logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲ စွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန အောက်ရှိ  ပြန်ပြည့်မြဲစွမ်းအင် သုတေသနဌာနမှ သုတေသနပြုလုပ်ခဲ့သော “Automatic Heating Mixer for Food Processing တည်ဆောက်ခြင်း” နည်းပညာအား Treasure Mya Co.,Ltd. သဘာဝရတနာဓနိဖူးခြောက်လုပ်ငန်း မှ နည်းပညာပံ့ပိုးပေးပါရန် တောင်းခံလာ၍ (၅-၇-၂၀၂၄) နေ့ရက် တွင် “MSME လုပ်ငန်းရှင်အား နည်းပညာလွှဲပြောင်းပေးခြင်း” အခမ်းအနားကို သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)၊ PA System ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် MSMEsများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလွှဲပြောင်းရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဤဦးစီးဌာနသည် MSMEs များသို့ နည်းပညာများ လွှဲပြောင်းပေးနိုင်ရန် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ယခုတွင်လည်း ဓနိဖူးကို အခြောက်ပြုလုပ်၍ အခြားနိုင်ငံများသို့ တင်ပို့ရာတွင် တန်ဖိုးမြှင့်ထုတ်လုပ်ရန် အတွက် ထိုလုပ်ငန်းစဉ်တွင် အသုံးပြုသည့် စက်ပစ္စည်းကို ပြည်တွင်း၌ ဖန်တီးထုတ်လုပ်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေ၍ ကုန်ကြမ်းများကို အရည်အသွေးမြင့်စွာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း နှင့် နောင်တွင်လည်း ဆက်စပ်လုပ်ငန်းများအတွက် နည်းပညာများလိုအပ်ပါက ဦးစီးဌာနမှ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာသီရိရွှေရည်ဝင်း   မှ Automatic Heating Mixer တည်ဆောက်သည့် နည်းပညာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Treasure Mya Co.,Ltd. သဘာဝရတနာ ဓနိဖူးခြောက်လုပ်ငန်း သို့ နည်းပညာအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။  နည်းပညာလွှဲပြောင်းလက်ခံသူ လုပ်ငန်းရှင်ဖြစ်သော  ကုမ္ပဏီဒါရိုက်တာ ဒေါ်မြမဉ္ဇူ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

        ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဇော်မင်းနိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း

           Automatic Heating Mixer ၏ တည်ဆောက်သည့် နည်းပညာနှင့်ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူး၊ဒေါက်တာသီရိရွှေရည်ဝင်း မှ ရှင်းလင်းတင်ပြခြင်း

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဇော်မင်းနိုင်မှ

                                    Treasure Mya Co.,Ltd. သဘာဝရတနာ ဓနိဖူးခြောက်လုပ်ငန်း သို့ နည်းပညာအား လွှဲပြောင်းပေးအပ်ခြင်း

                                                                နည်းပညာလွှဲပြောင်းလက်ခံသူလုပ်ငန်းရှင်နှင့် မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း

                                         နည်းပညာလွှဲပြောင်းလက်ခံသူ MSME လုပ်ငန်းရှင် ဒေါ်မြမဉ္ဇူမှ ကျေးဇူးတင်စကားပြောကြားခြင်း