အခြေခံအဂလိပ်စာသင်တန်းကို (၄-၃-၂၀၂၄) ရက်နေ့မှ (၂၉-၃-၂၀၂၄) ရက်နေ့အထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ တပါတ်လျှင် (၃)ရက်ကျင်းပပြုလုပ်ခဲ့ပြီး“ရေအရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခြင်းသင်တန်း”ကို (၁၄-၃-၂၀၂၃)ရက်နေ့မှ (၂၈-၃-၂၀၂၃)ရက်နေ့အထိ တပါတ်လျှင် (၂)ရက် (ကြာသပတေးနေ့နှင့်သောကြာနေ့)၊ စုစုပေါင်း (၅) ရက်၊ သင်ကြားချိန် နာရီ (၂၀) ဖြင့် အမျိုးသားဓာတ်ခွဲခန်း၊ ဒြပ်စင်ဓာတ်ခွဲဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်အေးတူးနှင့် စက်မှုကျွမ်းကျင် (၁) ဒေါ်ခင်ဌေးတို့က စာတွေ့၊ လက်တွေ့လုပ်ငန်းများဖြင့် လေ့ကျင့်သင်ကြားခဲ့ရာ သင်တန်းသားအဖြစ်ဝန်ထမ်း (၁၈) ဦး တက်ရောက်ခဲ့ပါသည်။
ယင်းသင်တန်းတွင် ရေနှင့်သက်ဆိုင်သော ဗဟုသုတများ၊ ရေဓာတ်ခွဲတိုင်းတာသော နည်းစနစ်များ၊ ရေ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများဖြစ်သော အမျိုးအမည် (၂၂) မျိုး (pH, Dissolved oxygen, Turbidity, Color, Total alkalinity, P-alkalinity, Carbonate, Bicarbonate, Hydroxide, Total hardness, Carbonate hardness, Non-carbonate hardness, Chloride, Sulphate, Electrical conductivity, Total solids, Total dissolved solids, Total suspended solids, Salinity, Biochemical oxygen demand, Chemical oxygen demand) အစရှိသည်တို့အပြင် ရေတွင် ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် အဆိပ်အတောက်ဖြစ်စေနိုင်သော လေးလံသောသတ္တုဓာတ်များ (Heavy metals)ကို Atomic absorption spectrometer ဖြင့် တိုင်းတာစမ်းသပ်စစ်ဆေးခြင်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။
အခြေခံအဂလိပ်စာသင်တန်းနှင့်ရေအရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကို (၂၉-၃-၂၀၂၄) ရက်နေ့ တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စားဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ညွှန်ကြားရေးမှူးများ၊ဒုတိယ ညွှန်ကြားရေးမှူးများ၊သင်တန်းဆရာ၊ဆရာမများ နှင့်သင်တန်းသူ၊သင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ လမ်းညွှန်မှာကြားခြင်း
သင်တန်းသား/သင်တန်းသူများနှင့်အမှတ်တရမှတ်တမ်းဓါတ်ပုံ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ လမ်းညွှန်မှာကြားခြင်း
Atomic Absorption Spectrometer (PinAAcle 900H, Prekinelmer) စက်ဖြင့် ရေတွင် ပျော်ဝင်နေသော သတ္တုဓာတ်များအား တိုင်းတာခြင်းကို လက်တွေ့သင်ကြားခြင်း
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်အေးတူးမှ သင်ကြားပို့ချခြင်း
စက်မှုကျွမ်းကျင် (၁) ဒေါ်ခင်ဌေးမှ လက်တွေ့သင်ကြားပြသခြင်း
သင်တန်းသားများမှ လက်တွေ့ဆောင်ရွက်ခြင်း
ရရှိလာသော ဒေတာများအား အဖြေရရှိအောင် တွက်ချက်ခြင်း
သင်တန်းသားများအား တက်မြောက်မှု စစ်ဆေးခြင်း
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စားဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ အဖွင့်အမှာစကား ပြောကြားစဉ်
သင်တန်းဆင်းအခမ်းအနားစုပေါင်းမှတ်တမ်းဓါတ်ပုံ
သင်တန်းဆင်းပွဲသို့တက်ရောက်လာသူများ
သင်တန်းဆရာ၊ဆရာမများအားဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှအမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်စဉ်
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်