သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအစာသုတေသနဌာနနှင့် အစားအစာဆန်းသစ်တီထွင်မှုဌာနသို့ မွန်ပြည်နယ်မှ မုန့်တိုက်လုပ်ငန်းရှင်များ၊ မုန့်စက်ရုံမှတာဝန်ခံများ ၊ မုန့်ဖြန့်ချိရေးလုပ်ငန်းရှင်များ၊ မွန်ပြည်နယ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မုန့်လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ National Enlightenment Institute-NEI မှတာဝန်ရှိသူများသည် (၂၄-၁၁-၂၂) ရက်နေ့ နံနက်၉း၃၀တွင် သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနသို့ “မုန့်လုပ်ငန်းကဏ္ဍအထူးပြုစက်ရုံ၊ အလုပ်ရုံနှင့်နည်းပညာလေ့လာရေးခရီးစဉ်”ကို လာရောက်ခဲ့ပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စုဝေးခန်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဓာတုနည်းပညာသုတေသနဗဟိုဌာန၊ အစားအစာသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်မှ ဌာနများအကြောင်း ရှင်းလင်းတင်ပြပြီး လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း၊ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်း၊ ဌာနများနှင့်အစားအစာဆန်းသစ်တီထွင်မှုစင်တာသို့ သွားရောက်လေ့လာခဲ့ပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဇော်မင်းနိုင်မှနှုတ်ခွန်းဆက်စကားပြောကြားနေပုံ
အစားအစာသုတေသနဌာန၊ဒေါက်တာသဇင်ဟန်မှဌာနအကြောင်းရှင်းပြနေပုံ
အစားအစာသုတေသနဌာနမှဒေါက်တာသဇင်ဟန်လုပ်ငန်းရှင်များ၏မေးခွန်းများကိုပြန်လည်ဖြေကြားနေပုံ
စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း
အမျိုးသားဓါတ်ခွဲခန်း သို့သွားရောက်လေ့လာခြင်း
Food Innovation Center တွင်စက်ပစ္စည်းများအား လေ့လာနေပုံ
Food Innovation Center တွင်စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်