ISO/IEC 17025:2017 : General requirements for the competence of testing and calibration laboratories ဓာတ်ခွဲခန်းဆိုင်ရာသင်တန်း အား (၁၁-၁၂-၂၀၂၅) ရက်နေ့မှ (၁၂-၁၂-၂၀၂၅)ရက် နေ့အထိ Online ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့်တီထွင် ဆန်းသစ်မှု မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ(၂)ရက်တာသင်တန်းသို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် Proven Technology Industry Co., Ltdတို့မှ သင်တန်းသားစုစုပေါင်း(၉၆)ဦး တက်ရောက်ခဲ့ပါသည်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှအဖွင့်အမှာစကားပြောကြားစဉ်


ISO/IEC 17025: 2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်းသို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)နှင့် Proven Technology Industry Co., Ltd တို့မှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့စဉ်
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်