Boarding of Advisors (BAC) to ASEAN Committee on Science , Technology of Innovation (COSTI) အထူးအစည်းအဝေးကို ဧပြီလ ၂၀ ရက် နံနက် (၈:၃၀ မှ ၁၁:၃၀ နာရီ)တွင် virtual ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာဖြူဖြူဝင်း(ညွှန်ကြားရေးမှူးချုပ်)သည် Boarding of Advisors to COSTI ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာဇော်မင်းနိုင်(ဒုတိယညွှန်ကြားရေးမှူးချုပ်) သည် Member of Sub-committee on Sustainable Energy Research (SCSER) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာထွန်းထွန်းမိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်) သည် Member of Sub-committee on Material Science and Technology (SCMST) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာသဇင်ဟန်(ညွှန်ကြားရေးမှူး) သည် Chair of Sub-committee on Science & Technology Infrastructure and Resources Development (SCIRD) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာကျော်စိုးလွင် (ညွှန်ကြားရေးမှူး) သည် Experts Group on Metrology (EGM) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာကေသွယ်ခိုင်(ဒုတိယညွှန်ကြားရေးမှူး) Member of Sub-committee on Science & Technology Infrastructure and Resources Development (SCIRD) ကိုယ်စားပြုအဖြစ် လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ BAC members များ၊ COSTI sub-committees (၉) ခုမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ဉက္ကဌအဖြစ် ဘရူးနိုင်းနိုင်ငံမှ BAC ကိုယ်စားလှယ်ဖြစ်သူမှ ဆောင်ရွက်ပြီး၊ sub-committees ဉက္ကဌများမှ ၎င်းတို့ကော်မတီအသီးသီး၏ လက်ရှိဆောင်ရွက် နေမှုများ ထပ်မံဆောင်ရွက်ရန်ရှိသည်တို့အား BAC ထံတင်ပြကြပြီး၊ အာဆီယံ BAC အဖွဲ့ဝင်များမှ အကြံဉာဏ်များပေးခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။ အာဆီယံနိုင်ငံတွင်း သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သော ASEAN Plan of Action on Science, Technology and Innovation (APASTI 2016-2025) အားတိုးတက်မှုရှိစေရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်နှင့် လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအခြေအနေများ အား သုံးသပ်ခြင်းနှင့် ရှေ့ဆက်ရမည့် APASTI 2026-2035 တို့အတွက် စီမံကိန်းများ၊ ပရိုဂရမ်များ၊ လုပ်ငန်းများ လျှာထားရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာသဇင်ဟန်(ညွှန်ကြားရေးမှူး) သည် Chair of Sub-committee on Science & Technology Infrastructure and Resources Development (SCIRD) အဖြစ်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်