HPLC စက်ဖြင့်ဖျော်ရည်ထဲတွင် ပါဝင်သော Preservative Compounds တိုင်းတာခြင်း ဆိုင်ရာသင်တန်းဖွင့်ပွဲကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ( ၂၆)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(ရန်ကုန်)စုဝေးခန်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) အမျိုးသားဓါတ်ခွဲဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနတာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများ နှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အမျိုးသားဓါတ်ခွဲဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းထွန်းမိုးက အဖွင့်အမှာစကားပြောကြားစဉ်
အခမ်းအနားသို့တက်ရောက်လာသူများနှင့်အမှတ်တရစုပေါင်းဓာတ်ပုံ
သင်တန်းဆရာမများမှ သင်တန်းသားများအား စာတွေ့၊လက်တွေ့ သင်ကြားပြသနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်