သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် “ISO/ IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်း” ကို (၁၃-၉-၂၀၂၃) ရက်နေ့မှ (၁၄-၉-၂၀၂၃) ရက်နေ့အထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ စုဝေးခန်းမကြီး၌ In-person ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်းသည် ပြည်တွင်းရှိ ဓါတ်ခွဲခန်းများအား ဓာတ်ခွဲခန်းများ လိုက်နာရမည့် ISO/IEC 17025:2017 အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်၍ အသိအမှတ်ပြုလွှာ ရရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်းများ ကျင်းပခြင်းအားဖြင့် ပြည်တွင်းရှိဓါတ်ခွဲခန်းများသည် ဓာတ်ခွဲခန်းများ လိုက်နာရမည့် ISO/IEC 17025:2017 အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များအား သိရှိနားလည်လာခြင်း၊ ISO/IEC 17025 နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းများအဖြစ်ရောက်ရှိနိုင်ခြင်း၊ ဓာတ်ခွဲခန်းများ၏ အရည်အသွေး မြှင့်တင်နိုင်ပြီး ကုန်သွယ်မှုတွင်ကြုံတွေ့ရသည့် နည်းပညာဆိုင်ရာအတားအဆီးများကို လျှော့ချ နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါသည်။
အသိပညာပေးသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက ဓါတ်ခွဲခန်းများမှ ဘာသာရပ်သက်ဆိုင်သူ စုစုပေါင်း (၉၀) ဉီးခန့်တက်ရောက်ခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်ဆရာမကြီးမှအဖွင့်အမှာစကားပြောကြားနေပုံ
ညွှန်ကြားရေးမှူးချုပ်ဆရာမကြီး၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဆရာကြီးများတက်ရောက်လာသည့် ဆရာ၊ဆရာမများ၊ သင်တန်းသား/သူများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံ
ညွှန်ကြားရေးမှူးချုပ်ဆရာမကြီးမှ သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်နေပုံ
ဓာတ်ခွဲခန်းများအား ISO/IEC 17025: 2017 အသိအမှတ်ပြုလွှာပေးအပ်ခြင်း
သင်တန်းဆရာမများမှသင်ကြားပေးနေပုံ
သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်