logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဓါတုနည်းပညာသုတေသနဗဟိုဌာနမှ နည်းပညာလွှဲပြောင်းပွဲ အခမ်းအနားအား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့ မွန်းလွဲ(၂:၀၀ မှ ၄:၁၅ နာရီ)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ကျင်းပခဲ့ရာ  ဒေါက်တာဖြူဖြူဝင်း (ညွှန်ကြားရေးမှူးချုပ်)၊ ဒေါက်တာ ဇော်မင်းနိုင်( ဒုတိယညွှန်ကြားရေးမှူးချုပ် ) ၊ ဒေါက်တာထွန်းထွန်းမိုး ( ဒုတိယညွှန်ကြားရေးမှူးချုပ် ) ၊ ဒေါက်တာချိုမင်းဟန်( ညွှန်ကြားရေးမှူး ) ၊ ဒေါက်တာကျော်စိုးလွင် ( ညွှန်ကြားရေးမှူး ) ၊ ဒေါက်တာ သဇင်ဟန် ( ညွှန်ကြားရေးမှူး ) ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှဌာနမှူးများ ၊ သုတေသန ပညာရှင်များ ၊ ရန်ကုန်တက္ကသိုလ်ကုန်ထုတ်ဓါတု‌‌‌ဗဒဌာနမှ ဒေါက်တာစိုးစိုးသန်း ( ပါမောက္ခ )၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးကျော်ဇေယျ( ညွှန်ကြားရေးမှူး ) ၊ April Four Co., Ltd ၊ Shwe Oak Saung Co.,Ltd ၊ SMYD Co.,Ltd နှင့်  ကမ်းဇော်ဆီတိုင်းရင်းဆေးဝါးထုတ်လုပ်ငန်း တို့မှ Managing Director များ ၊ MSME များမှ လုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

           အဆိုပါအခမ်းအနားတွင် ဒေါက်တာဖြူဖြူဝင်း( ညွှန်ကြားရေးမှူးချုပ် ) ၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ April Four Co., Ltd ၊ Shwe Oak Saung Co., Ltd ၊ SMYD Co., Ltd နှင့်  ကမ်းဇော်ဆီတိုင်းရင်းဆေးဝါးထုတ်လုပ်ငန်း ကုမ္ပဏီများအား နည်းပညာ လွှဲအပ်လွှာများပေ:အပ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်းတို့အားပြုလုပ်ခဲ့ကြပြီး ၊ ကုမ္ပဏီများဘက်မှ ဌာနသို့လှူဒါန်းမှု အတွက်ကျေးဇူးတင်လွှာများ ပေးအပ်ခဲ့ပါသည်။ သုတေသနပညာရှင်များမှလည်း သက်ဆိုင်ရာကဏ္ဍ အလိုက်ပြုလုပ်ထားသော သုတေသနများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များမှသိရှိလိုသည်များမေးမြန်းခဲ့ရာ အစာအဟာရသုတေသနဌာနမှ ဌာနမှူး ၊ ဒေါက်တာသဇင်ဟန်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှနည်းပညာလွှဲပြောင်းပွဲ အခမ်းအနားအဖွင့်အမှာစကားပြောကြားနေပုံ

ဓာတုနည်းပညာဗဟိုဌာန၊ညွှန်ကြားရေးမှူးဒေါက်တာသဇင်ဟန်မှ MSME စီးပွားရေးလုပ်ငန်းရှင်များကိုပေးနိုင်သောနည်းပညာများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားနေပုံ

MSMEလုပ်ငန်းရှင် များအားညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ နည်းပညာလွှဲပြောင်းပေးနေပုံ

နည်းပညာလွှဲပြောင်းပွဲအခမ်းအနားသို့တက်ရောက်လာသော လုပ်ငန်းရှင်များနှင့်ဧည့်သည်တော်များ

နည်းပညာလွှဲပြောင်းပွဲအခမ်းအနားသို့တက်ရောက်လာသော  ဧည့်သည်တော်များနှင့်အမှတ်တရစုပေါင်းဓါတ်ပုံ