EV’s Battery Waste Management ဆိုင်ရာမူဝါဒ၊ သုတေသနစာတမ်းဖတ်ပွဲနှင့်Knowledge Sharing အခမ်းအနားအစီအစဉ်ကို (၂၅-၁-၂၀၂၄)ရက်နေ့ နံနက်(၁၁း၀၀) မှ (၁၂း၀၀)နာရီအထိ
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူး/ဌာနတာဝန်ခံများ၊ သုတေသနပညာရှင်များနှင့် ဖိတ်ကြား ထားသူများ
တက်ရောက်ခဲ့ကြပါသည်။
EV’s Battery Waste Management Policy(မူကြမ်း)နှင့် ပတ်သက်၍ ပြန်ပြည့်မြဲစွမ်းအင် နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်
မှလည်းကောင်း၊ ဘက်ထရီစွန့်ပစ်ပစ္စည်း မှ တန်ဖိုးမြှင့်ဒြပ်စင်များခွဲထုတ်ခြင်းနှင့် ပတ်သက်၍ အမျိုးသားဓါတ်ခွဲဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးလှိုင်မှ လည်းကောင်း၊ EV’s Waste
Lithium Battery လေ့လာခြင်းနှင့် ပြန်လည်အသုံးချခြင်း သုတေသနလုပ်ငန်းနှင့် ပတ်သက်၍ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးစောခူဆေးမှလည်းကောင်း Introduction to the Automotive Industry in the ASEAN Region, mainly in Indonesia နှင့်ပတ်သက်၍ အမျိုးသားစံချိန်စံညွှန်း နှင့် အရည်အသွေးဌာန
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မြဝင်း မှလည်းကောင်း တင်ပြဆွေးနွေးခဲ့ရာတက်ရောက်လာခဲ့သူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်း ပြောကြားနေပုံ
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာဖြူဖြူဝင်းမှ EV’s Battery Waste Management Policy(မူကြမ်း)နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးနေစဉ်
EV's Battery Waste Management ဆိုင်ရာ မူဝါဒ(မူကြမ်း)အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင် မှ အကြံပြုဆွေးနွေးနေစဉ်
EV's Battery Waste Management ဆိုင်ရာ မူဝါဒ(မူကြမ်:) အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းထွန်းမိုး မှ အကြံပြုဆွေးနွေးနေစဉ်
EV's Battery Waste Management Policy (မူကြမ်း) နှင့် ပတ်သက်၍ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ လှမျိုးအောင် မှ ရှင်းလင်းတင်ပြစဉ်
ဘက်ထရီစွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြှင့်ဒြပ်စင်များခွဲထုတ်ခြင်းနှင့် ပတ်သက်၍ အမျိုးသားဓာတ်ခွဲဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးလှိုင်မှ ရှင်းလင်းတင်ပြစဉ်
EV's Waste Lithium Battery လေ့လာခြင်းနှင့် ပြန်လည်အသုံးချခြင်း သုတေသနလုပ်ငန်းနှင့် ပတ်သက်၍ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ ညွှန်ကြားရေးမှူး ဦးစောခူစေး မှ ရှင်းလင်းတင်ပြစဉ်
Introduction to the Automotive Industry in the ASEAN Region, mainly in Indonesia နှင့်ပတ်သက်၍ အမျိုးသားစံချိန်စံညွှန်း နှင့် အရည်အသွေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မြဝင်း မှ ရှင်းလင်းတင်ပြစဉ်
ဓာတုနည်းပညာသုတေသန ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သဇင်ဟန် မှ သိရှိလိုသည်များကို မေးမြန်းစဉ်
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်