logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

Hinthar Education/ Hinthar International School မှ ဆရာမကြီး ဒေါက်တာဖြူဖြူမြင့် ဦးဆောင်သော ဆရာ၊ ဆရာမများနှင့် ဆေးပညာဆိုင်ရာ ကျောင်းသား၊ ကျောင်းသူ (၃၂)ဦးအဖွဲ့တို့သည် အဆင့်မြင့်ပညာရေးကို အထောက်အကူပြုသည့် လက်တွေ့ဓာတ်ခွဲခန်း ပညာရပ် များလေ့လာရန်     သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ (၂၉-၅-၂၀၂၄) ရက်နေ့ နံနက် (၉:၃၀) နာရီတွင် လာရောက်ခဲ့ကြပါသည်။ လေ့လာရေးအဖွဲ့အား  သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် အမျိုးသားဓာတ်ခွဲခန်းရှိ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူး၊ ဌာနတာဝန်ခံများမှ အခမ်းအနားဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး Hinthar Education မှ ဆရာမကြီး ဒေါ်ဖြူဖြူမြင့်မှ အဆင့်မြင့်ဓာတ်ခွဲတိုင်းတာ ခြင်းနည်းပညာများအား လာရောက်လေ့လာခွင့်ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားဓာတ်ခွဲခန်းမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးလှိုင်မှ အမျိုးသားဓာတ်ခွဲခန်းရှိ ဌာနအသီးသီး၏ ဓာတ်ခွဲတိုင်းတာမှုများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ စုပေါင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ 

လေ့လာရေးအစီအစဉ်အရ  အမျိုးသားဓာတ်ခွဲခန်းရှိ ဒြပ်ပစ္စည်းဂုဏ်သတ္တိတိုင်းတာရေးဌာနခွဲ၊ ဓာတုဓာတ်ခွဲဌာနခွဲနှင့် ဒြပ်စင်ဓာတ်ခွဲဌာနခွဲများရှိ သွင်းကုန်ဓာတုပစ္စည်းများနှင့် ဓာတုကုန်ကြမ်းများ စစ်ဆေးပေးမှုများ၊ ရေအမျိုးမျိုးနှင့် အစားအစာများတွင် ပါဝင်သော ဒြပ်ပေါင်းများအား တိုင်းတာပေး မှုများနှင့် သဘာဝအပင်များမှ ထုတ်ယူသောအဆီများတွင် ပါဝင်သော ဒြပ်ပေါင်းများ ခွဲခြားပေးမှုများ စသည်တို့ကို ဌာနတာဝန်ခံများမှ လက်တွေ့ ရှင်းလင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာမှတ်သားခဲ့ကြပြီး    နံနက် (၁၁:၄၅) နာရီတွင် လေ့လာရေးအဖွဲ့သည် သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။ 

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားခြင်း

                                               အခမ်းအနားသို့ တက်ရောက်လာကြသူများ

                      လေ့လာရေးလာရောက်သည့် ကျောင်းသားကျောင်းသူများနှင့်အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း

                  X-ray Diffractometer (XRD) စက်ဖြင့် ဓာတ်ခွဲတိုင်းတာမှုများအား လက်တွေ့ ရှင်းလင်းပြသခြင်း

Fourier-Transform Infrared Spectroscopy (FTIR) စက်ဖြင့် ဓာတ်ခွဲတိုင်းတာမှုများအား လက်တွေ့ ရှင်းလင်းပြသခြင်း

Gas Chromatography – Mass Spectrometer (GC-MS) စက်ဖြင့် ဓာတ်ခွဲတိုင်းတာမှုများအား လက်တွေ့ ရှင်းလင်းပြသခြင်း

Atomic Absorption Spectrometer (AAS) စက်ဖြင့် ဓာတ်ခွဲတိုင်းတာမှုများအား လက်တွေ့ ရှင်းလင်းပြသခြင်း