logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

အမျိုးသားပို့ကုန်မဟာဗျူဟာရှိ အရည်အသွေး စီမံခန့်ခွှဲမှုကဏ္ဍ ၏ ရည်မှန်းချက် တစ်ခုဖြစ်သည့် အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ စည်းမျဉ်းမူဘောင် အားကောင်း လာစေရန် ရည်ရွယ်၍ အဆိုပါကဏ္ဍ၏ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် Inspection က စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရန် ရည်ရွယ်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့် Myanmar Food Laboratory Network တို့ပူးပေါင်း၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အထောက်အပံ့ဖြင့် Capacity Building for Inspection Training အား (၁၅-၅-၂၀၂၄) ရက်နေ့မှ (၁၇-၅-၂၀၂၄) ရက်နေ့အထိ အစည်းအဝေးခန်းမ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ အသေးစားစက်မှု လက်မှု လုပ်ငန်း ဦးစီးဌာနပြည်နယ်နှင့်တိုင်းအသီးသီးရှိဝန်ထမ်းများ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာနမှ ဝန်ထမ်းများ၊ Myanmar Food Laboratory Network အဖွဲ့ဝင်များ၊ သင်တန်းသား စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဒေါ်လဲ့လဲ့ဝင်း(ဒုတိယညွှန်ကြားရေးမှူး၊ အမျိုးသားစံချိန်စံညွှန်း နှင့် အရည်အသွေးဌာန)၊ ဒေါက်တာစုစုပိုင် (ဒုတိယညွှန်ကြားရေးမှူး၊ အစားအသောက်ဌာန၊ FDA)၊ ဒေါ်ဖြူဖြူဝင်း (Managing Director-Global Greatness Co.,Ltd)နှင့် ဦးထွန်းထွန်း(Technical Director-Global Greatness Co.,Ltd) တို့မှ Power Point Presentation များဖြင့်သင်ကြားခြင်း၊ သင်ခန်းစာများအား အုပ်စုလိုက်ဆွေးနွေးခြင်းတို့အပြင် ၁၇-၅-၂၀၂၄ ရက်နေ့တွင် မှော်ဘီမြို့နယ်ရှိ သီဟိုဠ်စေ့ထုတ်လုပ်သောစက်ရုံသို့ သွားရောက်ကာ   စက်ရုံအားစစ်ဆေးခြင်းဆိုင်ရာများအား လက်တွေ့ လေ့လာခဲ့ကြပါသည်။ သင်တန်းအား ၁၇-၅-၂၀၂၄ ရက်နေ့ ညနေတွင်  သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ သင်တန်းအစီအစဉ်အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

           သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်မှအဖွင့်အမှာစကားပြောကြားစဉ်

 

(၁၅-၅-၂၀၂၄) ရက်နေ့မှ (၁၇-၅-၂၀၂၄) ရက်နေ့အထိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင်  ကျင်းပပြုလုပ်ခဲ့သည့် “Capacity Building for Inspection Training” မှတ်တမ်းဓာတ်ပုံများ

    ၁၇-၅-၂၀၂၄ ရက်နေ့တွင် မှော်ဘီမြို့နယ်ရှိ သီဟိုဠ်စေ့ထုတ်လုပ်သောစက်ရုံသို့သွားရောက်လေ့လာခြင်း