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် (၁၉-၃-၂၀၂၄)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒုတိယဝန်ကြီးက နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို ဖော်ဆောင် တည်ဆောက်ရာတွင် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများကို ပိုမို ဆောင်ရွက်ရန်နှင့် MSMEs လုပ်ငန်းရှင်များ၏ လက်ဝယ်အရောက် နည်းပညာလွှဲပြောင်းမှုများကို တိုးမြှင့် လုပ်ဆောင်ရန် လမ်းညွှန်တိုက်တွန်းမှာကြားပါသည်။ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ ဌာန၏လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ကို ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ နိုင်ငံခြားပညာတော်သင် ကာလတိုသင်တန်းသွားရောက်ခဲ့ကြသည့် အမျိုးသားစံချိန်စံညွှန်း နှင့်အရည်အသွေးဌာနမှ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာအေးမြတ်မွန်နှင့် အမျိုးသားဓာတ်ခွဲခန်းမှ သုတေသနမှူး၊ ဒေါ်ထိုက်ထိုက်ဦးတို့မှ သင်ယူခဲ့သည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လက်တွေ့ပြန်လည်အသုံးချနိုင်ရေးနှင့် ဆင့်ပွားသင်တန်းများပေးနိုင်ရေးအစီအစဉ်တို့ကို ဆောင်ရွက်ရန် မှာကြားပါသည်။ ဒုတိယဝန်ကြီးနှင့် ဝန်ထမ်းများအတူတကွ ရင်းရင်းနှီးနှီး လက်ဖက်ရည် သုံးဆောင်ကြပါသည်။
ထို့နောက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိရန်ဆောင်ရွက်နေသော အမျိုးသားဓာတ်ခွဲခန်းရှိ ရေ ဓာတ်ခွဲခန်းနှင့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)ရှိ ဖိအားတိုင်းတာရေးဓာတ်ခွဲခန်း (Pressure Laboratory)နှင့် မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၂)ဖြင့် တည်ဆောက်လျက် ရှိသော မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်အသုံးပြုမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့် Solar PV Exhibition နှင့် လေ့ကျင့်ရေးစင်တာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားကြောင်းသိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှတွေ့ဆုံအမှာစကားပြောကြားနေစဉ်
ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှဌာန၏လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြနေစဉ်
နိုင်ငံခြားပညာတော်သင် ကာလတိုသင်တန်းသွားရောက်ခဲ့ကြသည့်ပညာသင်များမှသင်ယူခဲ့သည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြနေစဉ်
ဒုတိယဝန်ကြီးနှင့် ဝန်ထမ်းများအတူတကွ ရင်းရင်းနှီးနှီး လက်ဖက်ရည် သုံးဆောင်နေစဉ်
မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၂)ဖြင့် တည်ဆောက်လျက် ရှိသော မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်အသုံးပြုမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့် Solar PV Exhibition နှင့် လေ့ကျင့်ရေးစင်တာသို့သွားရောက်စဉ်
နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိရန်ဆောင်ရွက်နေသောတိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)ရှိ ဖိအားတိုင်းတာရေးဓာတ်ခွဲခန်း (Pressure Laboratory) သို့ကြည့်ရှုစစ်ဆေးနေစဉ်
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်