သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်နေသောလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခြင်း အစည်းအဝေးအား၂၀၂၃ခုနှစ်၊မတ်လ (၁၂)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (ရန်ကုန်) စုဝေးခန်းမတွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက တက်ရောက်လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနလုပ်ငန်းဆိုင်ရာ အောင်မြင်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား အင်တာပရိုက်များသို့ နည်းပညာ လွှဲပြောင်းပေးမှုများ၊ အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ လုပ်ငန်းစဉ် များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဓာတ်ခွဲခန်းလုပ်ငန်းစဉ်များနှင့် ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအကောင်အထည်ဖော် အောင်မြင်မှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးပြီး သက်ဆိုင်ရာဌာနအသီးသီးမှ ဌာနမှူးများမှ မိမိတို့၏ ဌာနအလိုက် လုပ်ငန်းစဉ် များအား တင်ပြဆွေးနွေး လမ်းညွှန်မှုခံယူခဲ့ကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးမှ ဦးစီးဌာန၏ အမျိုးသားဓာတ်ခွဲခန်း၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာန၊ တိကျစွာတိုင်းတာမှု နည်းပညာသိပ္ပံ(မြန်မာ) ရှိ အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ဓာတ်ခွဲခန်းနှင့် အခြားဓာတ်ခွဲခန်းများ၊ အစားအစာ ဆန်းသစ်တီထွင်မှုဌာန၊ ဓာတုနည်းပညာ သုတေသနဗဟိုဌာနတို့၏ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တင်ပြချက်များနှင့်အညီ ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြာရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဌာနတာဝန်ခံများမှ တက်ရောက်လမ်းညွှန်မှုခံယူခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျမှ လမ်းညွှန်မှာကြားနေပုံ
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြနေပုံ
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဌာနမှူးများမှမိမိတို့ဌာနဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြနေပုံ
သက်ဆိုင်ရာဓါတ်ခွဲခန်းများသို့လှည့်လည်ကြည့်ရှု့နေစဉ်နှင့်ဓါတ်ခွဲခန်းတာဝန်ခံများမှရှင်းလင်းပြောကြားနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်