သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနား ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စုဝေးခန်းမကြီး ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ နှင့်အတူ ဌာနမှူး၊ ဌာနတာဝန်ခံ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ အားလုံး တက်ရောက်ခဲ့ကြသည်။ အခမ်းအနား အစီအစဉ်အရ တက်ရောက်လာကြသူများကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ဝန်ထမ်းမောင်မယ် များကအဆို၊အကဖြင့် ဖျော်ဖြေခဲ့ကြသည်။ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်း မှ ဝန်ထမ်းမောင်မယ်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများသည် အဆို၊အကဖြင့်ဖျော်ဖြေခဲ့သော ဝန်ထမ်းမောင်မယ်များနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ နှစ်သစ်အခါသမယ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ် နည်းပညာသုတေသနဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီရိရွှေရည်ဝင်းအား စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် ဂုဏ်ပြုမှတ်တမ်းတင်လွှာပေးအပ်ခဲ့ပါသည်။ ယင်းနောက် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်သိန်း မှ AI application နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများ အားလုံးကို ကံစမ်းမဲများဖွင့်ဖောက် ပေးအပ်ခဲ့ပြီး နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။ အခမ်းအနား မွန်းလွဲပိုင်း အစီအစဉ်တွင် ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ ဓာတုနည်းပညာသုတေသနဗဟိုဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ အမျိုးသားဓာတ်ခွဲခန်းတို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းနှင့် သုတေသနလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက Power Point Presentation ဖြင့်တင်ပြ၍ အထွေထွေညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ဝန်ထမ်းမောင်မယ်များက အဆို၊အကဖြင့် ဖျော်ဖြေနေစဉ်

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ဝန်ထမ်းမောင်မယ်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်နေစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အဆို၊အကဖြင့်ဖျော်ဖြေခဲ့သော ဝန်ထမ်းမောင်မယ်များနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ နှစ်သစ်အခါသမယ နှုတ်ခွန်းဆက် စကားပြောကြားစဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီရိရွှေရည်ဝင်းအား ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးအပ်နေစဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်သိန်းမှ AI application နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကံစမ်းမဲအထူးဆုအား ပေးအပ်စဉ်

ဝန်ထမ်းများအား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံပုံ

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတက်ရောက်သူအားလုံး၏ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်