၁၃၈၅-၁၃၈၆ခုနှစ်အတွက် မြန်မာ့နှစ်ဦး အကြိုဝန်ထမ်းမိသားစု စတုဒီသာ ကျွေးမွေးပွဲ အား၂၀၂၄ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန(ရန်ကုန်)ရှိ စုဝေးခန်းမတွင် ကျင်းပခဲ့ရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ နှစ်သစ်ကူး ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထိုနောက်ညွှန်ကြားရေးမှူးချုပ်မှ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဝန်ထမ်းများအား သပြေခက်နှင့် အတာရေပက်ဖျန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ စတုဒီသာကျွေးမွေးပွဲ သို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ထိုနောက်စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ သီချင်းသီဆိုဖျော်ဖြေခြင်းများ၊ ယိမ်းအက များဖြင့်ဖျော်ဖြေဧည့်ခံခဲ့ပြီး စတုဒီသာကျွေးမွေးပွဲအား မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။
သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ နှစ်သစ်ကူး ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားနေစဉ်
သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှသုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဝန်ထမ်းများအား သပြေခက်နှင့် အတာရေပက်ဖျန်းနေစဉ်
သီချင်းသီဆိုဖျော်ဖြေခြင်းများ၊ ယိမ်းအက များဖြင့်ဖျော်ဖြေဧည့်ခံနေပုံ
သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ဖျော်ဖြေနေသူများအားဆုချီးမြှင့်နေစဉ်
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ ဖျော်ဖြေနေသူများအားဆုချီးမြှင့်နေစဉ်
စတုဒီသာများဖြင့်ဧည့်ခံနေပုံ
စတုဒီသာများဖြင့်ဧည့်ခံနေပုံ
မြန်မာနှစ်ဦး အကြိုဝန်ထမ်းမိသားစု စတုဒီသာ ကျွေးမွေးပွဲရန်ပြင်ဆင်နေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်