၁ ဇန်နဝါရီ ၂၀၂၄
၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယကို ကြိုဆိုသောအားဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ဝန်ထမ်းမိသားစုနှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဦးစီးဌာန၏ စုပေါင်းခန်းမ၌ ပြုလုပ်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအားလုံး ပါဝင်တက်ရောက်ဆင်နွှဲကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိကြသည့် မိမိတို့၏ဝန်ထမ်းမိသားစုများအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း မိမိတို့ လုပ်ဆောင်ခဲ့ကြသည့် လုပ်ငန်းများတိုးတက်အောင်မြင်မှုအတွက် ဂုဏ်ယူပါကြောင်းနှင့် အားနည်းချက် အားသာချက်များကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး လာမည့် ၂၀၂၄ ခုနှစ် နှစ်သစ်တွင် လုပ်ငန်းတာဝန်များကို စည်းလုံးညီညွတ် စွာဖြင့် ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ မိမိတို့ဝန်ထမ်းများအားလုံး လာမည့်နှစ်သစ်တွင် ကျန်းမာစွာဖြင့် ပျော်ရွှင်အောင်မြင်စွာပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုးဆောင်ရွက် နိုင်စေရေးဆန္ဒပြုအပ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဇော်မင်းနိုင်မှ နှစ်သစ်ဦး ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားပါသည်။ ထို့နောက် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအနေဖြင့် ဝန်ထမ်းမောင်မယ်များ၏ နှစ်သစ်ကူး ဖျော်ဖြေရေးအစီအစဉ်၊ ဗလာမပါ ဆုမဲကြီးများ၊ ပစ္စည်းများနှင့် ငွေသားကံစမ်းမဲများဖောက်ခြင်းနှင့် ဂိမ်းကစားပွဲများတွင် ဝန်ထမ်းများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပါသည်။ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနကြီးမှူးများက ကံစမ်းမဲများ၊ ပေါက်မဲဆုမဲများနှင့် ဂိမ်းကစားပွဲမှဆုရ ဝန်ထမ်းများသို့ ချီးမြှင့်ပေးအပ်ကြပါသည်။ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအခမ်းအနားကို ညနေ (၄:၁၅) နာရီတွင် ရုတ်သိမ်းခဲ့ပါ သည်။
ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာဖြူဖြူဝင်းမှသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ဝန်ထမ်းမိသားစုနှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ အခမ်း အနားအဖွင့်အမှာစကားပြောကြားနေပုံ
ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဇော်မင်းနိုင်မှ နှစ်သစ်ဦး ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားနေပုံ
ဝန်ထမ်းမောင်မယ်များမှ နှစ်သစ်ကူး အဆိုအကများဖြင့်ဖျော်ဖြေနေပုံ
ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာဖြူဖြူဝင်းမှ နှစ်သစ်ကူး ဖျော်ဖြေခဲ့ကြသောဝန်ထမ်းမောင်မယ်များအားဆုချီးနေစဉ်
ဂိမ်းကစားပွဲမျာဆင်နွဲနေပုံ
ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာဖြူဖြူဝင်းမှဗလာမပါ ဆုမဲကြီးများ၊ ပစ္စည်းများနှင့် ငွေသားကံစမ်းမဲများဖောက်ခြင်းများပြုလုပ်ပေးနေပုံ
ဌာနကြီးမှူးများမှ ကံစမ်းမဲများ၊ ပေါက်မဲဆုမဲများနှင့် ဂိမ်းကစားပွဲမှဆုရ ဝန်ထမ်းများသို့ ချီးမြှင့်ပေးအပ်နေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်